အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများရက်တိုးဆွေးနွေး

...

အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများရက်တိုးဆွေးနွေး

Democratic Voice of Burma, 07 Apr 2014

URL: http://www.dvb.no/dvb-video/ceasefire-talks-extended-an-extra-day-myanmar-burma/39409
အစိုးရငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းသူများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၂၁ဖွဲ့၏ကိုယ်စားလှယ်များသည်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများကိုရက်အနည်းငယ်ပိုတိုးခဲ့သည်ရန်ကုန်ရှိမြို့​ ရှိ​
မြန်မာငြိမ်းချမ်းရေးစင်တာတွင်စေ့စပ်ဆွေးဆွေးခြင်းများကိုစနေနေ့၍စတင်ခဲ့ကာရက်သတ္တပတ်ကျော်ကျော်ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

ကိုယ်စားလှယ်များမှတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်မူကြမ်းတွင်ထည့်သွင်းမည့်အချက်များကိုသဘောတူရန်ရည်ရွယ်ကြသည်အကြောင်းအရာများထဲမှတခုကိုဆွေးနွေးရန်အတွက်၎င်းတို့
အချိန်ပိုမိုလိုအပ်သောကြောင့်၎င်းတို့၏ဆွေးနွေးမှုများတိုး၍ပြောဆိုရန်အတွက်သဘောတူညီကြသည်ဟု​တ​နိုင်​ငံ​လုံး​ဆိုင်​ရာ​အ​ပစ်​အ​ခတ်​ရပ်​စဲ​ရေး​အ​ဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​သူ​က​ရင်​အ​မျိုး​သား​အ​စည်း​အ​ရုံး​
မှ​ပ​ဒို​ကွယ်​ဝင်း​ထူး​က​ပြော​ခဲ့​သည်။​

“ကျိန်းသေတဲ့အကြောင်း​အရာများကိုကျွန်တော်တို့ဆွေးနွေးဖို့လိုအပ်နေတုန်းပါပဲ၊ကျွန်တော်တို့ဘောတူညီမှုစာချုပ်ရရှိဖို့ပါပဲ၊ဒါကြောင့်ဆွေးနွေးမှုတွေအပြီးသတ်ဖို့အတွက်စေ့စပ်ဆွေးနွေးတဲ့လုပ်ငန်း စဉ်တွေကိုတိုးချဲ့ဖို့ကျွန်တော်တို့ဆုံးဖြတ်ချက်ချခဲ့တာပါ”ဟု၎င်းမှပြောဆိုခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း၏ပထမအခန်းကိုဆွေးနွေးရန်အတွက်ကိုယ်စားလှယ်များမှအချိန်များများလိုချင်ခဲ့သည်ဟုမြန်မာငြိမ်းချမ်းရေးစင်တာ၏အထူးအကြံပေးသူဖြစ်သူ
ဦးလှမောင်ရွှေမှပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာသဘောတူစာချုပ်မူကြမ်းရဲ့အခြေခံဥပဒေနိဒါန်းနဲ့ဘောတူစာချုပ်မှာအရေးအပါဆုံးအခန်းဖြစ်တဲ့အခန်း(၁):‘စည်းမျဉ်း စည်းကမ်းများ’ကိုဆွေးနွေးနေပါပြီ၊။ဒီအခန်းကိုကျွန်တော်
တို့ဆွေးနွေးလို့မပြီးခဲ့ပါဘူး၊ဒါကြောင့်အစည်းအဝေးကိုတနင်္လာနေ့အထိဆက်လက်ပြုလုပ်သွားဖို့ကျွန်တော်တို့ဆုံးဖြတ်ခဲ့တာပါ”ဟု၎င်းမှပြောခဲ့သည်

ရန်ကုန်ဆွေးနွေးပွဲတွင်မျက်နှာသစ်အနည်းငယ်ပါရှိသည်–“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ရှမ်းပြည်တောင်ပိုင်းစစ်တပ်(SSA-S)၊မြန်မာနိုင်တ​နိုင်​လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်
တပ်ဦး(ABSDF)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်စစ်တပ်နှင့်နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီစသည်တို့မှကိုယ်စားလှယ်များအားလုံးအပစ်အခတ်ဆွေးနွေးမှုများကိုပထမဆုံးအကြိမ်အနေ
ဖြင့်တက်ရောက်ခဲ့ကြသည်။

ဤ​လူစုံ​တက်​စုံ​ဆွေးနွေးမှုများသည်လာမည့်​တနင်္လာနေ့တွင်ပြီးခါနီးဖြစ်မည်ဟုမျှော်လင့်ထားခဲ့ကြသည်။