ထိုင်းနိုင်ငံမှနယ်စပ်ကုန်သွယ်ရေးအတွက်ဘတ်သန်း(၃၀၀)သတ်မှတ်

...

ထိုင်းနိုင်ငံမှနယ်စပ်ကုန်သွယ်ရေးအတွက်ဘတ်သန်း(၃၀၀)သတ်မှတ်

National News Agency of Malaysia, 15 Jul 2014

URL: http://www.bernama.com/bernama/v7/bu/newsbusiness.php?id=1053758
ထိုင်းနိုင်ငံမှမလေးရှား၊မြန်မာ၊လာအိုနှင့်ကမ္ဘောဒီးယားနယ်စပ်တို့၏နယ်စပ်စစ်ဆေးရေးဂိတ်(၅)ဂိတ်တို့တွင်ကုန်သွယ်ရေးတိုးမြှင့်လုပ်ဆောင်ရန်နှင့်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဘတ်သန်း(၃၀၀)အ ကုန်အကျခံကာလုပ်ဆောင်နေပြီဖြစ်သည်။

ထိုင်းနိုင်ငံမှနောင်နှစ်တွင်အာဆီယံစီးပွားရေးအသိုင်းအဝိုင်းအကောင်အထည်ဖော်ဆောင်ခြင်းနှင့်အတူကုန်သွယ်ရေးလုပ်ဆောင်မှုများတိုးမြှင့်စေရန်နှင့်နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ခြင်းတို့ကိုဖွံ့ဖြိုး
တိုးတက်စေရန်အတွက်စီစဉ်ထားခဲ့သောနေရာ(၁၂)ခုတွင်ထိုနေရာ(၅)ခုသည်ဦးစွာလုပ်ဆောင်သောနေရာဖြစ်သည်ဟုအဖွဲ့အစည်းမှဘတ်ဂျက်ဒါရိုက်တာSomsak Chotrattanasiriမှပြောကြား ခဲ့သည်။

ထိုနေရာနယ်စပ်ဂိတ်(၅)ဂိတ်မှာမလေးရှားနယ်စပ်စုန်ကလာခရိုင်ရှိPadang Besar-Sadao ဂိတ်၊ထိုင်း-မြန်မာနယ်စပ်ပေါ်ရှိတာခ်ခရိုင်မဲဆောက်နယ်စပ်ဂိတ်၊ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ
Sa Kaeoတွင်ရှိသောPoipet-Klong Leuk နှင့်Trat ထဲတွင်ရှိသောKhlong Yai ဂိတ်နှင့်ထိုင်း-လာအိုနယ်စပ်ရှိMukdarharnနယ်စပ်ဂိတ်တို့ဖြစ်သည်။

သတ်မှတ်ထားသည့်အသုံးစရိတ်ကိုဖြစ်မြောက်အောင်ပံ့ပိုးဆောင်ရွက်ရန်အတွက်တည်ဆောက်ရေးလုပ်ငန်းများနှင့်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင်ကနဦးအသုံးပြုမည်ဖြစ်ပြီးSongklha ပြည်နယ်၊ဟက်ရိုင်ခရိုင်မှအဝေးပြေးလမ်းမကြီးများကဲ့သို့စီးပွားရေးလုပ်ဆောင်သူများအတွက်ကုန်ကူးသန်းစီးဆင်းမှုကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းကိုဒီဇင်ဘာလတွင်စတင်မည်ဖြစ်သည်။