အများစုဆန့်ကျင်ကန့်ကွက်သည့်ဘားအံရှိဘိလပ်မြေစက်ရုံ

...

အများစုဆန့်ကျင်ကန့်ကွက်သည့်ဘားအံရှိဘိလပ်မြေစက်ရုံ

Democratic Voice of Burma, 29 Apr 2014

URL: http://www.dvb.no/news/majority-oppose-cement-factory-in-hpa-an-burma-myanmar/40085
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်ရှိသောကရင်ပြည်နယ်၌ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အစီအစဉ်ကိုဒေသတွင်းရှိလူထုများမှတနင်္လာနေ့တွင်ပြောင်ပြောင်တင်းတင်းဆန့်ကျင်ကန့်ကွက်ခဲ့ကြ
သည်။ ဒေသတွင်း အစိုးရနှင့်အရင်အမျိုးသားအစည်းအရုံး(KNU)မှဘားအံရှိမိကရင်ရွာအတွက်စီမံကိန်းအစီအစဉ်ကိုအဆိုပြုခဲ့ခြင်းဖြစ်သည်။

ဧပြီ၂၈ရက်နေ့တွင်KNUနှင့်ပြည်နယ်တာဝန်ရှိသူကိုယ်စားလှယ်များမှလူထုအသင်းဝင်များအားစီမံကိန်းကနဦးတွင်ပါဝင်ဆောင်ရွက်ကြရန်အတွက်တွေ့ဆုံခဲ့ကြကာ၎င်းစက်ရုံကိုတရုတ်-မြန်မာ Jidongဘိပ်လပ်မြေလီမိတက်(MJCCL)မှဆောက်လုပ်မည်ဖြစ်ကြောင်း၎င်းတို့မှပြောကြားခဲ့သည်။

မတ်လတွင်KNUမှMJCCLနှင့်ကနဦးသဘောတူညီမှုရရှိခဲ့သည်။ကရင်ပြည်နယ်စာရေးဆ​ရာများအသင်းအဖွဲ့မှအဖွဲ့ဝင်တစ်ဦးဖြစ်သူမန်းထက်ခိုင်မှတနင်္လာနေ့အစည်းအဝေးကိုတက်ရောက်ခဲ့
ကာဒေသတွင်းနေထိုင်သူအများစုသည်ထိုအစီအစဉ်ကိုကန့်ကွက်မှုပြခဲ့ကြကြောင်းနှင့်မြို့ပြသဘာဝပတ်ဝန်းကျင်နှင့်မြေဆုံးရှုံးမှုများသည်အဓိကစိုးရိမ်စရာနှစ်ချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“KNUပြောတာကတော့ကုမ္ပဏီကအဆင့်မြင့်နောက်ဆုံးပေါ်နည်းပညာများတွေကိုအသုံးပြုပြီးသဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ပြုလုပ်မယ်၊ပြီးတော့လမ်းတွေတိုးတက်ကောင်း
မွန်လာအောင်လုပ်ဖို့ကတိပေးတယ်လို့ပြောတယ်”ဟုမန်းထက်ခိုင်မှပြောကာ“ဒါပေမယ့်ဒါပေမယ့်ရွာသားအများစုကတော့စာချုပ်မှာလက်မှတ်ရေးထို့ဖို့အတွက်ငြင်းဆန်ခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။

ကန့်ကွက်သောသူအများစုသည်အဆိုပြုထားသည့်နေရာအနီးအနားတွင်နေထိုင်သောသူများဖြစ်ကာလယ်သမားများဖြစ်ကြပြီးသစ်တောတောင်ကုန်းများအနီးတွင်သစ်သား၊သစ်မြစ်များကောက် ယူခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုနေသောသူများဖြစ်ကြသည်။

သဘောမတူခြင်းများကိုတနင်္လာနေ့တွင်ထုတ်ဖော်ခဲ့ခြင်းသည်အပြီးသတ်မဟုတ်သေးကြောင်းနှင့်လူထုထင်မြင်ချက်အတိုင်းအတာကိုတရားဝင်စာရင်းကောက်ယူသင့်သည်ဟုကရင်ပြည်နယ်အစိုး
ရ၏သယ်ယူပို့ဆောင်ရေးဝန်ကြီးစောခင်မောင်မြင့်မှပြောကြားခဲ့သည်။

“ဒီအစီအစဉ်ကိုကန့်ကွက်တဲ့သူတွေထဲကတချို့ဟာလည်းခိုင်လုံတဲ့အကြောင်းပြချက်တွေရှိပါတယ်၊ဒါပေမယ့်တခြားသူတွေကတော့ဝှက်ဖဲတွေရှိပါတယ်-ကျွန်တော်တို့ကကျေးရွာခေါင်းဆောင်တွေနဲ့ဒေသခံဘုန်းကြီးတွေကိုလူဘယ်နှစ်ယောက်ဒါကိုကန့်ကွက်တယ်ဆိုတာကိုစာရင်းကောက်ယူရာမှာအံကိုက်လုပ်ဆောင်ဖို့အတွက်ပါဝင်ကြဖို့တိုက်တွန်းခဲ့ပါ
တယ်”ဟု၎င်းမှပြောခဲ့သည်။

“စက်ရုံတည်ဆောက်တာဟာကရင်ပြည်နယ်အတွက်နဲ့နိုင်ငံအတွက်အကျိုးကျေးဇူးအများအပြားရရှိမှာဖြစ်ပြီးနိုင်ငံခြားဝင်ငွေလည်းရရှိမှာပါ။”ဟု၎င်းမှပြောကြားခဲ့သည်။“အားသာချက်အားနည်း
ချက်တွေနဲ့အယုံသွင်းတာတွေကိုကျွန်တော်တို့တိုင်းတာကြည့်ရပါမယ်-စီမံကိန်းဆက်လက်ဆောင်ရွက်မယ်ဆိုရင်တောင်တွေပျောက်ကွယ်သွားပါလိမ့်မယ်၊ဒါပေမယ့်အဲ့ဒီ့စီမံကိန်းဟာနေရာမှာရှိတဲ့မြို့ ပြဖွဲ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေး ပါလိမ့်မယ်။”

“တောတက်ပြီးမှိုရှာ၊အမြစ်ရှာဟာသဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေမှာမဟုတ်သလိုလူတို့နေထိုင်မှုဘဝတွေကိုလည်းတိုးတက်လာစေမှာမဟုတ်ပါဘူး။”