ပဋိပက္ခဖြစ်ပွားနေသောဒေသများအတွက်UN၏ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်

...

ပဋိပက္ခဖြစ်ပွားနေသောဒေသများအတွက်UN၏ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်

The New Light of Myanmar, 06 Aug 2014

URL: https://docs.google.com/viewer?url=http://www.moi.gov.mm/npe/nlm/sites/default/files/newspaper-pdf/2014/08/5/6.August%252014_nlm.pdf&chrome=true
မြန်မာနိုင်ငံရှိတိုင်းရင်းသားလူနည်းစုဒေသများတွင်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အတွက်ကုလသမဂ္ဂလ၏မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရလူထုအခြေခံအဆောက်အအုံစီ
မံကိန်းကိုယမန်နှစ်မှစတင်၍အကောင်အထည်ဖော်အကူအညီပေးခဲ့သည်။

စီမံကိန်းကိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဌာနလက်အောက်ရှိမွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့်ဂျပန်အစိုးရမှငွေကြေးထောက်ပံ့ကူညီ
ပေးခဲ့ပြီးကချင်၊ရှမ်း၊ကယားနှင့်ချင်းပြည်နယ်တို့ရှိမြို့နယ်(၁၀)မြို့နယ်တွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်

စီမံကိန်းကိုထိုမြို့နယ်များရှိမိမိကိုယ်ကိုရပ်တည်နိုင်မှုအနည်းဆုံးနှင့်ဆင်းရဲချွတ်ခြုံမှုအကျဆုံးသောမိသားစုများနှင့်ကျေးရွာများကိုဦးတည်ထားခဲ့ပြီးဘဝအရည်အသွေးတိုးတက်စေရန်အတွက်
၎င်းတို့၏လူမှုအသိုင်းအဝိုင်းတွင်အလိုအပ်ဆုံးသောပြန်လည်ထူထောင်မှုများကိုထူထောင်ပေးရန်ထိုလူများအားအကူအညီပေးခဲ့ခြင်းဖြစ်သည်ဟုUN-သဘာဝပတ်ဝန်းကျင်အခြေခံအဆောက် အအုံပြန်လည်ထူထောင်ရေးမှအထက်တန်းအင်ဂျင်နီယာဦးအေးမြင့်မှပြောခဲ့သည်။

UN-သဘာဝပတ်ဝန်းကျင်မှစီမံကိန်းကိုဂျပန်ထောက်ပံ့ကူညီပေးသောငွေကြေးကျပ်သိန်း(၄၂၁)ဖြင့်၂၀၁၃ခုနှစ်၊လိုင်လတွင်ထိုပြည်နယ်များ၌မြို့နယ်(၁၀)မြို့နယ်တွင်ရှိသောကျေးရွာပေါင်း(၅၀၉
)ရွာခန့်ကိုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများဖြင့်အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ထိုဒေသများရှိပြည်သူလူထုမှလည်းလမ်း၊တံတား၊ရေတွင်းရေကန်မျာ၊ရေလှောင်တံမံများ
နှင့်ကျောင်းတွင်းအိမ်သာစသည်တို့၏ဆောက်လုပ်ရေးများတွင်တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြသည်။

ပြည်သူလူထုအားထိုစီမံကိန်းအောက်တွင်လူထုအတွက်မိုးရေသိုလှောင်ကန်များနှင့်ဆိုလာပါဝါစနစ်များကိုပံ့ပိုးပေးခဲ့သည်။ပြည်သူလူထုအတွက်UN-သဘာဝပတ်ဝန်းကျင်အဖွဲ့မှရေဆိုးရေနုပ်
နှင့်တကိုယ်ရေသန့်ရှင်းရေးပညာပေးသင်တန်းများကိုသင်တန်းပေးနေသည်ဟု၎င်းမှထပ်ပေါင်းပြောဆိုခဲ့သည်။

UN-သဘာဝပတ်ဝန်းကျင်စီမံကိန်းသည်USAIDမှငွေကြေးရန်ပံ့ငွေထောက်ပံ့ပေးမှုဖြင့်ရှေ့သုတ်စီမံကိန်းအောက်၌ရန်ကုန်မြို့ရှိရွှေပြည်သာမြို့နယ်နှင့်ပြည်၊ဘုတ္တလင်နှင့်မုံရွာမြို့နယ်စသည်တို့တွင်
ဟိုက်ဒရိုဂျင်ဖြင့်ရေထောက်ပံ့ပေးခြင်းအတွက်ယခုအခါစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

စီမံကိန်းတွင်ပါဝင်သူများသည်သယ်ယူပို့ဆောင်ရေးအခက်အခဲများနှင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင်ကျွမ်းကျင်လုပ်သားရရှိရန်အခက်အခဲများကိုရင်ဆိုင်ခဲ့ရသည်ဟုဦးမြင့်အေးမှပြောခဲ့
သည်။