တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်အရေးပါသောတပ်ပြန်လည်နေရာချထားရေးနှင့်စည်းကျင့်ဝတ်စည်းမျဉ်းများ

...

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအတွက်အရေးပါသောတပ်ပြန်လည်နေရာချထားရေးနှင့်စည်းကျင့်ဝတ်စည်းမျဉ်းများ

Irrawaddy News, 31 Jul 2014

URL: http://www.irrawaddy.org/burma/troop-repositioning-code-conduct-important-nationwide-ceasefire-ethnics.html
တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များမှလိုင်ဇာတွင်အစည်းအဝေးကိုအပြီးသတ်ခဲ့ပြီး၎င်းတို့မှတပ်များကိုပြန်လည်နေရာချထားခြင်းနှင့်အစိုးရနှင့်၎င်းတို့၏ဆွေးနွေးမှုများတွင်
ဦးစားပေးအနေဖြင့်အနာဂတ်တွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုပူးတွဲစောင့်ကြည့်စစ်ဆေးရေးများပြုလုပ်ရန်သဘောတူညီခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့မှကိုယ်စားလှယ်များဖြင့်ပါဝင်ဖွဲ့စည်းထားသောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)သည်တနိုင်ငံလုံးဆိုင်ရာအပစ်အ
ခတ်ရပ်စဲရေးမူကြမ်းကိုအစိုးရနှင့်အနာဂတ်တွင်ဆွေးနွေးမှုများပြုလုပ်ရန်အတွက်အများသဘောထားရပ်တည်ချက်ရှု့ထောင့်များတိုးတက်လာစေရန်မကြာသေးမီရက်များကလိုင်ဇာရှိက
ချင်လက်နက်ကိုင်နယ်စပ်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့်မြန်မာစစ်တပ်များ၏တပ်များနေရာပြန်လည်ချထားရေးသဘောတူညီချက်တွင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပြီးနောက်ဆက်တွဲအရတပ်
များမှမည်သို့သို့မည်ပုံပြုမူရမည့်ကျင့်ဝတ်စည်းမျဉ်းများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်စစ်တပ်တို့ပူးပေါင်းဖွဲ့စည်းထားသောစောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီတို့မှအ
တည်ပြု မည့်ဤကျင့်ဝတ်စည်းမျဉ်းများသည်အပစ်အခတ်ရပ်စဲရေးပြီးသည့်နောက်ပိုင်းတွင်အကြမ်းမှုများကိုအကာအကွယ်ပေးလိမ့်မည်ဟုNCCTမှယုံကြည်သည်။

သို့သော်လည်းတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစေ့စပ်စေ့ဆွေးနွေးမှုများပြုလုပ်စဉ်အတွင်းကျင့်ဝတ်စည်း မျဉ်းများနှင့်တပ်နေရာပြန်လည်ချထားရေးများနှင့်ပက်သက်၍အလေး
ထားမှုများ သည်ကွဲပြားခြားနားမှုများရှိနေလိမ့်မည်ဟုထင်ကျန်ရစ်စရာရှိသည်။ကရင်အမျိုးသားအစည်းအရုံးသည်၂၀၁၂ခုနှစ်တွင်နေပြည်တော်၌နှစ်ဦးနှစ်ဖက်ပါဝင်သောအပစ်အခတ်
ရပ်စဲရေးကိုလက်မှတ်ရေးထိုးခဲ့ပြီးကျင့်ဝတ်စည်းမျဉ်းများသဘောတူညီမှုမရသေးခင်နှင့်စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီအကောင်အထည်မဖော်သေးမီကပင်အစိုးရနှင့်ရင်းနှီး
ကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။

သမ္မတဦးသိန်းစိန်၏ပြုပြင်ပြောင်းလဲရေးအစိုးရလက်ထက်တွင်၂၀၁၁ခုနှစ်၌အစိုးရနေရာယူချိန်မှစတင်၍တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဒါဇင်ထက်မနည်းနှင့်အတူနှစ်ဦးနှစ်ဖက်
ပါဝင်သောအပစ်အခတ်ရပ်စဲရေးများတွင်လက်မှတ်ရေးထိုးခဲ့ပြီးယမန်နှစ်တွင်အစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့များနှင့်အတူတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲ
ရေးကိုတက်ကြွစွာစတင်လုပ်ဆောင်လာခဲ့သော်လည်း၎င်းသည်ယတိပြတ်အခိုင်အလုံမဖြစ်သေးပေ။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများတုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသည့်အတောအတွင်းတင်းခံနေသည့်အချက်များသည်ပြန်လည်ဖြေရှင်းပေးမှုရရှိရန်စောင့်ဆိုင်းနေကြသည်။
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ထဲတွင်ထည့်သွင်းထားသည့်မြန်မာစစ်တပ်တောင်းဆိုထားသောအခြေအနေ(၆)ချက်သည်အငြင်းပွားရမည့်နောက်ထပ်အဓိကအချက်ပင်ဖြစ်
သည်။

လိုင်စည်းအဝေး၌တိုင်းရင်းသားခေါင်းဆောင်များမှ၎င်းတို့သည်မြန်မာစစ်တပ်မဖြေရှင်းရသေးသည့်အကြောင်းအရာကိစ္စများကိုချန်ရစ်ထားခဲ့ပြီးထိုအကြောင်းအရာများကိုနိုင်ငံရေးဆွေး
နွေးမှုများပြုလုပ်သည့်အချိန်အတွင်း၎င်းတို့မှဆွေးနွေးသွားရန်ဆုံးဖြတ်ခဲ့ကြပြီးထိုအကြောင်းအရာများသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်နောက်ဆက်တွဲအဖြစ်ဆွေးနွေး
ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပက်သက်၍စာအုပ်အချို့ရေးသားသူစာရေးဆရာဖြစ်သောဝါရင့်သတင်းထောက်ဖြစ်သူBertil Lintnerမှကာလကြာရှည်စွာဖြစ်ပွားနေသောတိုင်းရင်းသားပဋိပက္ခများအပေါ်
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများနှောင့်နှေးနေသည်ကိုမြင်တွေ့ရတာ၎င်းအနေနှင့်အံ့သြမှုမဖြစ်မိတော့ကြောင်းပြောခဲ့သည်။

“အစိုးရဟာဘယ်တော့မှဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့မလုပ်ဆောင်ခဲ့ပါဘူး၊စိတ်မဝင်စားခဲ့ပါဘူး။ဆွေးနွေးမှုတွေပြုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်းတိုင်းရင်းသားအဖွဲ့တွေကိုလက်ရှိ
အခြေတည်ထားတဲ့၂၀၀၈ခုနှစ်အခြေခံဥပဒေကိုလက်ခံစေဖို့အမြဲဆွဲဆောင်မှုလုပ်နေဖို့အတွက်ပါပဲ”ဟု၎င်းမှပြောခဲ့သည်။