အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများသြဂုတ်လလယ်တွင်ထပ်မံပြုလုပ်မည်

...

အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများသြဂုတ်လလယ်တွင်ထပ်မံပြုလုပ်မည်

Irrawaddy News, 04 Aug 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/11979-ceasefire-talks-to-be-scheduled-for-mid-august
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအသင်းနှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့အကြားအပစ်အခတ်ရပ်စဲရေးစာချုပ်အပြီးသတ်လက်မှတ်ရေးထိုး
နိုင်ခြင်းနှင့်ပက်သက်၍ညှိနှိုင်းဆွေးနွေးမှုများကိုနှစ်ပတ်တာအချိန်အတောအတွင်းကျင်းပနိုင်လိမ့်မည်ဟုမြန်မာငြိမ်းချမ်းရေးစင်တာမှဦးလှမောင်ရွှေကပြောကြားခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်လိုင်ဇာမှာကျင်းပသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ထိပ်သီးအစည်းအဝေးပြီးနောက်ပိုင်းပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်
မတီတို့နှင့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်းအဖွဲ့တို့သြဂုတ်လ(၃)ရက်နေ့တွင်စာချုပ်အပြီးသတ်ချုပ်ဆိုနိုင်ဖို့အတွက်အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“နှစ်ဘက်စလုံးကတိုးတက်မှုတွေပြနေပါပြီ။ဒါကြောင့်လာမယ့်မူကြမ်းဟာဆိုရင်အပြီးသတ်ပုံစံဖြစ်လာပါမယ်ဘယ်တော့လောက်လဲတော့ယတိပြတ်မပြောနိုင်သေးပါဘူး”ဟုဦးလှမောင်ရွှေမှပြော
ကြားခဲ့သည်။

ဆွေးနွေးမှုများအတွက်တထပ်တည်းကျတဲ့မူကြမ်းကိုအပြီးသတ်လုပ်ဆောင်ရန်ရှိသေးသောကြောင့်၎င်းတို့မှသြဂုတ်လတတိယအပတ်တွင်ရှေ့ဆက်ဆွေးနွေးရန်အလားအလာရှိကြောင်းနှင့်ရန်ကုန်
ရှိမြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)တွင်ညီလာခံထပ်မံကျင်းပလိမ့်မည်ဖြစ်ကြောင်း၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။

နှစ်ဘက်စလုံးအတွက်သြဂုတ်လ(၃)ရက်နေ့တွင်ကျင်းပခဲ့သောအကြိုညီလာခံ၏ရည်ရွယ်ချက်သည်တဖက်နှင့်နှင့်တဖက်လက်ရှိအခြေအနေများကိုနားလည်သဘောပေါက်စေရန်ဖြစ်သည်ဟုတနိုင်
ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း၏ဒုတိယဥက္ကဌဖြစ်သူနိုင်ဟံသာမှမိစ္ဇျိမသို့ပြောခဲ့သည်။

အပြီးသတ်အပစ်အခတ်ရပ်စဲရေးကိုနှစ်လအတွင်းလက်မှတ်ရေးထိုးနိုင်ဖို့မျှော်လင့်ကြောင်းချင်းအမျိုးသားရှေ့ဦးပါတီ၏NCCTကိုယ်စားလှယ်တစ်ဦးဖြစ်သူဒေါက်တာLian Sakhong မှမိစ္ဇျိမသို့
ပြောခဲ့သည်။