အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးမည့်အဖွဲ့အတည်မပြုနိုင်သေး

...

အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးမည့်အဖွဲ့အတည်မပြုနိုင်သေး

Irrawaddy News, 04 Aug 2014

URL: http://www.irrawaddy.org/burma/burma-govt-ethnics-discuss-roster-eligible-ceasefire-groups.html
မြစ်ကြီးနား၊ကချင်ပြည်နယ်တိုင်းရင်းသားအဖွဲ့များမှအပစ်အခတ်ရပ်စဲရေးလက်ရေးထိုးရာတွင်ပါဝင်ခွင့်မရမှာကိုစိုးရိမ်ပူပန်မှုများရှိနေချိန်တွင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်မြန်မာအစိုးရ တို့၏ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည်ကာလကြာရှည်စွာရရှိရန်ကြိုးပမ်းခဲ့သောအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုနေပြည်တော်တွင်လက်မှတ်ရေးထိုးရာ၌မည်သူကလက်မှတ်ရေးထိုးရန်သတ်မှတ်ချက် များနှင့်ကိုက်ညီသည်ကိုဆွေးနွေးရန်အတွက်တနင်္ဂနွေနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပြီးလက်မှတ်ရေးထိုးသူအရေအတွက်ကန့်သတ်ထားရှိရန်နှင့်ပက်သက်၍ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

ဇူလိုင်လနောက်ဆုံးပတ်တွင်လိုင်ဇာ၌ကျင်းပသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံပြီးသည့်နောက်မြန်မာပြည်မြောက်ပိုင်း၊ကချင်ပြည်နယ်၏မြို့တော်ဖြစ်သောမြစ်ကြီးနားမြို့တွင်တနိုင်ငံ လုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)မှခေါင်းဆောင်များသည်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့(UPWC)နှင့်သြဂုတ်လ(၃)ရက်နေ့တွင်အလွတ်သ ဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတရုံး၏ဝန်ကြီးဦးအောင်မင်းမှUPWCကိုဦးဆောင်ခဲ့ပြီးမြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်၁၆ဖွဲ့ကိုNCCTကဦးဆောင်သည်။ကရင်အမျိုးသားအစည်းအရုံးအထွေထွေအတွင်းရေးမှူးဖြစ်သူ NCCTအဖွဲ့ဝင်စောကွယ်ထူးဝင်းမှတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးမှုတွင်ကိုက်ညီမှုရှိရန်အတွက်သတ်မှတ်ချက်များ၊စည်းကမ်း များကိုထားရှိရန်နှစ်ဘက်စလုံးမှကြိုးပမ်းခဲ့ကြကြောင်းပြောကြားခဲ့သည်။

ယင်းသို့အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမည့်အဖွဲ့အစည်းများနှင့်ပက်သက်ပြီးစည်းကမ်းချက်များ၊စံနှုန်းများသတ်မှတ်ထားသည်ဟုပဒိုကွယ်ထူးဝင်းမှပြောကြားခဲ့သည်။

“စံတွေဆိုတာတကယ့်အစိုးရနဲ့လက်မှတ်ရေးထိုးပြီးသားအဖွဲ့အစည်းဖြစ်ရမယ်။ဒါမှမဟုတ်တကယ့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အစိုးရကိုနိုင်ငံရေးအရတိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းဖြစ်
ရမယ်။တခြားနိုင်ငံတွေကိုတိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းမဖြစ်ရဘူး။အချို့အဖွဲ့အစည်းတွေကမြန်မာပြည်မှာအခြေချတယ်။အခြားနိုင်ငံတွေနဲ့နိုင်ငံရေးအရတိုက်ပွဲဝင်နေတဲ့အပေါ်မှာဒါတွေကျတော့ကျွန် တော်တို့အနေနဲ့လက်မှတ်ရေးထိုးတဲ့အထဲမှာမပါသင့်ဘူးပေါ့။အဲဒီလိုတွေဆုံးဖြတ်ညှိနှိုင်းသတ်မှတ်မယ်လို့လျာထားတတ်”ဟု၎င်းကပြောသည်။

