အန္တရယ်များ​ပုန်းခို​နေသည့်မြန်မာပြည်

...

အန္တရယ်များ​ပုန်းခို​နေသည့်မြန်မာပြည်

Karen News, 04 Apr 2014

URL: http://karennews.org/2014/04/burmas-hidden-dangers.html/
ထိုင်း-မြန်မာနယ်စပ်ရှိမယ်တော်ဆေးခန်း၏ခြေလက်အင်္ဂါအတုတပ်ဆင်သောဌာနတွင်ဆယ်ရာစုခြောက်စုထက်မနည်းဆက်လက်ဖြစ်ပွားနေသောလက်နက်ကိုင်အဖွဲ့အစည်းများ၏ပဋိပက္ခဖြစ်
ပွားမှုကိုသက်သေသက္ကာယများဖြစ်ကြသည့်မြန်မာနိုင်ငံမှထိခိုက်မှုကြောင့်လာရောက်ကြသောလူနာအများစုသည်မြေမြှုပ်မိုင်းဒဏ်ခံရမှုကြောင့်ဖြစ်သည်။

အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သည်မယ်တော်ဆေးခန်း၏ခြေလက်အင်္ဂါအတုတပ်ဆင်ပေးသောဌာနတွင်၎င်းတို့၏ခြေထောက်အသစ်ပုံစံယူနေသည်ကိုတိတ်ဆိတ်ငြိမ်သက်စွာထိုက်
လျက်ကြည့်ရှု့နေကြသည်။အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သည်ကရင်ပြည်နယ်၌မြေမြှုပ်မိုင်းပေါ်တွင်ရပ်ခဲ့မိသောကြောင့်ခြေတဖက်စီပျက်စီးခဲ့ရသည်။

ဖေဖော်ဝါရီလမှစ၍ခြေလက်အင်္ဂါအတုတပ်ဆင်ပေးသောဌာန၏ကြေငြာသင်ပုန်းတွင်အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်အပါအဝင်လာရောက်ပြသခဲ့သောလူနာ၅၄ယောက်၏အ
မည်များကိုဖော်ပြထားပြီးထိုအခြေအနေတွင်၎င်းတို့ထဲမှ(၅၂)ယောက်သည်မြေမြှုပ်မိုင်းကြောင့်ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရသည်။အသက်(၃၈)နှစ်အရွယ်ရှိစောဒယ်လ်နီရယ်သည်မယ်တော်ဆေးခန်း
၌ခြေတုလက်တုပြုလုပ်နေသည်မှာခုနစ်နှစ်ရှိပြီဖြစ်သည်။ဇာတိသည်မြန်မာနိုင်ငံ၊ဘားအံမှဖြစ်ပြီး၎င်းသည်ထိုင်းနိုင်ငံသို့လွန်ခဲ့သောကိုးနှစ်ကပြောင်းရွေ့လာခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နဲ့ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေဟာတစ်နှစ်မှာခြေတုလက်တု(၂၅၀)သို့မဟုတ်(၃၀၀)လောက်ပြုလုပ်ပါတယ်၊ ဒီအခြေအနေတွေမှာမတော်တဆဖြစ်မှုတွေနဲ့မွေးရာပါရောဂါတွေဟာ
အရေအတွက်နည်းပါးပါတယ်၊ဒါပေမယ့်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တဲ့အများစုကတော့မြေမြှုပ်မိုင်းကြောင့်ပါပဲ”ဟုလျှပ်စစ်လွှ၊ဖြတ်စက်၊တံစဉ်းတိုက်သံစသည့်ဆူညံသံများကိုကျော်၍ကြားစေရန်
၎င်းမှအော်ပြောခဲ့သည်။

“သစ်သားအဆက်များကတော့မြန်မာပြည်ကလာတာဖြစ်ပြီး၊ခြေထောက်ကတော့ကမ္ဘောဒီးယား၊ဖိုက်ဘာပေါင်နဲ့ဒူးကတော့ဘန်ကောက်ကလာတာဖြစ်ပါတယ်”ဟုစောဒယ်လ်နီရယ်ကပြောကာ
“ပြုလုပ်နေတဲ့ခြေလက်အတုတွေဟာကျွန်တော့ကိုကျေနပ်အားရမှုအပြည့်အဝပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟာလူတွေကိုကူညီမယ့်အရာကိုပြုလုပ်နေရလို့ပါပဲ”ဟု၎င်းမှထပ်လောင်း
ပြောဆိုလိုက်သည်။

သံသယရှိသောမြေပြင် :“မြန်မာနိုင်ငံအရှေ့ပိုင်းရှိမြေမြှုပ်မိုင်းများ”ဟုအမည်တပ်ခဲ့သော(၂၀၁၂)ခုနှစ်ကရင်လူ့အခွင့်အရေးအဖွဲ့အစီအရင်ခံစာသည်ထင်ရှားခဲ့သည်ကမ္ဘာပေါ်တွင်မြေမြှုပ်မိုင်းကြောင့်
အဆိပ်အတောက်အများဆုံးဖြစ်စေသောနေရာများတွင်မြန်မာနိုင်ငံအရှေ့ပိုင်းသည်တခုအပါအဝင်ဖြစ်သည်။

