ဇူလိုင်လတွင်တိုင်းရင်းသားအဖွဲ့များမှအပစ်အခတ်ရပ်စဲရေးမူကြမ်းကိုအပြီးသတ်ဆွေးနွေးနိုင်မည်ဟုထင်ကြောင်းNCCTမှပြောကြား

...

Myanmar Times, 07 Jul 2014

URL: http://www.mmtimes.com/index.php/national-news/10929-ncct-proposes-conference-to-finalise-ceasefire.html
အစိုးရနှင့်အနာဂတ်တွင်ရှေ့ဆက်ဆွေးနွေးမှုများကိုဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်တိုင်းရင်းသားခေါင်းဆောင်များမှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်အဆိုပြုထားသည့်
အချက်အလက်များကိုအပြီးသတ်နိုင်ရန်ယခုလမကုန်မီလိုင်ဇာရှိကချင်လွတ်မြောက်ရေးအဖွဲ့အစည်းစစ်ဌာနချုပ်တွင်တွေ့ဆုံရန်မျှော်မှန်းထားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၆)ဖွဲ့ကိုကိုယ်စားပြု ပူးပေါင်းညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်ပေးသည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)မှဇူလိုင်လတတိ
ယအပတ်တွင်လိုင်ဇာ၌အစည်းအဝေးတက်ရောက်ရန်တိုင်းရင်းသားခေါင်းဆောင်များကိုဖိတ်ကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေလိုပဲမူကြမ်းထဲမှာပါတဲ့အချို့ကျန်တဲ့အချက်တွေအပေါ်ဆုံးဖြတ်ချက်ချရပါမယ်”ဟုကရင်အမျိုးသားအစည်းအရုံးမှခေါင်းဆောင်တစ်ဦးလည်း
ဖြစ်သူNCCTမှခေါင်းဆောင်ပဒိုစောကွယ်ထူးဝင်းမှပြောကြားခဲ့သည်။

အစည်းအဝေးတွင်NCCTနှင့်အစိုးရစေ့စပ်ညှိနှိုင်းသူများအကြားရန်ကုန်မြို့၌မေလ(၂၁)ရက်မှ(၂၃)ရက်နေ့အထိပြုလုပ်သောအစည်းအဝေးတွင်အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းရှိအဆိုပြုချက်
များအပေါ်ဦးတည်ချက်ထားကာဆွေးနွေးသွားမည်ဖြစ်သည်။

ကေအိုင်အိုမှဖိတ်ကြားချက်ကိုအကြောင်းမပြန်သေးစဉ်အတွင်းပဒိုစောကွယ်ထူးဝင်းမှလိုင်ဇာတွင်ညီလာခံကျင်းပဖို့အတွက်သူတို့ကကျွန်တော်တို့ကိုခွင့်ပြုလိမ့်မည်ဆိုသည်ကိုကျွန်တော်အနေနှင့်
သေချာကြောင်းပြောကြားခဲ့သည်။

အစိုးရစေ့စပ်ညှိနှိုင်းသူများနှင့်NCCTသည်စာချုပ်မူကြမ်းကိုအပြီးသတ်ရန်အတွက်ဇွန်လိုင်တွင်တွေ့ဆုံရန်သဘောတူညီခဲ့ကြသော်လည်းတိုင်းရင်းသားခေါင်းဆောင်များမှစာချုပ်အပေါ်
၎င်းတို့၏ရပ်တည်ချက်ကိုအပြီးသတ်ဆွေးနွေးပြီးသည်အထိအစိုးရနှင့်ပြုလုပ်မည့်အစည်းအဝေးကိုရွှေ့ဆိုင်းထားသည်။

“နောက်ထပ်ဆွေးနွေးမှုများပြုလုပ်ဖို့အစိုးဘက်ကအဆင်သင့်ဖြစ်နေပါပြီ”ဟုမြန်မာငြိမ်းချမ်းရေးစင်တာရှိအဆင့်မြင့်အကြံပေးအရာရှိဦးလှမောင်ရွှေမှပြောကြားခဲ့သည်။“တိုင်းရင်းသားအဖွဲ့တွေ
ကသူတို့ဘက်ကအဆင့်သင့်ဖြစ်ပြီလို့အကြောင်းကြားလာမယ့်အချိန်ကိုကျွန်တော်တို့စောင့်နေပါတယ်”ဟုပြောကြားခဲ့သည်။

အစိုးရနှင့်အနာဂတ်တွင်ရှေ့ဆက်ဆွေးနွေးမှုများကိုဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်တိုင်းရင်းသားခေါင်းဆောင်များမှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်အဆိုပြုထားသည့်
အချက်အလက်များကိုအပြီးသတ်နိုင်ရန်ယခုလမကုန်မီလိုင်ဇာရှိကချင်လွတ်မြောက်ရေးအဖွဲ့အစည်းစစ်ဌာနချုပ်တွင်တွေ့ဆုံရန်မျှော်မှန်းထားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၆)ဖွဲ့ကိုကိုယ်စားပြုပူးပေါင်းညှိနှိုင်းဆွေးနွေးမှုဆောင်ရွက်ပေးသည့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)မှဇူလိုင်လတတိ
ယအပတ်တွင်လိုင်ဇာ၌အစည်းအဝေးတက်ရောက်ရန်တိုင်းရင်းသားခေါင်းဆောင်များကိုဖိတ်ကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေလိုပဲမူကြမ်းထဲမှာပါတဲ့အချို့ကျန်တဲ့အချက်တွေကိုအပေါ်ဆုံးဖြတ်ချက်ချရပါမယ်”ဟုကရင်အမျိုးသားအစည်းအရုံးမှခေါင်းဆောင်တစ်ဦးလည်း
ဖြစ်သူNCCTမှခေါင်းဆောင်ပဒိုစောကွယ်ထူးဝင်းမှပြောကြားခဲ့သည်။

အစည်းအဝေးတွင်NCCTနှင့်အစိုးရစေ့စပ်ညှိနှိုင်းသူများအကြားရန်ကုန်မြို့၌မေလ(၂၁)ရက်မှ(၂၃)ရက်နေ့အထိပြုလုပ်သောအစည်းအဝေးတွင်အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းရှိအဆိုပြုချက်
များအပေါ်ဦးတည်ချက်ထားကာဆွေးနွေးသွားမည်ဖြစ်သည်။

ကေအိုင်အိုမှဖိတ်ကြားချက်ကိုအကြောင်းမပြန်သေးစဉ်အတွင်းပဒိုစောကွယ်ထူးဝင်းမှလိုင်ဇာတွင်ညီလာခံကျင်းပဖို့အတွက်သူတို့ကကျွန်တော်တို့ကိုခွင့်ပြုလိမ့်မည်ဆိုသည်ကိုကျွန်တော်အနေနှင့်
သေချာကြောင်းပြောကြားခဲ့သည်။

အစိုးရစေ့စပ်ညှိနှိုင်းသူများနှင့်NCCTသည်စာချုပ်မူကြမ်းကိုအပြီးသတ်ရန်အတွက်ဇွန်လိုင်တွင်တွေ့ဆုံရန်သဘောတူညီခဲ့ကြသည်၊သို့သော်လည်းတိုင်းရင်းသားခေါင်းဆောင်များမှစာချုပ်အပေါ်