ကရင်နီခေါင်းဆောင်မှအပစ်အခတ်ရပ်စဲရေးနောက်ဆုံးနေ့တွင်တိုက်တွန်းသတိပေးပြောကြား

...

ကရင်နီခေါင်းဆောင်မှအပစ်အခတ်ရပ်စဲရေးနောက်ဆုံးနေ့တွင်တိုက်တွန်းသတိပေးပြောကြား

Democratic Voice of Burma, 28 Jul 2014

URL: http://www.dvb.no/news/karenni-leader-urges-caution-on-final-day-of-ceasefire-talks-burma-myanmar/42792
လိုင်ဇာတွင်ကျင်းပသောအစည်းအဝေးနောက်ဆုံးနေ့တွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)မှတက်ရောက်လာကြသောတိုင်းရင်းသားကိုယ်စားလှယ်အယောက်
(၁၀၀)ကြားမှနောက်ဆုံးနေ့တွင်သဘာပတိအဖြစ်ဆောင်ရွက်သူကရင်နီခေါင်းဆောင်အေဘယ်လ်တွိကတိုင်းရင်းသားမဟာမိတ်များသည်အကောင်းဆုံးအတွက်မျှော်လင့်ထားသလိုအဆိုးဆုံး
အတွက်လည်းပြင်ဆင်ထားရမည်ဖြစ်ကြောင်းတနင်္လာနေ့တွင်ပြောကြားခဲ့သည်။

တိုင်းရင်းသားကိုယ်စားလှယ်များနှင့်မြန်မာကိုယ်စားလှယ်များမှပူးတွဲရေးဆွဲထားသောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအဆိုပြု လွှာ၏ဒုတိယမူကြမ်းကိုတိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့၁၆ဖွဲ့မှခေါင်းဆောင်များတစုတစည်းတည်းဆွေးနွေးအဖြေရှာအပြီးသတ်နိုင်ရန်အတွက်ရောက်ရှိနေကြသည့်ကချင်အမျိုးသားအစည်းအရုံးဌာချုပ်လိုင်ဇာတွင်ကျင်းပသောနောက်ဆုံးအကြိမ်
ဆွေးနွေးမှုများ၌ကိုယ်စားလှယ်များနှင့်လာရောက်လေ့လာသူများအားကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဥက္ကဌမှမှတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“သမ္မတဦးသိန်းစိန်ရဲ့အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်မှုများနဲ့စပ်လျဉ်းပြီးအကောင်းဆုံးအတွက်ကျွန်တော်တို့မျှော်လင့်ထားသလိုအဆိုးဆုံးအတွက်လည်းကျွန်တော်တို့ပြင်ဆင်ထားရပါမယ်၊ပြီးတော့ပိုပြီးအရေးကြီးတာကတော့အရင်ကဖြစ်ပျက်ခဲ့တာတွေကိုသင်ခန်းစာယူပြီးအားလုံးသောတိုင်းရင်းသားအမျိုးမျိုးအတွင်းမှာစည်းလုံးညီညွတ်မှုကိုဆက်လက်တိုးမြှင့်ဆောင်ရွက်ရမယ်
လို့ကျွန်တော်အလေးထားပြောကြားချင်ပါတယ်” ဟုတနင်္လာနေ့ညီလာခံစတင်ရာတွင်အေဘယ်လ်တွိမှပြောကြားခဲ့သည်။

“ယခင်အစိုးရဗိုလ်ချုပ်ခင်ညွန့်လက်ထက်တုန်းကအပစ်အခတ်ရပ်စဲရေးကမ်းလှမ်းမှုများဟာအသီးအပွင့်အကျိုးကိုမခံစားခဲ့ရပါဘူး၊ကျွန်တော်တို့အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများဟာပြည် ထောင်စုအဆင့်ထိမရောက်ခဲ့ပါဘူး၊ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟာပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းမရှိပဲတသီးတခြားလုပ်ကိုင်ခဲ့ကြလို့ပါပဲ။”

အစည်းအဝေးပထမနှစ်ရက်တွင်NCCTသည်အပစ်အခတ်ရပ်စဲရေးမူကြမ်း၏ပထမအခန်း(၄)ခန်းကိုပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။အစည်းအဝေးနောက်ဆုံးရက်တွင်ကျန်ရှိနေသောအ ခန်းများကိုဆွေးနွေးကြရန်မျှော်မှန်းထားသည်။

၂၀၁၂ခုနှစ်၊မတ်လတွင်နေပြည်တော်၌အေဘယ်လ်တွိနှင့်KNPPသည်နှစ်ဦးနှစ်ဖက်ပါဝင်သောအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။၁၉၉၅ခုနှစ်တွင်လက်မှတ်ရေး
ထိုးခဲ့သည့်လွန်ခဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည်သုံးလအတွင်းပယ်ပျက်ခဲ့သည်။

နိုင်ငံသည်ပြည်တွင်းအဆင့်ငြိမ်းချမ်းရေးသဘောတူညီမှုများကိုရရှိရန်ရှေ့ဆက်လုပ်ဆောင်နေသောကြောင့်လိုင်ဇာရှိညီလာခံသည်NCCTအဖွဲ့ဝင်များမှကျင်းပသောတတိယအကြိမ်မြောက်ညီ
လာခံဖြစ်သည်။မြန်မာစစ်တပ်သည်ကနဦးတွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာ ချုပ်ကိုသြဂုတ်လတွင်လက်မှတ်ရေးထိုးရန်နောက်ဆုံးအချိန်သတ်မှတ်ထားသော်
လည်းပြည်ထောင်စုအဆင့်တွင်ပါဝင်သူများနှင့်NCCTတို့သဘောတူညီချက်မရရှိသောကြောင့်နှောင့်နှေးခဲ့ရသည်။လုပ်ငန်းစဉ်နှင့်နီးစပ်သောအထောက်အထားများအရစက်တင်ဘာလတွင်နှစ် ဘက်စလုံးမှသဘောတူညီချက်ရှိလိမ့်မည်ဟုခန့်မှန်းခဲ့ကြသည်။