အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန်တိုင်းရင်းသားခေါင်းဆောင်များလိုင်ဇာသို့ရောက်ရှိ

...

အပစ်အခတ်ရပ်စဲရေးဆွေးနွေးရန်တိုင်းရင်းသားခေါင်းဆောင်များလိုင်ဇာသို့ရောက်ရှိ

Democratic Voice of Burma, 22 Jul 2014

URL: http://www.dvb.no/news/ethnic-leaders-arrive-for-laiza-ceasefire-talks-burma-myanmar/42651
အမျိုးမျိုးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှကိုယ်စားလှယ်များသည်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညီလာခံကိုတက်ရောက်ရန်အတွက်ကချင်ပြည်နယ်၊လိုင်ဇာရှိကချင်လွတ်မြောက် ရေးအစည်းအရုံး(KIO)ဌာနချုပ်သို့တနင်္လာနေ့တွင်ရောက်ရှိခဲ့ကြသည်။

တက်ရောက်လေ့လာသူများမှလည်းလိုင်ဇာညီလာခံသည်မြန်မာနိုင်ငံရှိအပစ်အခတ်ရပ်စဲရေးအပေါ်အရေးပါမှုများရရှိလာမည်ဟုမျှော်လင့်ခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ကိုကိုယ်စားပြုသည့်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအသင်း(NCCT)သည်ဇူလိုင်လ၂၄ရက်နှင့်၂၆ရက်နေ့တို့တွင်တရုတ်-မြန်မာနယ်စပ်၌ စေ့စပ်ဆွေးနွေး
မှုများအတွက်ထပ်မံစည်းဝေးပွဲပြုလုပ်မည်ဖြစ်သည်။

၎င်းတို့မှမြန်မာအစိုးရနှင့်ဆယ်စုနှစ်များစွာဖြစ်ပွားနေသည့်စစ်ပွဲများကိုပြီးဆုံးစေမည့်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက်ဝေါဟာရအသုံးအနှုန်း​နှင့်အခြေအနေများကိုပြန်လည်ဆွေးနွေးသုံး
သပ်ရန်အတွက်ဖြစ်သည်။

“ပထမဆုံးနဲ့အဓိကအားဖြင့်ကျွန်တော်တို့အပစ်အခတ်ရပ်စဲရေးကိုပြန်လည်သုံးသပ်ကြမှာဖြစ်ပြီးအဲ့ဒါကိုလက်မှတ်ရေးထိုးဖို့အတွက်သတ်မှတ်ထားမယ့်အခြေအနေတွေပါပါမယ်”ဟုအစည်းအဝေး
တွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သောအဓိကျသည့်ညှိနှိုင်းသူဖြစ်သည့်ကချင်လက်နက်ကိုင်တပ်ဖွဲ့မှဒုတိယစစ်သေနာပတိဗိုလ်ချုပ်ဂွမ်မော်မှပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးတဲ့နောက်အနာဂတ်နိုင်ငံရေးဆွေးနွေးမှုတွေအတွက်အစီအစဉ်တွေပြုလုပ်တဲ့အခါကျွန်တော်တို့လည်းပါဝင်မှာပါ”ဟုပြောကြားခဲ့ပြီးလိုင်ဇာ
ဆွေးနွေးပွဲကိုတက်ရောက်ရန်အတွက်NCCTမှာမပါဝင်သူတွေနဲ့ကျောင်းသားတပ်မတော်တို့ကိုပါဖိတ်ကြားခဲ့သည်ဟုပြောခဲ့သည်။

“NCCTကိုရော၊ NCCTအဖွဲ့ဝင်မဟုတ်တဲ့သူတွေကိုပါကျွန်တော်တို့ဖိတ်ကြားခဲ့ပါတယ်၊အစည်းအဝေးပြီးတဲ့နောက်ပိုင်းမှာNCCTမှာမပါဝင်တဲ့အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေနဲ့ကျွန်တော်တို့ဆက်
လက်ဆွေးနွေးပါမယ်၊အစည်းအဝေးတွေမှာအဖွဲ့အစည်းအဖွဲ့ဝင်တွေရဲ့ဘေးမှာရှိတဲ့လာရောက်လေ့လာနေသူများလည်းပါဝင်ပါတယ်။”

မွန်၊ကရင်၊ကရင်နီ၊ရှမ်း၊ကချင်၊ချင်းနှင့်ရခိုင်ဗုဒ္ဓဘာသာအဖွဲ့တို့ကိုကိုယ်စားပြုသည့်NCCTသည်များမကြာမီကရာဇဝင်တွင်တိုင်းရင်းသားမဟာမိတ်များကိုတစုတစည်းတည်းပြုလုပ်နိုင်မှုအတွက်
ပြီးပြည့်စုံဆုံးဖြစ်လာသည်။

NCCTသည်၂၀၁၃ခုနှစ်၊အောက်တိုဘာ၃၀ရက်နေ့တွင်လိုင်ဇာ၌အစည်းအဝေးကျင်းပခဲ့သည်။ယခုနှစ်ဇန်နဝါရီလတွင်ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်လောခီးလာတွင်ဒုတိယအကြိမ် ညီလာခံကိုကျင်းပခဲ့သည်။

“ဒီညီလာခံဟာကျွန်တော်တို့တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးရဖို့အတွက်ပိုမိုနီးကပ်လာတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်”ဟုKNUအထွေထွေအတွင်းမှူးပဒိုစောကွယ်ထူးဝင်းမှပြောခဲ့သည်။