မြန်မာ - ဂျပန် ညီလာခံအတွင်း ဂျပန်မှ အကူအညီများ ပိုမိုပေးရန်

...

မြန်မာ - ဂျပန် ညီလာခံအတွင်း ဂျပန်မှ အကူအညီများ ပိုမိုပေးရန်

အီလဲဗင်းမြန်မာ, 15 Dec 2013

URL: http://elevenmyanmar.com/politics/4449-japan-to-give-more-aids-during-myanmar-japan-summit
သမ္မတဦးသိန်းစိန် နှင့် ဂျပန် ဝန်ကြီးချုပ်ရှီဇိုအာဘေး တို့သည် မြန်မာ-ဂျပန် ညီလာခံကို တိုကျိုမြို့တွင်ကျင်းပမည် ဖြစ်ပြီး ဂျပန် မှ မြန်မာနိုင်ငံသို့ ချေးငွေများပိုမို ပေးရန်မျှော်လင့်ခဲ့ကြသည်၊၊

ညီလာခံအတွင်းတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးမှ ၂၀၁၄ ခုနှစ်တွင်ပြည့်မည် ဖြစ်သော မြန်မာနိုင်ငံ နှင့် ဂျပန်နိုင်ငံ ကြား သံတမန်ဆက်သွယ်ရေးတည်ထောင်မှု နှစ်ခြောက်ဆယ်ပြည့်နှစ်ပတ်လည်နေ့အကြောင်းဆွေးလိမ့်မည်ဖြစ်ပြီး ဂျပန်မှမြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ၊ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ခိုင်မာသောဥပဒေ၊ ဆေးပညာ နှင့် ကျန်းမာရေးအခန်းကဏၴ များ ပူးပေါင်းမြှင့်တင်ခြင်းတို့အတွက် ထောက််ပံ့သွားမည်ဖြစ်သည်၊၊

ညီလာခံသည် သီလဝါစီးပွားရေးအထူးစက်မှုဇုံ ဂျပန်ရင်းနှီးမြှုပ်နှံမှုများ၏အကောင်းဆုံးစိတ်ဝင်စားဖွယ်ရာတခုဖြစ်လိမ့်မည်ဖြစ်သည်၊၊

မြန်မာနိုင်ငံသို့ အခြေခံ အဆောက်အအုံများတည်ဆောက်ရာတွင် အကူအညီပေးရန် ချေးငွေ ယူအက်စ်ဒေါ်လာ ၅၈၅ မီလီယမ် (ဘီလီယမ် ယန်း၆၀) ချေးရန် ရှင်ဇိုအာဘေး ထံမှ ကတိရဖို့မျှော်လင့်ခဲ့ကြသည် ဟုကြာသာပတေးနေ့တိုကျိုသတင်း အစီရင်ခံစာတွင်ဖော်ပြခဲ့သည်၊၊

သမ္မတဦးသိန်းစိန်သည် ဂျပန်-မဲခေါင်ညီလာခံ နှင့် မြန်မာဂျပန်ညီလာခံကို၂၀၁၂ ဧပရယ်လတွင် တက်ရောက်ခဲ့ပြီး နာလည်မှုသဘောတူစာချုပ်သုံးစောင် ဖြစ်သော (MoU) တွင် ဂျပန်အစိုးရမှ မြန်မာအစိုးရသို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ထောက်ပံ့ရေးအစီအစဥ်များ၊ သီလဝါစီးပွားရေး အထူးစက်မှုဇုန်၏ အဓိက စီမံကိန်းဖွံ့ဖြိုးတိုးတက်မှုတွင် MoU ပူးပေါင်းဆောင်ရွက်ခြင်းများ နှင့်MoU ၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများရှိ လမုပင်တောအုပ်များ၏ ပြန်လည် တည်ထောင်မှု အတွက်သဘာဝဘေးအန္တရယ်များကိုရင်ဆိုင်ကာကွယ်တိုင်းတာရန်ဂျပန်၏ထောက်ပံ့မှုများတွက်လက်မှတ်ရေးထိုးခဲ့သည်၊၊

ဂျပန်မှ မြန်မာပြုပြင်ရေးလုပ်ငန်းများအတွက်အကြွေးယူအက်စ်ဒေါ်လာ ၂ ဘီလီယမ် နီးပါးချေပစ်ခြင်းအားဖြင့်အတည်ပြုခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးများ နှင့် ဆင်းရဲမှုလျော့ပါးရေးများအတွက်ပိုပြီးအထောက်အကူများရလာအောင်ထောက်ပံ့ပေးခဲ့သည်၊၊