မြဝတီကိုဖြတ်သန်း၍ထိုင်း-မြန့်​မာ​ကုန်သွယ်မှုတိုးလာခြင်း

...

မြဝတီကိုဖြတ်သန်း၍ထိုင်း-မြန့်​မာ​ကုန်သွယ်မှုတိုးလာခြင်း

Irrawaddy News, 04 Apr 2014

URL: http://www.irrawaddy.org/business/burmese-thai-border-trade-increases-myawaddy.html
ထိုင်းနိုင်ငံနှင့်အတူမြန်မာနယ်စပ်တွင်အများဆုံးဖြတ်သန်းလာသောကုန်သွယ်မှုပမာဏသည်မြင့်တက်လာနေသည်ဟုကရင်ပြည်နယ်အကြီးအကဲဖြစ်​သူ​ဝန်ကြီးမှနယ်စပ်ဖြတ်သန်းဆက်သွယ်မှု
တိုးတက်လာခဲ့သောကြောင့်တိုးလာသောကုန်ပစ္စည်းစီးဆင်းမှုကိုကြည့်၍အ​ခိုင်​အ​မာ​​ပြောဆိုခဲ့သည်။

မြဝတီနယ်စပ်မြို့တွင်သောကြာနေ့၌ကျင်းပပြုလုပ်သောအာဆီယမ်စီးပွားရေးအဖွဲ့ဆွေးနွေးပွဲတွင်တက်ရောက်လာသောအမှုဆောင်များမှယခုတပတ်တွင်အပြီးသတ်ခဲ့ပြီးသော၂၀၁၃-၂၀၁၄ဘ
ဏ္ဍာရေးနှစ်အတွင်းစုစုပေါင်းဖြတ်သန်းလာသောကုန်သွယ်မှုသည်ကိုးရာခိုင်နှုန်းနီးပါးမြင့်တက်လာခဲ့သည်ဟုပြောကြားခဲ့သည်။

“မြဝတီကိုဖြတ်သန်းလာတဲ့ကုန်သွယ်မှုပမာဏဟာနှစ်စဉ်တိုးလာနေပါတယ်။မကြာသေးခင်ကဖြစ်ခဲ့တဲ့ထိုင်းနိုင်ငံရေးအခြေအနေကနေပြီးတော့အကျိုးသက်ရောက်မှုအနည်းငယ်ရှိခဲ့ပါတယ်” ဟု
ပြီးခဲ့သောနှစ်တွင်စတင်ခဲ့သောလူထုအစုလိုက်အပြုံလိုက်အစိုးရကိုဆန္ဒပြဆန့်ကျင်မှုများရှိလာသည့်အချိန်ကတည်းကထိုင်းအစိုးရသည်ရပ်​တည်​မှု​ခြေအနေမတိုးသာမဆုတ်သာဖြစ်ခဲ့ရသည်ကို
ရည်ညွန်းကာကရင်ပြည်နယ်အကြီးအကဲဝန်ကြီးဦးဇော်မင်းမှသတင်းထောက်များကိုပြောကြားခဲ့သည်။

“ကရင်ပြည်နယ်ကမြဝတီနဲ့ကော့ကရိတ်ကိုဖြတ်ကျော်ပြီးပြေးဆွဲမယ့်အာဆီယမ်လမ်းမကြီးဆောက်လုပ်ရေးပြီးတဲ့နောက်ပိုင်းမှာကုန်သွယ်မှုပိုမိုတိုးလာပါလိမ့်မယ်၊ပြီးတော့အာဆီယမ်လမ်းမကြီး
ကနေတခြား​အာ​ရှ​လမ်း​တွေ​နဲ့​ကျွန်တော်တို့ကိုချိတ်​ဆက်​ပေး​ပါလိမ့်မယ်။ဒီလမ်းမကြီးဟာနောင်နှစ်မှာပြီးပါမယ်ပြီးတော့ကုန်သွယ်စီး​ဆင်းမှုတွေတိုးမြှင့်လာပါမယ်”ဦးဇော်မင်းမှပြောခဲ့သည်။

ထိုင်းနိုင်ငံမဲဆောက်မြို့ကြီးနှင့်မျက်နှာချင်းဆိုင်တည်ရှိသောမြဝတီသည်မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြားတွင်ကုန်းလမ်းကုန်သွယ်မှုအတွက်တရားဝင်နယ်စပ်စစ်ဆေးရေးဂိတ်ငါးခုထဲမှအကြီး
ဆုံးတခုဖြစ်သည်။

သို့သော်လည်းထိုင်းနယ်စပ်ရှိတရားဝင်ကုန်သွယ်မှုအတိုင်းအတာသည်မြန်မာနယ်စပ်ကိုဖြတ်ကျော်လာသောတရုတ်နှင့်ကုန်သွယ်မှုနှင့်စာလျှင်သေးငယ်သွားသည်။ကုန်သွယ်မှုပမာဏအရမြန်မာ
နိုင်ငံ၏နယ်စပ်(၁၄)ခုကိုဖြတ်သန်းနေသောကုန်သွယ်မှုများတွင်အကြီးဆုံးကုန်သွယ်မှုသည်ရှမ်းပြည်နယ်တောင်ပိုင်းမူဆယ်မှဖြစ်ကာ၂၀၁၃-၂၀၁၄ခုနှစ်တွင်နယ်စပ်ဖြတ်သန်းကုန်သွယ်မှုစုစုပေါင်း ၈၃ရာခိုင်နှုန်းကိုကျော်ဖြတ်သွားသည်ဟုကုန်သွယ်ရေးဝန်ကြီးမှ​ပြော​ဆို​လိုက်​သည်။​

