မြန်မာနိုင်ငံတွင်အော်ရီဒူးဆင်းကဒ်များကိုအကန့်အသတ်ဖြင့်သာရောင်းချ

...

မြန်မာနိုင်ငံတွင်အော်ရီဒူးဆင်းကဒ်များကိုအကန့်အသတ်ဖြင့်သာရောင်းချ

Irrawaddy News, 30 Jul 2014

URL: http://www.irrawaddy.org/business/ooredoo-sim-cards-go-limited-sale-burma.html
ကာတာနိုင်ငံအခြေစိုက်အော်ရီဒူးကုမ္ပဏီသည်မိုဘိုင်းဖုန်းဆင်းကဒ်များကိုအကြမ်းဖျင်းစျေးဖြင့်ရှေ့ဆက်ရောင်းချမည်ဖြစ်သောကြောင့်မန္တလေးရှိတချို့သောဆိုင်များတွင်အော်ရီဒူးဆင်းကဒ်
များကိုအရေအတွက်အကန့်အသတ်ဖြင့်စတင်ရောင်းချနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သောနှစ်၌တယ်လီဖုန်းဝင်ဆောင်မှုများလုပ်ရန်တင်ဒါခေါ်ယူရာတွင်လေလံအနိုင်ရသောဒူဘိုင်းအခြေစိုက်အော်ရီဒူးကုမ္ပဏီနှင့်နော်ဝေးအခြေစိုက်တယ်လီနော့ကုမ္ပဏီတို့မှ
တတ်နိုင်သည့်စျေးနှုန်းဖြင့်ရောင်းချမည့်ဆင်းကဒ်များကိုစောင့်စားခဲ့သည်။ဆင်းကဒ်များကိုမဲနှိုက်ကာအကန့်အသတ်ဖြင့်ချပေးပြီးမှောင်ခိုစျေးကွက်တွင်ပါရောက်ရှိနေသည့်ပြည်တွင်းမြန်မာ့ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေး(MPT)နှင့်အပြိုင်ကုမ္ပဏီနှစ်ခုသည် စျေးကွက်အတွင်းဝင်ရောက်လာသည်။

အော်ရီဒူးမြန်မာမှပြောရေးဆိုခွင့်ရှိသူသီရိကြာညိုမှအော်ရီဒူးဆင်းကဒ်များကိုနိုင်ငံတဝှမ်းလုံးအတိုင်းအတာဖြင့်မည်သည့်အချိန်တွင်ရောင်းချမည်ဆိုသည်ကိုသူမအနေနှင့်အတည်မပြု နိုင်သေး
ကြောင်းပြောကြားခဲ့သည်။ရန်ကုန်မြို့ ၌စနေနေ့တွင်ပြုလုပ်မည့်သတင်းစာရှင်းလင်းပွဲတွင်အားလုံးကိုထုတ်ဖော်ကြေငြာလိမ့်မည်ဖြစ်ကြောင်းသူမမှပြောခဲ့သည်။

နေပြည်တော်ရှိဖုန်းဆိုင်များတွင်လည်းဖုန်းဆင်းကဒ်များကိုရောင်းချနေပြီဖြစ်ကြောင်းပြည်တွင်းသတင်းစာများတွင်ဖော်ပြခဲ့သည်။

ဖုန်းဆင်းကဒ်များကိုစနေနေ့တွင်တရားဝင်စတင်ရောင်းချရန်အတွက်ဆိုင်များတွင်အဆင်သင့်ဖြန့်ဖြူးပြီးပြီဖြစ်သော်လည်းမြန်မာနိုင်ငံ၏ဒုတိယမြို့တော်ရှိတချို့ဆိုင်များတွင်ဆင်းကဒ်များကို
ရောင်းချပြီးနှင့်ပြီဖြစ်ကြောင်းမန္တလေးမြို့နေအမည်မဖော်လိုသူတစ်ဦးမှဧရာဝတီသတင်းစဉ်သို့ပြောခဲ့သည်။

ဆင်းကဒ်များကိုလက်လီစျေး(၁၅၀၀)ကျပ်ဖြင့်ရောင်းချရန်ချထားပေးသောဆင်းကဒ်များကိုမန္တလေးရှိမိုဘိုင်းဖုန်းမားသားဆိုင်တွင်မှတ်ပုံတင်ကဒ်ရှိသောသူများအားဖုန်းဆင်းကဒ်တကဒ်
လျှင်(၁၇၀၀)ကျပ်စီဖြင့်ရောင်းချလျက်ရှိသည်။ရီဒူးဆင်းကဒ်တရားဝင်ဖြန့်ဖြူးခွင့်ရထားသည့်ဆိုင်သည်တစ်ရက်လျှင်ဖုန်းဆင်းကဒ်တစ်ထောင်ရောင်းချခဲ့ကြောင်းဆိုင်ဝန်ထမ်းတစ်ဦးမှပြော
ခဲ့သည်။

အော်ရီဒူးဆင်းကဒ်အချင်းချင်းဖုန်းဆက်ပါကမိနစ်(၉၀၀)နှင့်စာသားမက်ဆေ့(၉၀၀)အခမဲ့ပေးမည်ဖြစ်ပြီးMPTဖုန်းကဒ်သုံးသူများဆီသို့ဆက်မည်ဆိုပါကမိနစ်(၉၀)နှင့်စာသားမက်ဆေ့(၉၀)
အခမဲ့ရရှိမည်ဖြစ်ပြီးသြဂုတ်လ(၂)ရက်နေ့မှ(၁၅)ရက်နေ့အတွင်းအင်တာနက်၂၀မီဂါဗိုက်(MB)အသုံးပြု နိုင်မည်ဖြစ်သည်ဟုဖုန်းဆိုင်အလုပ်သမားတစ်ဦးမှပြောကြားခဲ့သည်။

MPTမှအင်္ဂါနေ့တွင်(၂၅၀၀)ကျပ်ထည့်ခြင်းအားဖြင့်ခေါ်ဆိုချင်သူသုံးဦးကိုရွေးချယ်ကာတစ်မိနစ်လျှင်(၂၅)ကျပ်သာကုန်ကျမည်ဖြစ်သော“သူငယ်ချင်းများနှင့်မိသားစုများ”အမည်ဖြင့်ပရိုမိုး
ရှင်းတခုကိုလည်းစတင်လုပ်ဆောင်ခဲ့သည်။