အပစ်အခတ်ရပ်စဲရေးသည်နိုင်ငံရေး ဆွေးနွေးမှုများထက်ပို၍အရေးကြီးသည်

...

အပစ်အခတ်ရပ်စဲရေးသည်နိုင်ငံရေး ဆွေးနွေးမှုများထက်ပို၍အရေးကြီးသည်

mizzima, 29 Mar 2014

URL: http://www.bnionline.net/index.php/news/mizzima/16885-ceasefire-has-priority-over-political-dialogue-military-chief.html
နှစ်ဖက်စလုံးအတွင်း၌နိုင်ငံရေးဆွေးနွေးမှုများပြီးနောက်ပိုင်းတွင်အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘော
တူညီမှုစာချုပ်ကိုဦးစားပေးဆောင်ရွက်ရမည်ဟုနေပြည်တော်တွင်မတ်လ(၂၇)ရက်နေ့၌ကျင်းပသောတပ်မတော်နေ့တွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်မှူးကြီးမင်း
အောင်လှိုင်မှ၎င်း၏မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင်အ​ပစ်​အ​ခ​တ်​ရပ်​စဲ​ရေး​ကို​ဦး​စွာမ​ဆောင်​ရွက်​ပဲ​နိုင်​ငံ​ရေး​ဆွေး​နွေး​ပွဲ​များ​ဆောင်​ရွက်​နေ​လျှင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှောင့်နှေးလိမ့် မည်ဟုတပ်မတော်နေ့နှစ်ပတ်လည်စစ်ရေးကျင်းပမှုများပြီးနောက်၎င်းမှမိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ထင်မြင်ချက်အမျိုးမျိုးတွေဟာဆွေးနွေးမှုတွေကိုနှောင့်နှေးစေနိုင်ပါတယ်၊ပြီးတော့သဘောတူစာချုပ်ကိုတောင်ထိခိုက်စေနိုင်ပါတယ်၊ဒါမှမဟုတ်လက်နက်ကိုင်ပဋိပက္ခတွေ
ကိုအသစ်ပြန်လည်ဦးတည်နိုင်ပါတယ်”ဟုဗိုလ်မှူးကြီးမင်းအောင်လှိုင်မှပြောကြားခဲ့သည်။

“လက်နက်ကိုင်ပဋိပက္ခတွေကိုအဆုံးသတ်ဖို့ဆိုတာတဆင့်ပြီးတဆင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်၊နောက်ပြီးတော့အခုအရေးကြီးဆုံးအဆင့်ဟာတနိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ပါ
ပဲ”ဟု၎င်းမှပြောကြားခဲ့သည်။

“အမြဲတမ်းငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုထိန်းသိမ်းစောင့်ရှောက်ပြီးတော့နိုင်ငံသားတိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များကိုတရားဥပဒေဘောင်အတွင်းပြန်လည်ခေါ်ဆောင်ရပါမယ်”

မတ်လ(၂၇)ရက်နေ့တွင်တယ်လီဖုန်းအင်တာဗျူးတခု၌ကယန်းနယ်မြေသစ်ပါတီမှဗိုလ်မှူးကြီးစောလွင်ကနိုင်ငံရေးဆွေးနွေးမှုများမှတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကွဲကွာ
သွားမှာကိုသူမလိုလားကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အပစ်အခတ်ရပ်စဲရေး​အ​ရင်​လုပ်​တယ်​ဆို​ရင်​လည်း​နိုင်​ငံ​ရေး​ပြဿ​နာကို​​ဘယ်​လို​ဖြေ​ရှင်း​မယ်​ဘယ်​ကအ​ချိန်​မှာ​ဖြေ​ရှင်း​မယ်​ဆို​တာ​ကို​ထ​ည့်သွင်းသင့်ပါတယ်”ဟု
ဗိုလ်မှူးစောလွင်မှပြောဆိုခဲ့သည်။

နိုင်ငံရေးဆွေးနွေးမှုများအတွက်အကြိုသဘောတူညီမှုသည်အပစ်အခတ်ရပ်စဲရေး၏တစိတ်တပိုင်းသာဖြစ်သင့်သည်ဟုရခိုင်အမျိုးသားပါတီမှဦးအေးသာအောင်မှလည်းပြော
ဆိုလိုက်သည်။
“အပစ်အခတ်ရပ်စဲရေးရပြီးသုံးလလောက်ဆို​နိုင်​ငံ​ရေး​ဆွေး​နွေး​ပွဲ​စ​ဖို့​သင့်တော်ပါလိမ့်မယ်”ဟု(၂၇)ရက်နေ့၊မဇ္စျိမတယ်လီဖုန်းအင်တာဗျူးတွင်၎င်းမှပြောဆိုခဲ့သည်။

ဧပြီပထမအပတ်တွင်၎င်းတို့မှအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းတခုရေးဆွဲရန်အတွက်ပူးတွဲကော်မတီဖွဲ့စည်းရန်သဘောတူညီခဲ့သည်ဟုနှစ်ရက်တာဆွေးနွေးမှုများ
ပြီးနောက်ပိုင်းတွင်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအဖွဲ့သည် ရန်ကုန်မြို့၌မတ်လ(၁၀)ရက်နေ့တွင်ကြေငြာခဲ့သည်။

သဘောတူစာချုပ်ကိုလက်မှတ်ထိုးပြီးနောက်နှစ်ဖက်စလုံးမှအပစ်အခတ်ရပ်စဲရေးကိုအရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ရန်အတွက်နှင့်နိုင်ငံရေးဆိုင်ရာအချီချဆွေးနွေးရန်အ
တွက်ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်းဆွေးနွေးမှုများပြီးနောက်ပူးတွဲထုတ်ပြန်ချက်တခုတွင်ပြောခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်စိန်မှမတ်လ(၂၆)ရက်နေ့တွင်နိုင်ငံတော်မှအပ်နှင်းသော၎င်း၏သုံးနှစ်မြောက်နှစ်မြောက်နှစ်ပတ်လည်နေ့၌နိုင်ငံတော်အသံလွှင့်ရာတွင်အပစ်အခတ်ရပ်စဲရေးကိုရည်
ရွယ်ပြောဆိုခဲ့သည်။

“အစိုးရမှတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့တနိုင်ငံလုံးငြိမ်းချမ်းရေးသဘောတူညီချက်ကိုမကြာမီမှာလက်မှတ်ရေးထိုးဖို့အတွက်သဘောတူညီမှုများရထားနှင့်ပါပြီ”ဟု
ဦးသိန်းစိန်မှပြောကြားခဲ့သည်။