ငြိမ်းချမ်းရေးရှေ့ဆက်ဆွေးနွေးမှုများအတွက်အစိုးရနှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှကော်မတီသစ်ဖွဲ့စည်းရန်

...

ငြိမ်းချမ်းရေးရှေ့ဆက်ဆွေးနွေးမှုများအတွက်အစိုးရနှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှကော်မတီသစ်ဖွဲ့စည်းရန်

Irrawaddy News, 10 Mar 2014

URL: http://www.irrawaddy.org/burma/govt-ethnic-rebels-form-new-committee-push-peace-talks-forward.html
မြန်မာအစိုးရတပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးရရှိရန်အတွက်စာချုပ်မူကြမ်းရေးဆွဲရာတွင်ပူးတွဲ
ကော်မတီဖွဲ့စည်းရန်ဘောတူညီခဲ့ကြသည်။တ​နင်္လာ​နေ့တွင်ထုတ်ပြန်ခဲ့သောထိုကြေငြာချက်တွင်တိုင်းရင်းသားအုပ်စုများ၏တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးဖွဲ့(NCCT)နှင့်အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး​လုပ်ငန်းကော်မတီတို့မှအစိုးရနှင့်တိုင်းရင်းသားအဖွဲ့များမှအသင်း ဝင်ဦးရေညီတူညီမျှပါဝင်သောပူးတွဲကော်မတီကိုဖွဲ့စည်းမည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

ရန်ကုန်တွင်နိုင်းဟောင်ဆောင်ဦးဆောင်သောNCCTကိုယ်စားလှယ်အဖွဲ့များနှင့်ဝန်ကြီးဦးအောင်မင်းဦးဆောင်သောအစိုးရငြိမ်းချမ်းရေးအဖွဲ့နှစ်ဖွဲ့အတွင်း
နှစ်ရက်တာပြုလုပ်သောအစည်းအဝေးတွင်ထိုသဘောတူညီချက်ရရှိလာခြင်းဖြစ်သည်။ယခုထိကော်မတီအဖွဲ့ဝင်(၁၈)ယောက်ရွေးချယ်ထားခဲ့သည်။သို့သော်
လည်းအစိုးရဘက်မှအဖွဲ့ဝင်အနေဖြင့်စစ်တပ်မှတပ်မှူးများ၊လွှတ်တော်အမတ်သုံးဦးနှင့်အစိုးရအဖွဲ့အရာရှိသုံးဦးတို့စသည်တို့အားထည့်သွင်းစဉ်တွင်တိုင်းရင်း
သားဘက်မှခေါင်းဆောင်ကိုးဦးထည့်သွင်းမည်ဖြစ်ကြောင်းအစိုးရအကြံပေးပုဂ္ဂိုလ်များမှသြဇာရှိသူတဦးဖြစ်သည့်မြန်မာငြိမ်းချမ်းစင်တာမှဦးလှမောင်ရွှေ
ပြောကြားခဲ့သည်။

တိုင်းရင်းသားအုပ်စုများနှင့်အစိုးအဖွဲ့တို့မှတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုကိုက်ညီမှုရှိရန်အတွက်၎င်းတို့နှစ်ဘက်စလုံးမှတင်ပြလာသော
စာချုပ်မူကြမ်းကိုနှစ်ဖက်စလုံးပူးပေါ​င်းပြီးမူကြမ်းတခုရေးဆွဲနိုင်ရန်အတွက်ပူးတွဲကော်မတီသစ်မှကြိုးပမ်းကူညီပေးရန်ဖြစ်သည်။ပူးတွဲကော်မတီသစ်သည်တနိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက်အခြေခံဥပဒေရေးဆွဲရာတွင်နှစ်ဖက်စလုံးမှအယူအဆများကိုအကောင်အထည်ဖော်ရန်အစီစဉ်အရေးဆွဲခဲ့ကြ သည်ဟုNCCTဥက္ကဌနိုင်ဟောင်ဆောင်မှပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌မတ်လ(၁၉-၂၀)တွင်ပြုလုပ်မည်ဖြစ်သောNCCTအစည်းအဝေးအတွင်းတွင်ကော်မတီအသစ်အတွက်တိုင်းရင်းသားကိုယ်စားလှယ်ကိုးဦးကိုရွေးချယ်
မည်ဖြစ်ကြောင်း၎င်းမှထပ်မံပြောဆိုလိုက်သည်။

NCCTသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ကိုကိုယ်စားပြုထားခြင်းဖြစ်သည်ကော်မတီသစ်သည်တနိုင်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပြုစုရေး
ကိုစတင်ညှိနှိုင်းဆွေးနွေးရန်အတွက်မတ်လနောက်ဆုံးထား၍ထပ်မံတွေ့ဆုံမည်ဖြစ်သည်။အကြိုပဏာမသဘောတူညီမှုတစ်ကြိမ်ရရှိပြီးရေရှည်အစီအစဉ်များရေး
ဆွဲ​ခြင်းကရင်ပြည်နယ်မြို့ တော်ဖြစ်သောဘားအံမြို့ တွင်ပြုလုပ်သောနိုင်ငံတဝှမ်းအပစ်ရပ်စဲရေးဆွေးနွေးမှုများကိုဆက်လက်၍အဆင့်မြှင့်ဆွေးနွေးခြင်းများရှိမည်
ဟု​၎င်းမှ​ပြော​ကြား​ခဲ့​သည်။သို့သော်လည်းကော်မတီသစ်အတွက်နိုင်ငံတဝှမ်းအပစ်ရပ်စဲရေးစာချုပ်မူကြမ်းကိုပြုလုပ်ရာတွင်အချိန်ဘယ်လောက်ယူမည်ဆိုတာကို
ရှ​င်းလင်းမှုမရှိခဲ့ကြောင်းNCCTဥက္ကဌနိုင်းဟောင်ဆောင်မှပြောခဲ့သည်။

၎င်းမှဆက်လက်၍NCCTတွင်မပါဝင်သောရှမ်းပြည်နယ်တောင်ပိုင်းစစ်တပ်နှင့်“ဝ”စစ်တပ်ကဲ့သို့သောအချို့သောတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကိုလည်း
ကော်​မတီသစ်အစည်းအဝေးတွင်တက်ရောက်ရန်ဖိတ်ကြားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။