အပစ်အခတ်ရပ်စဲရေးအသင်းမှဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင်အကူအညီပေး

...

အပစ်အခတ်ရပ်စဲရေးအသင်းမှဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင်အကူအညီပေး

Eleven Media, 04 Jun 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=6344:ceasefire-team-supports-bid-to-amend-constitution&catid=32:politics&Ite
တနိုင်ငံလုံဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့သည်၂၀၀၈ခုနှစ်အခြေခံဥပဒေပုဒ်မ(၄၃၆)ကိုပြောင်းလဲရန်အတွက်ကမ်ပိန်းဆင်းရာတွင်အကူအညီပေးခဲ့ခြင်းသည်အမျိုးသားပြန်လည်ရင်
ကြားစေ့ရေးအတွက်လမ်းဖွင့်ရာတွင်အကူအညီဖြစ်လိမ့်လာလိမ့်မည်ဟုပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံကိုကူညီပံ့ပိုးပေးဖို့လူအများစုကိုကျွန်တော်တို့လိုချင်တယ်ဆိုရင်ကျွန်တော်တို့၂၀၀၈ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ရပါမယ်”ဟုအဲန်စီစီတီခေါင်းဆောင်နှင့်မွန်ပြည်သစ်ပါတီဒုတိ
ယဥက္ကဌဖြစ်သူနိုင်ဟံသာမှပြောခဲ့သည်။

၎င်းတို့အသင်းသည်ပြင်ဆင်ရမည့်အခန်းများအတွက်တောင်းဆိုထားသည့်မေတ္တာရပ်ခံချက်တွင်လက်မှတ်ရေးထိုးရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းယမန်နေ့ကအီလဲဗင်းမီဒီယာသို့၎င်းမှပြော
ကြားခဲ့သည်၊သို့သော်လည်းယခုလောလောဆယ်တွင်ကမ်းပိန်းဆင်းခြင်းကိုသွားရောက်ပါဝင်ရန်အနေအထားမရှိခဲ့ပေ။၎င်းအနီးအနားတွင်ရှိသောသူများကိုပြန်လည်ပြင်ဆင်ရာတွင်တွန်းအား
ပေးကြရန်၎င်းမှတိုက်တွန်းအားပေးခဲ့ကြောင်းနိုင်ဟံသာမှပြောကြားခဲ့သည်

လွှတ်တော်တွင်ရှိသာအဖွဲ့ဝင်အားလုံး၏(၇၅)ရာခိုင်နှုန်းသည်မည်သည့်ဖွဲ့စည်းပုံကိုမဆိုထောက်ခံပေးမှရမည်ဖြစ်သောကြောင့်စစ်တပ်မှရေးဆွဲထားသောဖွဲ့စည်းပုံအခြေခံဥပဒေမှပုဒ်မ၄၃၆ကိုပြင်
ဆင်ရန်ဖြစ်နိုင်ခြေနီးစပ်မှုမရှိပေ၊။ဖွဲ့စည်းပုံအခြခံဥပဒေကိုလည်းလွှတ်တော်ထဲတွင်စစ်တပ်မှ(၂၅)ရာခိုင်နှုန်းနေရာယူထားသည်။

မေလ(၂၃)ရက်နေ့တွင်NCCTအသင်းခေါင်းဆောင်နိုင်ဟံသာနှင့်ဗိုလ်မှူးကြီးခွန်ဥက္ကာတို့သည်အမျိုးသားဒီမိုကရေစီအတိုက်အခံပါတီ(NLD)ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကာဖွဲ့
စည်းပုံဥပဒေကိုပြင်ဆင်ရန်အတွက်ဆွေးနွေးခဲ့ကြသည်။

“၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သင့်တယ်ဆိုတာကိုအားလုံးကသဘောတူညီကြပါတယ်။အောင်ဆန်းစုကြည်ဟာလွှတ်တော်မှာအဲ့ဒါကိုပြင်ဆင်ဖို့ကြိုးပမ်းပါလိမ့်မယ်ဘာကြောင့်လဲဆို
တော့သူမဟာလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်လို့ပါပဲ။ကျွန်တော်တို့ကလွှတ်တော်ကလာတာမဟုတ်တာကြောင့်ဒီအကြောင်းကိုအပစ်အခတ်ရပ်စဲရေးပြီးတဲ့နောက်ပိုင်းနိုင်ငံရေးအချီချဆွေးနွေးပွဲတွေ
ပြုလုပ်တဲ့အချိန်အတွင်းမှသာကျွန်တော်တို့ဒီအကြောင်းကိုပြောဖို့အခွင့်အရေးတခုတည်းသာရှိပါတယ်။ဖွဲ့စည်းပုံဥပဒေပြောင်းလဲပြင်ဆင်ခြင်းနှင့်ပက်သက်ပြီးအများသဘောတူညီမှုတခုတည်းရရှိ
အောင်ကျွန်တော်တို့အားလုံးကြိုးပမ်းနေတာကြောင့်မို့လို့ဒါအတွက်ကျွန်တော်တို့တွန်းအားပေးမှာပဲဖြစ်ပါတယ်”ဟုNLDခေါင်းဆောင်နှင့်တွေ့ဆုံအစည်းအဝေးပြုလုပ်ပြီးနောက်နိုင်ဟံသာမှပြောခြင်း
ဖြစ်သည်။