နိုင်ငံခြားတင်ပို့သောကုန်သွယ်မှု၏ယူအက်စ်ဒေါ်လာ၂.၇ဘီလီယမ်နှင့်အတူမြန်မာနိုင်ငံ၏နယ်စပ်ဖြတ်သန်းသောစုစုပေါင်းကုန်သွယ်မှုသည်၂၀၁၂-၂၀၁၃ခုနှစ်တွင်ယူအက်စ်ဒေါ်လာ၃.၇ဘီလီယမ် မှ၂၀၁၃-၂၀၁၄ခုနှစ်တွင်ဒေါ်လာ၄.၄၆ဘီလီယမ်သို့တဟုန်ထိုးတက်လာခဲ့သည်။

ဘဏ္ဍရေးဝန်ကြီးဌာန၊ညွှန်ကြားရေးမှူးဖြစ်သူဦးသောင်းနိုင်၏ပြောကြားချက်အရမြဝတီကိုဖြတ်သန်းလာသောကုန်သွယ်မှုသည်၂၀၁၃-၂၀၁၄ခုနှစ်တွင်ယူအက်စ်ဒေါ်လာ၂၉၀မီလီယမ်တန်ဖိုးရှိခဲ့
သည်။မြဝတီရှိကုန်သွယ်မှုအများဆုံးသည်ပိုမိုတိုးတက်လာ​သောထိုင်းနိုင်ငံမှမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာနေသောကုန်ပစ္စည်းများဖြစ်ကြသည်။

ပြည်ပမှတင်သွင်းလာသောကုန်များကုန်သွယ်မှုတွင်ဒေါ်လာ၂၄၀မီလီယမ်အကျိုးရရှိခဲ့ကာထိုင်းနိုင်ငံသို့တင်ပို့သောပို့ကုန်များမှဒေါ်လာ၅၀မီလီယမ်သက်သက်ရရှိခဲ့သည်။ထိုင်းနိုင်ငံမှစိုက်ပျိုးရေး
ကိ​ရိ​ယာ​ထုတ်ကုန်များကိုထုတ်ကာမြန်မာနိုင်ငံသို့တင်ပို့သည်၊ထို့ကြောင့်သွင်းကုန်သည်တခြားနိုင်ငံများထက်စာလျှင်နည်းပါးသည်။

“ဒီနှစ်မှာစုစုပေါင်းကုန်သွယ်မှုပမာဏဟာဒေါ်လာ၂၅မီလီယမ်ဖြစ်ပြီးမနှစ်ကထက်ပိုမိုများပြားပါတယ်။ဒါဟာပြီခဲ့တဲ့ငါးနှစ်ကပမာဏထက်စာရင်ကုန်သွယ်လုပ်ငန်းကြီးဆုံးနှစ်ပါပဲ”ဟုဦးသောင်း နိုင်မှဧရာဝတီသို့ပြောခဲ့သည်။

မြန်မာနိုင်ငံမှပင်လယ်ထွက်ပစ္စည်းအများဆုံးကိုနိုင်ငံခြားသို့တင်ပို့နေစဉ်တွင်ပြည်ပမှတင်သွင်းလာသောကုန်များတွင်စားသောက်ကုန်များ၊အိမ်အသုံးအဆောင်များ၊ဆောက်လုပ်ရေးပစ္စည်းများ၊မော်တော်ကားအစိတ်အပိုင်းများနှင့်စိုက်ပျိုးရေးပစ္စည်းကိရိယာများပါဝင်သည်ဟု၎င်းမှပြောခဲ့သည်။

အစိုးရမှကုန်သွယ်မှုကို​အ​ခွန်​အ​ကောက်​ခံ​ပြီး​တ​ရား​ဝင်​များ​ခွင့်​ပြု​ထား​သည့်​ကုန်​သွယ်​မှ​တိုး​မြှင့်​လာ​သော် လည်းလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသောနယ်မြေတလျှောက်တွင်နယ်နိမိတ်တောင်
တန်းများတလျှောက်ဖြတ်ကျော်လာသောတရားမဝင်ကုန်သွယ်မှုအတိုင်းအတာသည်ခန့်​မှန်း​ရ​ခက်​ခဲ​လှ​သည်​။

“မြဝတီမှာတရားမဝင်ကုန်သွယ်မှုတိုက်​ဖျက်​ရေး​တွေပြုလုပ်ခဲ့တာကြောင့်မို့လို့ပြည်ပမှကုန်တင်သွင်းမှုပမာဏဟာသိသာထင်ရှားစွာတိုးတက်လာခဲ့ပါတယ်”ဟု၎င်းမှပြောခဲ့သည်။ထိုင်းနိုင်ငံနှင့်အတူ မြန်မာနိုင်ငံသို့ချိတ်ဆက်ထားသောအာဆီယမ်လမ်းမကြီးအသစ်ပြီးစီးပါကနောင်နှစ်တွင်အာဆီယမ်စီးပွားရေးအသိုင်းအဝိုင်းကိုစတင်မည်ဖြစ်သည်။

၎င်းတွင်ကုန်သွယ်မှုသွင်းကုန်စည်းကြပ်ခွန်ကင်းလွတ်ခွင့်ကိုမြင်တွေ့ရမည်ဖြစ်ပြီးအရှေ့တောင်အာရှတဝိုက်တွင်အလုပ်သမားများပိုမိုလွတ်လပ်စွာရွှေ့ပြောင်းသည်ကိုတွေ့မြင်ရမည်ဖြစ်ကာမြဝတီ
သည်အဓိကကျသောဝင်ပေါက်ထွက်ပေါက်တခုဖြစ်ရန်အရှိန်မြှင့်တင်နေပြီဖြစ်သည်။