မြန်မာနိုင်ငံတွင်စိတ်ကြွဆေးကူးသန်းရောင်းဝယ်ထုတ်လုပ်မှုကြီးထွားလာ : UN အစီအရင်ခံစာ

...

မြန်မာနိုင်ငံတွင်စိတ်ကြွဆေးကူးသန်းရောင်းဝယ်ထုတ်လုပ်မှုကြီးထွားလာ : UN အစီအရင်ခံစာ

Irrawaddy News, 22 May 2014

URL: http://www.irrawaddy.org/burma/meth-production-burma-feeds-growing-regional-trade-un-report.html
မြန်မာနိုင်ငံသည်ရှမ်းပြည်နယ်မှအိမ်နီးချင်းနိုင်ငံများအတွင်းမှောင်ခိုတင်သွင်းနေသည့်စိတ်ကြွဆေးအတွက်အဓိကကျသောထုတ်လုပ်မှုများကိုဆက်လက်ထုတ်လုပ်နေပြီးမူးယစ်ဆေးဝါးအတွက်
အာရှစျေးကွက်တွင်သုံးစွဲမှုတိုးလာသည်ဟုအင်္ဂါနေ့UNအစီရင်ခံစာတွင်သတင်းထုတ်ပြန်ချက်အရဖြစ်သည်။

မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုများ၏“၂၀၁၄ကမ္ဘာ့မူးယစ်ဆေးဝါးများချင့်ချိန်အကဲဖြတ်ခြင်း-စိတ်အားကြွစေသောစိတ်ကြွဆေးအမျိုးအစားနှင့်ဦးနှောက်ကိုထိခိုက်စေသည့်အရာအသစ်များ”အပေါ် တွင်မူးယစ်ဆေးဝါးအစီရင်ခံအတော်များများနှင့်အတူလွန်ခဲ့သော၅နှစ်၌ဒေသတွင်း၌သုံးစွဲမှုသုံးဆတိုးလာကာ၃၆တန်ထိရှိခဲ့သောကြောင့်အာရှနိုင်ငံများ၌စိတ်ကြွဆေးပေးသွင်းခြင်းလျှင်လျှင်မြန်
မြန်ဖြစ်ပေါ်လာခြင်းကိုဖမ်းဆီးခဲ့သည်ဟုကုလသမဂ္ဂရုံးမှအစီရင်ခံစာတွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံUNODC မန်နေဂျာ Jason Eligh မှနိုင်ငံ၌စိတ်ကြွဆေးထုတ်လုပ်မှုမှနှစ်ခုစလုံးကိုထုတ်လုပ်ခဲ့ပြီးရှမ်းပြည်နယ်တွင်အများဆုံးဖြစ်သည်ဟုပြောကြားခဲ့သည်။ရှမ်းပြည်နယ်၏အကြီး ဆုံးအပိုင်းများကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(သို့မဟုတ်)စစ်ဝန်ထမ်းများမှချုပ်ကိုင်ထားပြီးမြန်မာနိုင်ငံ၏တရားဥပဒေနောက်ကွယ်တွင်ဆက်လက်ကျန်ရှိနေသည်။

မြန်မာနိုင်ငံသည်တရုတ်နှင့်အိန္ဒိယမှကုန်းလမ်းဖြင့်မှောင်ခိုတင်သွင်းလာသည့်စိတ်ကြွဆေးများကိုဓာတုဗေဒနည်းဖြင့်ရှေ့ပြေးထုတ်လုပ်ရန်တွက်ဒေသတွင်းတွင်အဓိကကျသည့်နေရာတစ်ခုဖြစ်သည်
ဟုUNODC မှပြောကြားခဲ့သည်။

ထိုင်း၊ဗီယက်နမ်နှင့်ကဗ္ဘောဒီးယားနိုင်ငံများသို့ပို့ဆောင်ရေးလမ်းကြောင်းမပြုလုပ်မီစိတ်ကြွဆေးကိုရှမ်းပြည်နယ်နယ်စပ်ကိုဖြတ်သန်းလျှက်လာအိုနှင့်အတူရွှေတြိဂံနယ်မြေတွင်ကူးသန်းရောင်းဝယ် ခဲ့သည်ဟုUNရှိကျွမ်းကျင်သူများမှယုံကြသည်။

အရှေ့တောင်အာရှနှင့်ပစိဖိတ်အတွက်UNODCတိုကျိုအခြေစိုက်ဒေသကိုယ်စားလှယ်Jeremy Douglasမှစိတ်ကြွဆေးအလားတူလူလုပ်မူးယစ်ဆေးဝါးများသည်ဒေသတွင်းရှိရဲတပ်ဖွဲ့များ၊တရားရုံး များ၊အကျဉ်းထောင်များနှင့်ကျန်းမာရေးစနစ်များအပေါ်တွင်အရေးပါသောအကျိုးသက်ရောက်မှုရှိသည်ဟုပြောကြားခဲ့သည်။

ဂျပန်နှင့်အာရှအတွက်မူးယစ်ဆေးဝါးအန္တရယ်မြင့်တက်လာမှုပိုဆိုးဝါးလာသည်။အဘယ့်ကြောင့်ဆိုသော်စိတ်ကြွဆေးထုတ်လုပ်မှုနှင့်ဦးနှောက်ကိုထိခိုက်စေသည့်အရာများသည်အနီးအနားတွင်ရှိနေ
ကြသောကြောင့်ဖြစ်သည်။ပြည်နယ်တစ်ခုလုံးမှတရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊စိတ်ကြွဆေးပြုလုပ်ရန်အတွက်ဓာတုပစ္စည်းများအလွှဲအပြောင်းပြုလုပ်ခြင်း၊ရာဇဝတ်မှုအဖွဲ့များဖွဲ့ခြင်းနှင့်အ ကာအကွယ်မဲ့သောနယ်စပ်တွင်ပြုလုပ်ခြင်းစသည်တို့အတွက်အလေးအနက်စိုးရိမ်ခဲ့ကြသည်ဟုDouglas မှပြောခဲ့သည်။