အစိုးရနှင့်ကေအိုင်အို(၁၃)ရက်နေ့တွေ့မည်

...

အစိုးရနှင့်ကေအိုင်အို(၁၃)ရက်နေ့တွေ့မည်

Eleven Media, 05 May 2014

URL: http://elevenmyanmar.com/index.php?option=com_content&view=article&id=5969:gov-t-to-meet-with-kio-in-myitkyina&catid=32&Itemid=354
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သည့်ငြိမ်းချမ်းရေးဖောင်ဆောင်မှုကော်မတီနှင့်ကေအိုင်အိုကချင်လွတ်မြောက်ရေးအဖွဲ့တို့လာမည့်မေလ၁၃ရက်နေ့တွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

“အခုလိုတွေ့ဆုံဆွေးနွေးဖို့ကေအိုင်အိုကတောင်းဆိုခဲ့တာဖြစ်ပါတယ်။မြန်မာ့တပ်မတော်ကထိပ်တန်းအရာရှိတွေပါဝင်တက်ရောက်မယ့်ဒီတွေ့ဆုံဆွေးနွေးပွဲမှာKIA နဲ့အစိုးရတပ်တွေအကြားမကြာခင် ကထပ်မံဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကိုလည်းထည့်သွင်းဆွေးနွေးဖွယ်ရှိတယ်”လို့ငြိမ်းချမ်းရေးအကျိုးဆောင်ဦးလှမောင်ရွှေကRFAသို့ပြောခဲ့သည်။

တပ်မတော်အရာရှိကြီးတွေပါတဲ့အတွက်တပ်မတော်နဲ့ဆိုင်တဲ့စစ်ရေးရာကိစ္စတွေကိုလည်းဆွေးနွေးသလိုဒီဝန်ကြီးဦးအောင်မင်းနဲ့ဆွေးနွေးရမယ့်ကိစ္စရပ်တွေလည်းရှိပါလိမ့်မယ်။“မြစ်ကြီးနားဆွေး
နွေးပွဲကိုတခြားတိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်တွေအပြင်ကုလသမဂ္ဂအထူးကိုယ်စားလှယ်နမ်ဘီးယားနဲ့တရုတ်အစိုးရကိုယ်စားလှယ်ဝှမ်ရင်ဖတ်တို့လည်းတက်ရောက်ပါလိမ့်မယ်”

“ဒီအတောအတွင်းမြစ်ဝကျွန်းပေါ်ကနေရန်ကုန်မြို့ကိုရောက်ရှိနေတဲ့ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံးဒုဥက္ကဌနော်စီဖိုးရာစိန်နဲ့အဖွဲ့ဟာပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့အင်္ဂါနေ့ညနေမှာ
တွေ့ဆုံမယ်လို့သိရပါတယ်။

ကေအဲန်ယူအဖွဲ့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းဒီအပတ်အတွင်းတွေ့ဆုံမယ်လို့သတင်းရပါတယ်နေ့ရက်အတိအကျကိုတော့မသိရသေးပါဘူး။”

ချင်းမိုင်အစည်းအဝေးအတွင်းတွင်အစိုးရနှင့်NCCTသည်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိုဆွေးနွေးရန်အတွက်မေလ၁၉ရက်နေ့နှင့်၂၀ရက်နေ့တွင်တွေ့ဆုံရန်သဘောတူညီခဲ့ကြသည်။