တိုင်းရင်းသားအဖွဲ့များ၊နိုင်ငံရေးအုပ်စုများထိုင်းနယ်စပ်တွင်အစည်းအဝေးကျင်းပ

...

တိုင်းရင်းသားအဖွဲ့များ၊နိုင်ငံရေးအုပ်စုများထိုင်းနယ်စပ်တွင်အစည်းအဝေးကျင်းပ

Irrawaddy News, 04 Jul 2014

URL: http://www.irrawaddy.org/burma/ethnic-political-groups-hold-talks-thai-border.html
ပြည်တွင်းဒီမိုကရက်တစ်အင်အားစု(၅)ဖွဲ့ကိုညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)ကဖိတ်ကြားပြီးမြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့်စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးတို့အတွက်ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကိုထိုင်း-မြန်မာနယ်စပ်ရှိမဲဆောက်မြို့၌ယနေ့မနက်ပိုင်းကစတင်ကျင်းပပြုလုပ်
ခဲ့သည်။

ဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပက်သက်၍ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFC၏တွဲဖက်အတွင်းရေးမှူး(၁)ပဒိုမန်းမန်းမှအခုလိုပြောကြားခဲ့သည်။

“ပထမတစ်ချက်ကတော့ဒီမိုကရေစီအရေးကိစ္စတွေ၊ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ငြိမ်းချမ်းရေးကိစ္စတွေ၊တတိယတစ်ချက်ကတော့စစ်မှန်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေး
ဆိုတဲ့အခြေခံရည်ရွယ်ချက်(၃)ချက်ပေါ်မှာကျွန်တော်တို့UNFCနဲ့ပြည်တွင်းမှာရှိတဲ့ဒီမိုကရေစီအင်အားစုတွေနဲ့ပေါ့နော်ရှေ့ဆက်ပြီးတော့မှဘယ်လိုလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ရမလဲ၊တစ် ဖက်နဲ့တစ်ဖက်ဘယ်လိုပံ့ပိုးဆောင်ရွက်ရမလဲဆိုတဲ့ကိစ္စတွေကိုကျွန်တော်တို့ညှိနှိုင်းပြီးတော့အဖြေတစ်ခုရနိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။”

UNFC၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့(NCCT)ကိုဦးဆောင်သူတစ်ဦးဖြစ်သည့်နိုင်ဟံသာမှသူ၏အဖွဲ့အနေဖြင့်ယနေ့အစည်းအဝေးတွင်အစိုးရနှင့်ရှေ့ဆက်ညှိနှိုင်းဆွေး
နွေးမှုများအပေါ်အစီအရင်ခံတင်ပြသွားရန်စီစဉ်ထားခဲ့ကြောင်းဧရာဝတီသို့ပြောခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်လာသူ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုကိုကြီးမှအခုလိုပြောခဲ့သည်။

“ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအရေးမရှိပဲနဲ့ကျွန်တော်တို့နိုင်ငံကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ဆိုတာမလုပ်နိုင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ကငြိမ်းချမ်းရေးကိုအခြေခံအကျဆုံးဖြေရှင်းရမယ့်ပြသ
နာအဖြစ်ကျွန်တော်တို့၈၈မျိုးဆက်ကခံယူထားပါတယ်။ဒါကြောင့်လည်းဒီဘက်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆွေးနွေးဖို့ခေါ်တဲ့အခါမှာကျွန်တော်တို့အခုလိုတက်ရောက်ပြီး
ဆွေးနွေးတာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်တို့ထိတွေ့မှုများလာတာနဲ့အမျှကျွန်တော်တို့ယုံကြည်မှုတွေပိုပြီးတည်ဆောက်နိုင်မယ်။နားလည်မှုတွေပိုရလာမယ်။”ဟုပြောကြားခဲ့သည်။

ဤတွေ့ဆုံပွဲတွင်စည်းလုံးညီညွတ်သောတိုင်းရင်းသားမျိုးများမဟာမိတ်အဖွဲ့UNA ၊၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊၁၉၉၀ခုနှစ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းရင်းသားရေးရာကော်မတီ၊ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များဖော်ဆောင်ရေးဦးဆောင်ကော်မတီစသည့်အဖွဲ့အစည်းတွေကကိုယ်စားလှယ်(၄၀)ကျော်တက် ရောက်ခဲ့ကြပြီးတွေ့ဆုံဆွေးနွေးပွဲကိုနှစ်ရက်ကြာပြုလုပ်မှာဖြစ်ကြောင်းသိရသည်။