မယ်လဒုက္ခသည်စခန်းမီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွား၊အိမ်ခြေ(၅၀)ပျက်စီး

...

မယ်လဒုက္ခသည်စခန်းမီးလောင်ကျွမ်းမှုထပ်မံဖြစ်ပွား၊အိမ်ခြေ(၅၀)ပျက်စီး

Democratic Voice of Burma, 25 Mar 2014

URL: http://www.dvb.no/dvb-video/50-homes-destroyed-in-mae-la-refugee-camp-fire-burma-myanmar/38922
ထိုင်းမြန်မာနယ်စပ်ရှိမယ်လဒုက္ခသည်စခန်းတွင်တနင်္လာနေ့ည၌မီးလောင်ကျွမ်းမှုဖြစ်ပွားရာအိမ်ခြေ၁၉လုံးပျက်စီးဆုံးရှုံးခဲ့ပြီးအိမ်ခြေ(၃၁)လုံးကိုမီးလောင်
ကျွမ်းမှုမှကူးစက်မှုမရှိစေရန်အတွက်ဖြိုချပစ်ခဲ့ရသည်ဟုစခန်းအာဏာပိုင်များမှDVBသို့ပြောကြားခဲ့သည်။

မယ်လစခန်းကော်မတီမှစောသာကဲယ်၏ပြောကြားချက်အရထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။

“ဇုန်ဘီမှာညကိုးနာရီလောက်ကဖရောင်းတိုင်မီးကြောင့်မီးလောင်ကျွမ်းမှုဖြစ်တာပါ”ဟု၎င်းမှပြောဆိုခဲ့သည်။

မိနစ်သုံးဆယ်ကြာပြီးနောက်မီးသတ်ကားများရောက်ရှိလာကာည၁၀နာရီလောက်တွင်မီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ခဲ့သည်ဟု၎င်းမှပြောခဲ့သည်။

ယခုအခါလူအယောက်(၃၀၀)နီးပါးအိုးမဲ့အိမ်မဲ့ဖြစ်သွားကာစခန်းထဲတွင်ရှိသောဆွေမျိုးတော်စပ်သူများနှင့်သူငယ်ချင်းများထံတွင်သွားရောက်နေထိုင်နေ
ကြပြီးစခန်းတွင်အများအားဖြင့်ကရင်ဒုက္ခသည်တိုင်းရင်းသားများဖြစ်ကြသည်။

သစ်နှင့်ဝါးထောင်ချီ၍တည်ဆောက်ထားသောတဲအိမ်များသည်နီးကပ်လွန်းစွာတည်ရှိသောအနေအထားတို့ကြောင့်မယ်လစခန်းသည်မီးလောင်ကျွမ်းမှုနှင့်မ
စိမ်းတော့ချေ။၂၀၁၂ခုနှစ်ဧပြီလနှင့်၂၀၁၃ခုနှစ်ဒီဇင်ဘာလတွင်မီးတောက်လောင်ကျွမ်းမှုကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ရသည်။