မြိတ်မြို့နယ်တွင်တံတားသစ်သုံးစင်းဆောက်လုပ်မည်

...

မြိတ်မြို့နယ်တွင်တံတားသစ်သုံးစင်းဆောက်လုပ်မည်

The New Light of Myanmar, 05 Aug 2014

URL: https://docs.google.com/viewer?url=http://www.moi.gov.mm/npe/nlm/sites/default/files/newspaper-pdf/2014/08/4/5.August%252014_nlm.pdf&chrome=true
ဒေသန္တရနှင့်ပြည်နယ်အစိုးရအဖွဲ့သည်၎င်းတို့၏လုပ်ငန်းဆောင်တာများထဲမှတစ်ခုဖြစ်သည့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကိုကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

နယ်မြေများနှင့်ပြည်နယ်များဖွံ့ဖြိုးတိုးတက်စေရန်လမ်းတံတားဆောက်လုပ်ရေးအတွက်ငွေကြေးရန်ပုံငွေများချထားပေးပြီးဖြစ်သည်။အဘယ်ကြောင့်ဆိုသော်လမ်းတံတားသည်ဒေသတွင်းပြည်သူများအတွက်သယ်ယူပို့ ဆောင်ရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၌အရေးပါသောအပိုင်းဖြစ်သောကြောင့်ဖြစ်သည်။

လုံခြုံရေးနှင့်နယ်စပ်ရေးရာအတွက်တနင်္သာရီတိုင်းဝန်ကြီးဗိုလ်မှူးကြီးဇော်လွင်နှင့်မြိတ်ခရိုင်ဒုတိယခရိုင်မှူးဦးအောင်ကျော်ထွန်းတို့မှတံတားဆောက်လုပ်ရေးနှင့်ပြန်လည်ပြင်ဆင်ရေးအတွက်ရန်ပုံငွေခွဲဝေချထားပေးခြင်း လုပ်ဆောင်ရန်သြဂုတ်လ(၁)ရက်နေ့တွင်တနင်္သာရီတိုင်း၊မြိတ်မြို့နယ်ရှိတံတားအခြေအနေများကိုစစ်ဆေးရန်ခရီးလှည့်လည်ခဲ့သည်။

၎င်းတို့မှမြိတ်မြို့နယ်ရှိအရှည်(၂၂၀)ပေရှည်သောမြိတ်တောင်ချောင်းစွယ်တံတား(Myeiktaung)၊အရှည်(၂၂၀) ပေရှိနောင့်ကလီး(Naukle)ချောင်းစွယ်တံတားနှင့်အရှည် (၁၄၅)ပေရှိထားဝယ်ကန်(Daweikan)ချောင်းစွယ် တံတားတို့ကိုသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။ဒေသန္တရအစိုးရမှတံတားများပြုပြင်ရန်အတွက်ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေကိုခွဲဝေချထားပေးရန်အစီအစဉ်များချထားကြသည်။

နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီးမှ၎င်း၏မြိတ်မြို့လှည့်လည်ကြည့်ရှုစစ်ဆေးမှုခရီးစဉ်တွင်မြို့နယ်စီမံခန့်ခွဲရေးကော်မတီနှင့်အရာရှိများမှထိုတံတားများပြုပြင်ပြင်ဆင်ခြင်းနှင့်ပတ်သက်၍အစီရင်ခံမှုများကိုကြားနာခဲ့သည်။