မြန်မာမှကေအိုင်အိုထိန်းချုပ်ရာနယ်မြေများတွင်သန်းခေါင်စာရင်းအပြီးသတ်ကောက်ခံမည်

...

မြန်မာမှကေအိုင်အိုထိန်းချုပ်ရာနယ်မြေများတွင်သန်းခေါင်စာရင်းအပြီးသတ်ကောက်ခံမည်

Eleven Media, 20 May 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6151:myanmar-to-complete-census-in-kio-controlled-areas&catid=44:national&It
အစိုးရနှင့်ကချင်လွတ်လပ်ရေးအဖွဲ့KIOတို့မှကေအိုင်အိုထိန်းချုပ်ရာနယ်မြေများနှင့်လမ်းကြောင်းများတွင်လူဦးရေအချက်အလက်ကောက်ခံရန်သဘောတူညီခဲ့ကြသည်ဟုလူဝင်မှုကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။

နှစ်ဖက်စလုံးမှသန်းခေါင်စာရင်းကောက်ယူရာတွင်အကောင်အထည်ဖော်ရန်နှင့်အပြီးသတ်ကောက်ခံရန်အတွက်ဆွေးနွေးခဲ့ကြသည်ဟုတာဝန်ရှိသူပြောကြားချက်အရသိရှိရသည်။

မကြာသေးမီကဆွေးနွေးခဲ့သောအစိုးရဘက်မှသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌလည်းဖြစ်သောဝန်ကြီးဦးခင်ရီနှင့်ကေအိုင်အိုဘက်မှဒုတိယဥက္ကဌဗိုလ်ချုပ်ဂွမ်မော်တို့အကြားသန်းခေါင်စာရင်းကောက်
ခံမှု၊တိုင်းရင်းသားနှင့်မျိုးနွယ်စုရေးရာစသည်တို့နှင့်ပက်သက်သောကိစ္စများကိုဆွေးနွေးခဲ့ကြသည်။

“ကေအိုင်အိုကသန်းခေါင်စာရင်းကောက်ခံရာမှာပူးပေါင်းဆောင်ရွက်ဖို့အခြေခံသဘောတရားတွေကိုသဘောတူညီခဲ့ပါတယ်။ကေအိုင်အိုဌာနချုပ်နဲ့နီးတဲ့တချို့ရွာတွေကိုကောက်ခံတာမပြီးသေးပါဘူး။အဲ့ဒီ့မှာသန်းခေါင်စာရင်းကောက်ခံတဲ့အတွက်သူတို့စီစဉ်ပါမယ်လို့ကေအိုင်အိုဘက်ကပြောပါတယ်။”ဟုဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးမြင့်ခိုင်မှပြောကြားခဲ့သည်။

“သင်တန်းတက်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့မှာရှိတဲ့သန်းခေါင်စာရင်းကောက်သူတွေကသန်းခေါင်စာရင်းကောက်မလား၊ကေအိုင်အိုအဖွဲ့ဝင်တွေကောက်မလားဆိုတာကိုကျွန်တော်တို့ရှာဖွေညှိနှိုင်း
နေပါတယ်။ဘာကြောင့်လဲဆိုတော့တချို့နေရာတွေကတောင်ပေါ်ဒေသတွေမှာရှိပြီးသယ်ယူပို့ဆောင်ရေးအခက်အခဲတွေရှိပါတယ်၊တချို့နေရာတွေကတော့မြေမြှုပ်မိုင်းတွေနဲ့ပြည့်နေပါတယ်။”

သန်းခေါင်စာရင်းကောက်ယူမှုသည်ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မပြီးပြတ်သေးပေ။တနိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင်ပြီးပြတ်ရန်(၂)ရာခိုင်နှုန်းကျန်သေးသည်။ကချင်ပြည်နယ်တွင်
ကေအိုင်အိုထိန်းချုပ်ရာနယ်မြေများရှိကျေးရွာ(၉၇)ရွာကိုသန်းခေါင်စာရင်းကောက်ခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည်တနိုင်ငံလုံးအတိုင်းအတာသန်းခေါင်စာရင်းကောက်ယူခြင်းကိုမတ်လ(၃၀)ရက်မှဧပြီ(၁၀)ရက်အထိကောက်ခံခဲ့သည်။သို့သော်လည်းအချို့သောနေရာများတွင်ပြီးစီးရန်သတ်မှတ်
ထားသောအချိန်ကိုအကြောင်းအမျိုးမျိုးကြောင့်ထပ်တိုးခဲ့သည်။လုပ်ဆောင်မှုအားလုံးကိုဇွန်လ(၂ရ)က်နေ့တွင်အပြီးသတ်နိုင်မည်ဟုမျှော်လင့်ထားခဲ့သည်။