ကျပ်သုံးဘီလီယမ်ကျော်အသုံးပြုပြီးဖားဆောင်း-မော်ချီးကားလမ်း၂၀၁၅ခုနှစ်တွင်အပြီးတည်ဆောက်မည်

...

ကျပ်သုံးဘီလီယမ်ကျော်အသုံးပြုပြီးဖားဆောင်း-မော်ချီးကားလမ်း၂၀၁၅ခုနှစ်တွင်အပြီးတည်ဆောက်မည်

kantarawaddy, 08 Mar 2014

URL: http://www.ktimes.org/index.php/news/861-2014-03-08-14-53-28
(၂၀၁၄)ခုနှစ်အတွက်ဘတ်ဂျက်ငွေတစ်ဒသမခြောက်ဘီလီယမ်(ကျပ်သန်းပေါင်းတစ်ထောင့်ခြောက်ရာ)ရရှိထားပြီးဖြစ်သည်ဟုကယားပြည်နယ်
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာနကပြည်နယ်အင်ဂျင်နီယာမှူးကြီးဦးခင်မောင်ဖြူကကန္တရဝတီတိုင်း(မ်)သို့ပြောခဲ့သည်။

သူက“ဒီလမ်းကိုပြင်ဖို့(၂၀၁၄)(၂၀၁၅)ဘတ်ဂျက်နှစ်ခုခွဲပြီးတည်ဆောက်သွားမှာပါ၊အခုလောလောဆယ်တော့(၂၀၁၄)အတွက်ဘတ်ဂျက်ငွေတစ်ဒသမခြောက်ဘီ
လီယမ်ရရှိထားပါပြီ။လာမယ့်လထဲမှာလုပ်ငန်းတွေစတင်တော့မှာပါ”ဟုဆိုသည်။

မော်ချီးဒေသလိုခါးလိုဒေသခံတဦးဖြစ်သည့်စောသောသီက“ဒီလမ်းကိုပြင်သင့်တာကြာပြီလေမော်ချီးမှာကခဲတွေတအားထွက်နေတာအစိုးရအတွက်ပဲ
လေအစိုးရကပြည်သူတွေအတွက်ပြန်လုပ်ပေးသင့်တာပေါ့”ဟုပြောသည်။

အဆိုပါလမ်းကိုပြင်ဆင်ရန်အတွက်ယခင်နှစ်များကJICAချေးငွေရရှိမှာဖြစ်သည်ဟုပြည်ထောင်စုအစိုးရကပြောကြားခဲ့သော်လည်းအကောင်အထည်
မဖော်သည့်အတွက်ယခုလိုပြည်ထောင်စုဘတ်ဂျက်ငွေကိုအသုံးပြုရတာဖြစ်ကြောင်းဦးခင်မောင်ဖြူကဆက်ပြောသည်။

သူကအရင်ကတော့ဂျပန်အဖွဲ့ဖြစ်တဲ့JICAကချေးငွေထုတ်ပေးမယ်လို့ပြောခဲ့တာလေ၊ပြီးခဲ့တဲ့တစ်လောတုန်းကနေပြည်​တော်မှာအစည်းအဝေးသွားတက်တော့
ဂျပန်ကချေးငွေမပေးတော့ဘူးလို့ပြောတယ်၊ဒါကြောင့်ကျွန်တော်တို့လဲပြည်ထောင်စုဘတ်ဂျက်ငွေချပေးဖို့တောင်းဆိုခဲ့တာဖြစ်တယ်ဟုရှင်းပြသည်။

လမ်းဖောက်သည့်နေရာမှာလမ်းအကျယ်ကို(၃၂)ပေချဲ့သွားမှာဖြစ်ပြီး(၁၂)ပေအကျယ်ကတ္တရာလမ်းခင်းသွားမည်ဖြစ်သည်ဟုဆိုသည်။၂၁မိုင်ရှိသည့်အဆိုပါ ကားလမ်းကိုကိုလိုနီအစိုးရလက်ထက်ကတည်းကဖောက်လုပ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံအစိုးရအဆက်ဆက်လက်ထက်မှာအသေးစားပြန်လည်ပြင်ဆင်မှုတွေ
သာရှိခဲ့သည့်အတွက်မိုးရာသီကာလမှာသွားရေးလာရေးအလွန်ခက်ခဲသည်ဟုသိရသည်။

မော်ချီးသတ္တုတွင်းမိုင်းဟာမြန်မာနိုင်ငံသတ္တုတွင်းများထဲကအကြီးဆုံးသတ္တုတွင်းမိုင်းတခုဖြစ်ပြီးခဲအများဆုံးထွက်သည့်ဒေသဖြစ်ကြောင်းသိရသည်။