“ဥပမာအားဖြင့်အစိုးရနဲ့ယခင်သီးခြားအပစ်အခတ်ရပ်စဲရေးလုပ်ထားသည့်အဖွဲ့များနှင့်နိုင်ငံရေးခံယူချက်အတွက်အစိုးရနှင့်တိုက်ပွဲဖြစ်ရာ၌စေ့စပ်ထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာစံ နှုန်းနဲ့ကိုက်ညီတဲ့အဖွဲ့အစည်းအဖွဲ့အစည်းတွေဖြစ်ကြပါတယ်”ဟုကွယ်ထူးဝင်းမှပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့်ဆက်နွယ်နေသည့်ကမ်းပိန်းများတွင်တက်ကြွစွာလှုပ်ရှားသည့်ပြည်ပရောက်အဖွဲ့အစည်းများနှင့်အစိုးရကိုဝေဖန်အပြစ်ရှာသည့်နိုင်ငံခြားမှအဖွဲ့များကိုစံချိန်စံနှုန်းမီသည့်အဖွဲ့အစည်းစာရင်း မှဖယ်ထုတ်မည်ဖြစ်ကြောင်း၎င်းမှပြောကြားခဲ့သည်။

NCCTမှလက်မှတ်ရေးထိုးရန်ဖြစ်နိုင်ခြေရှိသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၂၀)ထက်မနည်းကိုအသိအမှတ်ပြုထားစဉ်တွင်အစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၆ဖွဲ့နှင့်မြန်မာနိုင် ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ကိုလက်ရှိတွင်အသိအမှတ်ပြုထားသည်။

အစိုးရမှNCCTတွင်မပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်သည့်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့သည်လက်မှတ်ရေး ထိုးရန်တွက်ရွေးချယ်ရာတွင်စံချိန်မီလိမ့်မည်ဖြစ်သော်လည်းတချို့NCCTအဖွဲ့ဝင်များသည်သတ်မှတ်သည့်စံနှုန်းထားနှင့်ပြည့်မီလိမ့်မည်မဟုတ်ပေ။

အစိုးရဘက်ကလက်ခံထားသည့်အဖွဲ့များမှာဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ရှမ်းပြည်အရှေ့ပိုင်း(NDAA)၊ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသား
တပ်မတော်(DKBA)၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)၊ချင်းအမျိုးသားတပ်ဦး(CNF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ရှမ်းပြည်တိုး တက်ရေးပါတီ
(SSPP/SSA)၊မွန်ပြည်သစ်ပါတီ(NMSP)၊ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLP)၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNP)၊ရခိုင်လွတ်မြောက်ရေးတပ်မတော်(ALA)၊နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ
(NSCN-K)၊ပအိုင့်အမျိုးသားလွတ်မြောက်ရေးအစည်းအရုံး(PNLO)၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ပလောင်(တအောင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်္(TNLA)၊ရခိုင်တပ်မတော်(AA)၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဖြစ်ကြောင်းသိရသည်။

အစိုးရဘက်က“ဝ”အမျိုးသားစည်းရုံးရေး(WNO)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ရခိုင်အမျိုးသားကောင်စီ(ANC)၊မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(ကိုးကန့်)(MNDAA)၊ဇိုမီးပြန်လည်
ပေါင်းစည်းရေးအစည်းအရုံး(ZRO)တို့ကိုလက်မခံဘူး။ဒီတော့ဒီတိုင်းရင်းသားတွေပါအောင်လုပ်ထားတယ်။သူတို့ဘယ်လိုပါမလဲဆိုတာကြည့်ရမယ်။ပါအောင်လုပ်ရမယ်။ဒါမှစစ်တွေမဖြစ်မှာဟုNCCTအဖွဲ့ဝင်ခွန် ဥက္ကာမှပြောခဲ့သည်။

အပစ်အခတ်ရပ်စဲမည့်တိုင်းရင်းသားအဖွဲ့များ၏စံနှုန်းသတ်မှတ်ရေးအတွက်ကိုတိကျစွာထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်းတနိုင်ငံလုံးအတိုင်းအတာအရမည်သည့်အဖွဲ့ကိုမှချန်လှပ်မထားဟု၎င်းကဆိုသည်။