နိုင်ငံတကာတွင်ဆယ့်ခြောက်နှစ်တာမြေမြှုပ်မိုင်းသုံးစွဲမှုကိုလှည့်လည်စစ်ဆေးခဲ့သောလွတ်လပ်သည့်အဖွဲ့အစည်းတခုဖြစ်သည့်မြေမြှုပ်မိုင်းစစ်ဆေးသူများ၏ခန့်မှန်းချက်များအရမြန်မာနိုင်ငံ
တွင်၁၉၉၉ခုနှစ်မှ၂၀၁၂ခုနှစ်အတွင်းမြေမြှုပ်မိုင်းမတော်တဆပျက်စီးထိခိုက်မှု(၃,၃၄၉)ရှိခဲ့ပြီး(၃၁၉)ဦးအသက်ဆုံးရှုံးခဲ့သည်။

မြေမြှုပ်မိုင်းသည်ခံရသူတဦးတည်းတင်မဟုတ်ပဲမိသားစုတခုလုံးကိုပါအကျိုးသက်ရောက်စေသည့်ဖြစ်ရပ်မှန်အတိုင်းမြေမြှုပ်မိုင်းသည်ထူးထူးခြားခြားစိမ့်ဝင်နေခြင်းဖြစ်သည်။ခံရသူများမှ၎င်း
တို့တကြိမ်ဖြစ်ခဲ့ရုံဖြင့်၎င်းတို့မိသားစုအတွက်အလုပ်မလုပ်နိုင်ခြင်းနှင့်ထောက်ပံ့မှုမပေးနိုင်တော့ခြင်းများအတွက်ခံရသူများမှ ဝမ်းနည်းပူဆွေးစွာဖြင့်ပြောခဲ့သည်။

“မြေမြှုပ်မိုင်းကြောင့်ကျွန်မအမျိုးသားနဲ့သူငယ်ချင်းတွေထဲမှနှစ်ယောက်ကိုကျွန်မဆုံးရှုံးခဲ့ရပါတယ်”ဟုအခန်းထောင့်ရှိသစ်သားခုံတန်းငယ်မှာထိုင်နေသည့်အသက်(၄၈)နှစ်အရွယ်ရှိမူးကျော့မှဆို
သည်။သူမသည်မြန်မာနိုင်ငံ၊မြဝတီမြို့နယ်ရှိကယ်ဂေါ်ရွာမှဖြစ်သည်။“ကျွန်မတို့ရွာမှာမြေမြှုပ်မိုင်းကြောင့်အနည်းဆုံးလူကိုးဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရပါတယ်၊လက်ထပ်ထားတဲ့တချို့ ဇနီးမောင်နှံ
တတွဲစီမှာခြေတဖက်စီလပ်နေပါတယ်”။မူးကျော့သည်မယ်တော်ဆေးခန်း၏ခြေလက်အင်္ဂါအတုတပ်ဆင်ရေးဌာနသို့သူမရွာမှအမျိုးသားနှစ်ဦးနှင့်အတူရောက်ရှိလာခဲ့ခြင်းဖြစ်ကာအားလုံးသည်
ခြေလက်အင်္ဂါအသစ်များလိုအပ်နေကြသည်။

မူးကျော့သည်၂၀၀၅ခုနှစ်တွင်သူမ၏နွားများကိုရွာသို့ပြန်လည်မောင်းနှင်နေသည့်အချိန်တွင်မြေမြှုပ်မိုင်းကိုနင်းမိခဲ့ခြင်းဖြစ်သည်။သူမခြေထောက်ကိုဆုံးရှုံးပြီးသည့်နောက်မှာတော့သူမအတွက် သာမကသူမမိသားစုအတွက်ပါဘဝဟာအခက်အခဲအကျပ်အတည်းဖြစ်ခဲ့ပါတယ်ဟုသူမမှပြောခဲ့သည်။“အခုအခါမှာတော့အသက်ဆက်ဖို့အတွက်ပိုက်ဆံဝင်ငွေနည်းနည်းရှာဖို့ဆေးရွက်ကြီးတောင်
ယာမှာကျွန်မလုပ်ကိုင်နေပါတယ်၊ဒါပေမယ့်ဆန်စပါးစိုက်တဲ့လယ်သမားတယောက်လိုတော့ကျွန်မမလုပ်ကိုင်နိုင်ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့ကျွန်မရဲ့ခြေတုဟာရွှံ့နွံထဲမှာနစ်မှာမို့လို့ပါ၊ဒါကြောင့်ကျွန်မရဲ့အရွယ်ရောက်လာတဲ့ကလေးတွေကသာဆန်စပါးအလုပ်လုပ်ကိုင်ပါတယ်”

