အခမဲ့ပညာရေးစနစ်အတွက်ကမ္ဘာ့ဘဏ်နှင့်သြစတေးလျတို့၏ထောက်ပံ့ငွေကယားပြည်နယ်တွင်စတင်ဆောင်ရွက်

...

အခမဲ့ပညာရေးစနစ်အတွက်ကမ္ဘာ့ဘဏ်နှင့်သြစတေးလျတို့၏ထောက်ပံ့ငွေကယားပြည်နယ်တွင်စတင်ဆောင်ရွက်

kantarawaddy, 02 Jul 2014

URL: http://www.ktimes.org/index.php/news/965-2014-07-02-05-25-03
အခမဲ့မူလတန်းပညာရေးစနစ်အတွက်သြစတေးလျနှင့်ကမ္ဘာ့ဘဏ်ထောက်ပံ့ပေးသည့်အစီအစဉ်ကိုကယားပြည်နယ်တပြည်နယ်လုံးဇူလိုင်လတင်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းဒီးမောဆိုမြို့ နယ်ပညာရေးမှူးဦးခွန်းထက်ကကန္တရဝတီတိုင်း(မ်)သို့ပြောသည်။

ပညာရေးမှူးဦးခွန်းထက်က“အဲ့ထောက်ပံ့ငွေကိုကျောင်းတိုင်းအထူးသဖြင့်မူလတန်းကျောင်းကိုအခုကျွန်တော်တို့ခမဲ့ပညာရေးစနစ်လုပ်နေပါတယ်။အခမဲ့ပညာရေးစနစ်ဆိုတဲ့အတွက်ကြောင့်မူ
လတန်းကျောင်းသားတွေအတွက်အခမဲ့ဖြစ်အောင်ကမ္ဘာ့ဘဏ်ကထောက်ပံ့ပေးတယ်။သြစတေးလျကထောက်ပံ့တယ်။အဲ့ဒါကိုကျနော်တို့ကကျောင်းတွေကိုထောက်ပံ့ပေးပါတယ်”ဟုပြော
သည်။

ဇွန်လ(၂၈)ရက်နေ့ကဒီးမော့ဆိုတွင်ပြုလုပ်သောကျောင်းထောက်ပံ့ကြေးများထောက်ပံ့သည့်အစီအစဉ်နှင့်အခြေခံပညာအဆင့်ကျောင်းသား၊ကျောင်းသူများအားပညာသင်ထောက်ပံ့ကြေးချီးမြင့် စမ်းသပ်အစီအစဉ်အကောင်အထည်ဖော်ရေးမြို့နယ်အဆင့်လုပ်ငန်းဆွေးနွေးပွဲတွင်ပြောသွားခဲ့ခြင်းဖြစ်သည်။

သြစတေးလျထောက်ပံ့ငွေအမေရိကန်ဒေါ်လာသန်း(၂၀)နှင့်ကမ္ဘာ့ဘဏ်မှထောက်ပံ့ငွေအမေရိကန်ဒေါ်လာသန်း(၈၀)ဖြင့်မြန်မာတနိုင်ငံလုံးရှိမူလတန်းကျောင်းများကိုထောက်ပံ့ပေးသွားသည်
ဟုသိရသည်။

ယခုနှစ်ပညာသင်နှစ်တစ်နှစ်အတွက်သာစမ်းသပ်ထောက်ပံ့ပေးသွားခြင်းဖြစ်ပြီးအောင်မြင်မှုရှိပါကနှစ်စဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးဦးခွန်းထက်ကဆက်ပြောသည်။
ထောက်ပံ့ငွေဖြင့်တစ်နှစ်ပတ်လုံးတွင်ကျောင်းသား၊ကျောင်းသူ၁၀ဦးမှ၁၀၀ဦးကြားရှိသောကျောင်းများအတွက်၈သိန်း၊၁၀၁ဦးမှ၂၀၀ဦးရှိသောကျောင်းများအတွက်၁၀သိန်း၊၂၀၁ဦးနှင့်၃၀၀
ဦးရှိသောကျောင်းများအတွက်၁၂သိန်း၊ကျောင်းသား၊ကျောင်းသူ၃၀၁ဦးမှ၄၀၀ဦးရှိသောကျောင်းများအတွက်၁၄သိန်း၊၄၀၁ယောက်နှင့်အထက်ရှိသောကျောင်းများကို၁၆သိန်းထောက်ပံ့ပေး
သွားရန်အစီအစဉ်ရှိကြောင်းလည်းသိရသည်။

မူလတန်းအခမဲ့ပညာရေးစတင်အကောင်အထည်ဖော်ဆောင်ရွက်လာသည့်အချိန်မှစ၍ကျောင်းတိုင်းတွင်ကျောင်းသူ၊ကျောင်းသားဦးရေတိုးပွားလာကြောင်းသိရသည်။ယခင်ကထောက်ပံ့ကြေး
ငွေမရချိန်တွင်ကျောင်းသုံးစရိတ်များ၊လုပ်အားခများ၊ရုံးသုံးစရိတ်များ၊စာမေးပွဲဖြေဆိုရန်ကုန်ကျစရိတ်များစသည့်ကုန်ကျစရိတ်များအတွက်ကျောင်းသားမိဘများနှင့်ပူးပေါ င်းဆောင်ရွက်ခဲ့
ကြရသည်ဟုသိရသည်။

အင်ကုန်းအထက်တန်းကျောင်းတန်းခွဲမှကျောင်းအုပ်ဆရာမကြီးဒေါ်ကြည်ကြည်ဌေးက“အရင်တုန်းကတော့မိဘနဲ့ပူးပေါင်းပြီးမှဆောင်ရွက်ခဲ့ရတာပေါ့နော်။တချို့လည်းဆင်းရဲနွမ်းပါးတွေရှိတဲ့
အခါကျောင်းမနေနိုင်တာတွေလည်းရှိတာပေါ့။အခုဆိုလို့ရှိရင်မူလတန်းအခမဲ့ရှိတဲ့အခါဆိုရင်ကျောင်းသူ၊ကျောင်းသားဦးရေတအားတိုးလာတယ်”ဟုဆိုသည်။

ယခုလိုအခမဲ့မူလတန်းပညာရေးစနစ်နှင့်ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ပေးမည့်အစီအစဉ်ကြောင့်ကျောင်းသူကျောင်းသားဦးရေတိုးပွားလာမည့်အပြင်ကျောင်းဆရာ၊ရာမများနှင့်ကျောင်း
သူ၊ကျောင်းသား၊မိဘများအကြားငွေကြေးနှင့်ပက်သက်သောကုန်ကျစရိတ်များလျော့ကျလာမည်ဖြစ်ကြောင်းလည်းဒေါ်ကြည်ကြည်ဌေးကဆက်ပြောသွားသည်။