မြန်မာနိုင်ငံတွင်ကလေးမွေးစာရင်းရေးရှေ့ပြေးစီမံကိန်းစတင်ဆောင်ရွက်မည်

...

မြန်မာနိုင်ငံတွင်ကလေးမွေးစာရင်းရေးရှေ့ပြေးစီမံကိန်းစတင်ဆောင်ရွက်မည်

Khaleej Times, 29 Jul 2014

URL: http://www.khaleejtimes.com/kt-article-display-1.asp?xfile=data/international/2014/July/international_July600.xml&section=international
တနိုင်ငံလုံးမွေးစာရင်းမကောက်ယူမီမွေးစာရင်းအားလုံးစာရင်းသွင်းပြီးကြောင်းသေချာစေရန်အတွက်မြန်မာနိုင်ငံအစိုးရသည်ပြည်နယ်သုံးပြည်နယ်တွင်မွေးစာရင်းရှေ့ပြေးအစီအစဉ်ကိုစတင်
ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့သည်။

နည်းပညာပိုင်းဆိုင်ရာနှင့်ငွေးကြေးထောက်ပံ့ကူညီမှုများကိုကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ယူနီဆက်နှင့်ဥရောပသမဂ္ဂအီးယူတို့မှကူညီပေးမည်ဖြစ်ပြီးမွေးစာရင်းအတွက်ရှေ့ပြေးအစီအစဉ်
ကိုမြို့ နယ်(၄၄)မြို့နယ်မှာအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်ဟွာသတင်းမှအစီရင်ခံထားသည်။

မြန်မာနိုင်ငံမှာရှိသည့်ကလေးအယောက်(၁.၆)သန်းဝန်းကျင်သည်တရားဝင်စာရင်းမသွင်းရသေးကြောင်း၊နိုင်ငံမှာရှိသည့်ကလေးတိုင်း၏မွေးစာရင်းသွင်းခြင်းစိန်ခေါ်မှုပြဿနာများကိုကိုင် တွယ်ဖြေရှင်းရန်လိုအပ်ကြောင်းကိုUnicefမြန်မာမှလက်ထောက်ကိုယ်စားလှယ်Shalini Bahugunaမှပြောခဲ့သည်။

ယခုရှေ့ပြေးမွေးစာရင်းသွင်းခြင်းအစီအစဉ်သည်ကလေးပေါင်းလေးသိန်းခန့်ကိုမွေးစာရင်းရရှိသွားစေမည်ဖြစ်သည်ဟုBahuguna မှပြောခဲ့သည်။

မွေးစာရင်းမရှိသည့်ကလေးများသည်နောင်တွင်လူကုန်ကူးခြင်းခံရသည့်အန္တရယ်၊လိင်လုပ်ငန်းမှာအသုံးချခံရသည့်အန္တရယ်များကြီးမားသည်ဟုမိဘများကိုသတိပေးခဲ့သည်။