ဘားအံရှိအခြေခံမူလတန်းကျောင်းကိုဂျပန်မှပံ့ပိုးကူညီပေး

...

ဘားအံရှိအခြေခံမူလတန်းကျောင်းကိုဂျပန်မှပံ့ပိုးကူညီပေး

The New Light of Myanmar, 24 Jul 2014

URL: http://myanmargeneva.org/Newspaper/2014%20July/24.July%2014_nlm.pdf
ဘားအံမြို့၊ဇူလိုင်လ(၂၃)ရက်--GGPစီမံချက်ဖြစ်သောအခြေခံလူတန်းစားအာမခံချက်စီမံကိန်းအတွက်ထောက်ပံ့ကူညီမှုများခွင့်ပြုချက်ရရှိထားမှုအောက်၌ဂျပန်အစိုးရသည်“ကရင်ပြည်နယ်၊ဘားအံမြို့အမှတ်(၂)အခြေခံပညာမူလတန်းစာသင်ကျောင်းဆောက်လုပ်မှုစီမံကိန်း”ဟုခေါင်းစဉ်တပ်ထားသောလူသားချင်းစာနာထောက်ထားမှုအကူအညီစီမံကိန်းအတွက်ကူညီထောက်ပံ့မှု
ယူအက်စ်ဒေါ်လာ(၂၂၂, ၉၁၃)ကူ​ညီ​ခဲ့​သည်။​

ဇူလိုင်လ(၁၈)ရက်၊၂၀၁၄ခုနှစ်တွင်ဘားအံအမှတ်(၂)အခြေခံပညာမူလတန်းကျောင်းတည်ဆောက်ရေးကော်မတီဥက္ကဌဦးသန်းမြနှင့်မြန်မာနိုင်ငံရှိဂျပန်သံမတ်ကြီးMr. Tateshi Higuchi တို့မှထောက်ပံ့ကြေးငွေစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။

ဘားအံအမှတ်(၂)အခြေခံပညာမူလတန်းကျောင်းကို၁၉၆၀ခုနှစ်ကဖွင့်လှစ်ခဲ့သည်။သစ်သားဖြင့်ဆောက်​လုပ်ထားသောကျောင်းဆောင်တစ်ဆောင်ကို၁၉၈၀တွင်ဆောက်လုပ်ခဲ့သော်လည်းလွန်
ခဲ့သောနှစ်များကရေကြီးမှုကြောင့်ပျက်စီးခဲ့သည်။

ထိုသို့သောအခြေအနေများအောက်၌ဂျပန်အစိုးရသည်GGPမှတဆင့်ဘားအံမြို့နယ်အခြေခံပညာမူလတန်းကျောင်းအတွက်ပေ(၁၈၀X၃၀)ပေရှိRCC တစ်ထပ်အဆောက်အဦးနှင့်​(၁၃၀x၃၀) ရှိသောRCCတစ်ထပ်အဆောက်အဦးတို့နှင့်အိမ်သာ၊ကျောင်းသုံးပရိဘောဂများစသည်တို့ကိုဆောက်လုပ်ရေးအတွက်ထောက်ပံ့ကြေးငွေကူညီထောက်ပံ့ပေးရန်ဆုံးဖြတ်ခဲ့ကြသည်။ထိုစီမံကိန်း သည်ကျောင်းသားအယောက်(၃၅၀)ခန့်ကိုပိုမိုကောင်းမွန်သောသင်ကြားရေးနှင့်အတူကျန်းမာသန့်ရှင်းသောပတ်ဝန်းကျင်ကိုရရှိရန်အတွက်တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်သည်။

ဂျပန်သည်၁၉၉၃ခုနှစ်မှစ၍GGPစီမံချက်အောက်၌မြန်မာနိုင်ငံတွင်အခြေခံလူတန်းစားများအတွက်အမျိုးမျိုးသောစီမံကိန်း(၆၈၉)ခုတွင်ပါဝင်ဆောက်ရွက်လာခဲ့သည်။