မွန်ပြည်နယ်တောင်ပိုင်းတပ်သိမ်းမြေဧက ၈၀၀ ကျော်ပြန်ပေးပြီ

...

မွန်ပြည်နယ်တောင်ပိုင်းတပ်သိမ်းမြေဧက ၈၀၀ ကျော်ပြန်ပေးပြီ

Mizzima Daily, 02 Apr 2014

URL: http://www.thithtoolwin.info/2014/04/blog-post_2872.html
မွန်ပြည်နယ်တောင်ပိုင်း၊ရေးမြို့နယ်တွင်အခြေစိုက်ထားသည့်စစ်တပ်များမှသိမ်းယူထားသည့်ဒေသခံလယ်ယာမြေများအနက်လယ်မြေဧက၈၀၀ကျော်ကိုမူလပိုင်ရှင်များထံပြန်လည် ပေးအပ်ခဲ့သည်ဟုမွန်ပြည်နယ်မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီထံမှသိရသည်။
ရေးမြို့နယ်၊အံဒင်ကျေးရွာ၊ဒူယားကျေးရွာ၊တူးမြောင်းကျေးရွာ၊နှစ်ကရင်ကျေးရွာနှင့်ဘေလမိုင်ကျေးရွာများရှိတပ်ရင်းလေးရင်းမှသိမ်းဆည်းထားသည့်မြေဧက(၈၈၇.၃၈)ဧကကိုမူ
လပိုင်ရှင်များထံပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုမြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီဥက္ကဌ(မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး)ဦးအောင်ချိုကပြောသည်။
မွန်ပြည်နယ်အတွင်းစစ်တပ်မှသိမ်းဆည်းထားခဲ့သည့်မြေများအနက်စိုက်ပျိုးအသုံးပြုထားခြင်းမရှိသည့်လယ်ယာမြေများကိုမူလမြေပိုင်ရှင်များထံသို့ပြန်လည်ပေးအပ်လျှက်ရှိကာမော်
လမြိုင်ခရိုင်အတွင်းဧက၂,၀၀၀ကျော်ပြန်လည်ပေးအပ်ရန်ရှိကြောင်း၎င်းကပြောသည်။
သို့သော်စစ်တပ်မှပြန်လည်ပေးအပ်သည့်မြေပမာဏသည်သိမ်းဆည်းထားခဲ့စဉ်ကပမာဏထက်နည်းပါးပြီးအသိမ်းခံရသည့်မြေပိုင်ရှင်အားလုံးပြန်လည်မရရှိသေးကြောင်းအသိမ်းခံရ
သည့်မြေပိုင်ရှင်များထံမှသိရသည်။
သိမ်းထားစဉ်ကပမာဏလောက်ပြန်မရဘူး။တချို့ဆိုလုံးဝကိုပြန်မရဘူး။ပြန်ရတဲ့လူမှရတာ။တပ်ကသိမ်းထားပြီးတော့ဘာမှမလုပ်ဘူး။တချို့ဆိုသီးစားပြန်ချစားတယ်။သက်သက်ဘာမှ
မလုပ်ပဲသိမ်းထားပြီးအခုမှပြန်ပေးတာ။
“ဘယ်လိုပဲဖြစ်ဖြစ်နည်းနည်းပြန်ရတာကောင်းတာပါပဲ”ဟုရေးမြို့နယ်မှအသိမ်းခံရသည့်မြေပြန်လည်ရရှိထားသူတစ်ဦးကပြောသည်။ရေးမြို့နယ်အတွင်းရှိမြေသိမ်းဆည်းမှုအခြေအနေသည်စစ်တပ်မှအများစုသိမ်းထားသည့်မြေများဖြစ်ကြောင်းလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းစစ်ဆေးရေးကော်မ
ရှင်အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိမြင့်သန်းကပြောခဲ့သည်။မွန်ပြည်နယ်တွင်ရေး၊သံဖြူဇရပ်၊ကျိုက်မရောမြို့နယ်နှင့်ရေဖြူမြို့နယ် တို့၌တပ်အသစ်ချရန်နှင့်တပ်တွင်းစီးပွာရေးအ တွက်မြေယာသိမ်းဆည်းမှုသည်၂၀၀၀-၂၀၀၅ခုနှစ်ကာလအတွင်းအဆိုးဆုံးအခြေအနေဖြစ်ခဲ့ပြီး၂၀၁၁ခုနှစ်အထိမြေဧကပေါင်း၂၀,၀၀၀ကျော်သိမ်းဆည်းခဲ့သည်ဟုမွန်ပြည်လူ့အခွင့်
အရေးဖောင်ဒေး(HURFOM)ရှင်းထုတ်ပြန်ထားသည်။