ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၌ပါဝင်ခွင့်ရရန်လွှတ်တော်အမတ်များတောင်းဆို

...

ငြိမ်းချမ်းရေးဆောင်ရွက်မှုများ၌ပါဝင်ခွင့်ရရန်လွှတ်တော်အမတ်များတောင်းဆို

Irrawaddy News, 25 Feb 2014

URL: http://www.irrawaddy.org/burma/lawmakers-demand-participation-peace-process.html
လက်ရှိဆောင်ရွက်နေသောပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လွှတ်တော်ကဖွဲ့စည်းထားသည့်တိုင်းရင်းသားရေးရာနှင့်ပြည်တွင်း
ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကပါဝင်ဆောင်ရွက်ခွင့်ရရှိရန်ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းထံတောင်းဆိုထားကြောင်းသိရသည်။

ငြိမ်းချမ်းဆွေးနွေးမှုများတွင်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကအမည်သာပါရှိပြီးငြိမ်းချမ်းရေးတွင်မည်သည့်လုပ်ငန်းမျှဆောင်
ရွက်ခွင့်မရရှိသည့်အပေါ်လွှတ်တော်ကိုယ်စားလှယ်များကပါဝင်ခွင့်ရရှိရန်တောင်းဆိုခြင်းဖြစ်ကြောင်းယင်းကော်မတီဝင်လှိုင်းဘွဲမြို့နယ်ပြည်
သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစောသိန်းအောင်ကဧရာဝတီသို့ပြောသည်။

နိုင်ငံတော်သမ္မတရုံးတွင်ယနေ့ကျင်းပသည့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေးတွင်တိုင်းရင်းသာရေး
ရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီကလွှတ်တော်ကိုယ်စားလှယ်များကမေးခွန်းထုတ်ခဲ့ကြပြီးနောက်ယခုကဲ့သို့တောင်းဆို
ခြင်းဖြစ်ကြောင်း၎င်းကပြောဆိုသည်။

ဒုသမ္မတဦးဆောင်ဖွဲ့စည်းထားသည့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်လုပ်ငန်းကော်မတီသည်အစည်းအဝေးနှစ်​ကြိမ်သာလုပ်ဆောင်နိုင်
သေးပြီးမည်သည့်လုပ်ဆောင်ချက်မှမရှိသေးကြောင်း၊အစည်းအဝေးများတွင်သမ္မတရုံးဝင်ကြီးဦးအောင်မင်း၏ရှင်းလင်းပြောဆိုချက်များကို
သာနားထောင်နေရုံသာရှိနေကြောင်းယနေ့အစည်းအဝေးတက်ရောက်ခဲ့သောလွှတ်တော်ကိုယ်စားလှယ်များကပြောဆိုကြသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများလွှတ်တော်သာမကဘဲပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များအနေဖြင့်လည်းပါဝင်ခွင့်ရလိုကြောင်း၊ပြည်တွင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ်များနှင့်သတင်းအချက်အလက်များပင်မသိရှိရသောကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင်သတင်းအချက်အ
လက်များပို့ပေးရန်တောင်းဆိုခဲ့ကြသည်ဟုလွှတ်တော်ကိုယ်စားလှယ်များကဆိုသည်။

“ဆွေးနွေးပွဲတွေမှာပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရောလွှတ်တော်အပိုင်းကရောအားလုံးမပါနိုင်သေးတဲ့အခါကျတော့ဘယ်အဆင့်
ဘယ်ကဏ္ဍရောက်နေပြီဆိုတာမသိကြဘူး၊ပွဲတွေမှာမပါနိုင်လည်းဘဲသူတို့ဆီကိုအချက်အလက်လေးတွေပို့ပေးဖို့အချို့ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်​​
တွေတောင်းဆိုကြတယ်၊လွှတ်တော်ပိုင်းအနေနဲ့ကထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ဖို့မလွယ်သေးဘူးသူတို့ခေါ်မှပဲပါရမှာ”ဟု​တိုင်းရင်းသားရေးရာနှင့်
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအတွင်းရေးမှူးဒေါ်ဒွဲဘူကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်လုပ်ငန်းကော်မတီကို၂၀၁၂ခုနှစ်မေလ၃ရက်တွင်ဒုသမ္မတစိုင်းမောက်ခမ်းကဥက္ကဌအဖြစ်တာဝန်ယူပြီးကာ
ကွယ်ရေးဝန်ကြီးဌာနအပါအဝင်ပြည်ထောင်စုဝင်ကြီးများ၊တိုင်းဒေသကြီးများနှင့်ပြည်နယ်ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပညာရှင်များ
စသည်ဖြင့်ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

“လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့အစိုးရကဆွေးနွေးတဲ့အခါမှာလွှတ်တော်ထဲကိုရောက်နေတဲ့ကျွန်​တော်​တို့တိုင်းရင်းသားတွေကိုလည်းဖိတ်ခေါ်
ဖို့ပြောခဲ့တယ်၊အားလုံးပါဝင်နိုင်ပြီးတော့တစုတစည်းတည်းအခုကတည်း​ကပါဝင်နိုင်မယ်ဆိုရင်တော့နားလည်မှုရင်းနှီးမှုတွေရမယ်၊နောက်ပိုင်းနိုင်
ငံရေးဆွေးနွေးတဲ့အခါမှာပိုပြီးတော့လွယ်လွယ်ကူကူဆွေးနွေးနိုင်မယ့်အနေအထားမျိုးဖြစ်အောင်တောင်းဆိုခဲ့တယ်”ဟုဒေါ်ဒွဲဘူကပြောသည်။

တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏တောင်းဆိုမှုများကိုဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းကဆန္ဒမစောကြရန်နှင့်ငြိမ်းချမ်းရေးဖော်ဆောင်
ရေးလုပ်ငန်းများတွင်ပါဝင်ခွင့်ရရန်ဆောင်ရွက်ပေးမည်ဟုပြန်လည်ပြောဆိုခဲ့ကြောင်းသိရသည်။