IOM မှမြန်မာနိုင်ငံတွင်ရွှေ့ပြောင်းအလုပ်သမားစင်တာဖွင့်လှစ်မည်

...

IOM မှမြန်မာနိုင်ငံတွင်ရွှေ့ပြောင်းအလုပ်သမားစင်တာဖွင့်လှစ်မည်

Eleven Media, 12 May 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6057:iom-to-open-migrant-worker-centres-in-myanmar&catid=44:national&Itemid=
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်း(IOM)မှရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာကိုရန်ကုန်၊မကွေးနှင့်မော်လမြိုင်တို့တွင်ဇွန်လ​၌ဖွင့်လှစ်မည်ဖြစ်ပြီးအလုပ်သမားများကို ပညာပေးအကူအညီပေးရန်နှင့်ကျွမ်းကျင်မှုအခြေခံလိုအပ်ချက်များကိုပံ့ပိုးထောက်ပံ့ပေးရန်ဖြစ်သည်။

IOM သည်အနောက်တိုင်းသမဂ္ဂ(Western Union)နှင့်အတူဤစီမံကိန်းတွင်ပူးပေါင်းဆောင်ရွက်နေပြီဖြစ်သည်ဟုIMOအကြီးအကဲKieran Gorman Best မှပြောဆိုလိုက်သည်။စင်တာများ သည်ရွှေ့ပြောင်းအလုပ်သမားများမှနိုင်ငံရပ်ခြားသို့မသွားမီ၎င်းတို့အားပညာပေးသင်တန်းပေးရန်နှင့်အမိမြေသို့ပြန်လာသူများအားအသက်မွေးဝမ်းကျောင်းမှုသင်တန်းများပေးရန်ရည်ရွယ်သည်။

သန်းလေးသန်းနီးပါးရှိသောရွှေ့ပြောင်းမြန်မာအလုပ်သမားများသည်ယခုအခါအိမ်နီးချင်းနိုင်ငံဖြစ်သောထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည်။၎င်းတို့အကြား၌အလုပ်သမားတစ်သန်းသည်
တရားမဝင်နေထိုင်ကြသူများဖြစ်ကာအရေးယူခံရခြင်းနှင့်အနှောက်အယှက်ခံရခြင်းကဲ့သို့သောအကြောင်းကိစ္စများကိုရင်ဆိုင်နေကြသည်။

IOM မှမြန်မာနိုင်ငံထဲတွင်ရွှေ့ပြောင်းအလုပ်သမားကိစ္စများနှင့်ပက်သက်သောစီမံကိန်း၂၀ထက်မနည်းကိုယူအက်စ်ဒေါ်လာ၅မီလီယမ်ခန့်ငွေကြေးကူညီထောက်ပံ့ပေးနေသည်။