မြေမြှုပ်မိုင်းဟာရွာကိုကြောက်မက်ဖွယ်ကောင်းလောက်အောင်ခိုင်မြဲစွာဆုပ်ကိုင်ထားခဲ့ပါတယ်ဟုမူးကျော့ မှပြောခဲ့သည်။“ရှင်တို့ကြောက်လန့်နေခဲ့ရင်တောင်မှရှင်တို့အသက်ရှင်သန်ရမှာပဲ–ရှင်
တို့ရှေ့ ဆက်လုပ်ဆောင်နေမှရှင်တို့ဘဝရမှာရှင်တို့ရှင်သန်နိုင်မယ်”ဟုမူးကျော့မှပြောလိုက်သည်။

လူများကိုမိုင်းရှင်းသူများအဖြစ်မြန်မာစစ်တပ်အတွက်အသုံးပြုနေကြောင်းကိုခြေလက်အင်္ဂါအတုတပ်ဆင်ပေးသောဌာနရှိအမျိုးသားတဦးမှပြောဆိုခဲ့သည်။နိုင်ငံတကာနှင့်ဒေသတွင်လှည့်လည်
ကြည့်ရှု့စစ်ဆေးသောအဖွဲ့အစည်းများ၏အနေအထားအရမြန်မာနိုင်ငံတွင်မိုင်းများကိုမြှုပ်နှံထားတုန်းပင်ဖြစ်သည်။

၂၀၁၂ခုနှစ်မြေမြှုပ်မိုင်းစောင့်ကြည့်စစ်ဆေးခြင်းများကိုကိုးကားခြင်းအရကုလသမဂ္ဂ၏အထူးအပြန်အလှန်နားလည်မှုရှိသည့်Tomás Ojea Quintana မှလက်နက်ကိုင်အဖွဲ့များနှင့်မြန်မာ
စစ်တပ်သည်အပစ်အခတ်ရပ်စဲရေးလုပ်နေဆောင်နေသော်လည်းမိုင်းများကိုအသုံးပြုနေသေးကြောင်းအစီအရင်ခံစာသည်သူ့အားစိတ်ပူပန်မှုဖြစစ်စေခဲ့သည်ဟုပြောကြားခဲ့သည်။

အစိုးဆီသို့မြေမြှုပ်မိုင်းလှည့်လည်စစ်ဆေးရန်အတွက်တောင်းခံခဲ့သည့်အစီအရင်ခံစာကိုကိုးကားသည့်အားလျော်စွာ“မိုင်းများကိုစနစ်တကျဖယ်ရှားခြင်းနဲ့ခံရသူများကိုပြန်လည်ထူထောင်ပေး
ခြင်းများအပါအဝင်မြေမြှုပ်မိုင်းအသုံးပြုမှုကိုအဆုံးသတ်ရန်နှင့်၎င်းတို့ဦးစွာပြုလုပ်ထားသည်များကိုအကြောင်းကြားရန်အတွက်ပြီးပြည့်စုံသောအစီအစဉ်များတိုးတက်မှုရှိလာစေရန်နိုင်ငံတကာ
အဖွဲ့အစည်းများနှင့်အတူလုပ်ဆောင်ကြပါ” Tomás Ojea Quintanaမှပြောကြားခဲ့သည်။

ကရင်ပြည်နယ်ရှိရွာသားများသည်၎င်းတို့နေ့စဉ်အသက်ရှင်နေထိုင်မှုဘဝကိုကြောက်ရွံ့မှုများမရှိပဲသွားလာနိုင်ရန်အတွက်အစိုးရမှမြေမြှုပ်မိုင်းများကိုဖယ်ရှားပေးရန်လိုလားကြသည်။ကယ်ဂေါ်
ရွာမှအသက်(၄၀)နှစ်ရှိစောသာသွေးသည်လည်းသူသည်ဝါးသွားခုတ်စဉ်တွင်မြေမြှုပ်ပိုင်းပေါ်ရပ်ခဲ့မိခြင်းဖြစ်သည်။“အဆိုးရွားဆုံးအရာတွေထဲကတခုကတော့အခုကျွန်တော့်ဟာကျွန်တော့်ကလေး
တွေရဲ့အကူအညီကိုလိုအပ်နေတာပါပဲ–အနီးအနားမှာရှိတဲ့တခြားနည်းလမ်းတွေထက်စာရင်ပေါ့။ကျွန်တော့်ကလေးတွေကျောင်းမသွားနိုင်တော့ပါဘူး၊ဘာ့ကြောင့်လဲဆိုတော့သူတို့ဟာတောင်ယာနဲ့
အတူကျွန်တော့်ကိုကူညီဖို့လိုအပ်နေလို့ပါ။ကျွန်တော့်အိမ်မက်တခုကတော့ကျွန်တော့်ကလေးတွေဘဝမှာအခွင့်အရေးကောင်းတွေရှိလာဖို့ပါပဲ၊ဒါပေမယ့်အဲ့ဒါကခက်ခဲပါတယ်–အခုတော့သူတို့အတွက်
အခွင့်အရေးမရှိပါဘူး။