တယ်လီနောဖုန်းကတ်(၁၀)သန်းစက်တင်ဘာတွင်စတင်ရောင်းချမည်

...

တယ်လီနောဖုန်းကတ်(၁၀)သန်းစက်တင်ဘာတွင်စတင်ရောင်းချမည်

Mizzima News, 06 Aug 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/11992-telenor-to-launch-next-month-with-10-million-sim-cards
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရကုမ္ပဏီတခုဖြစ်သည့်တယ်လီနောကုမ္ပဏီကစတင်ရောင်းချမည့်ဖုန်ကတ်အရေအတွက်ကို(၁၀)သန်းအထိရောင်းချမည်ဖြစ်ကြောင်းသိရှိရပါသည်။

တယ်လီနောဖုန်းကတ်များကိုစက်တင်ဘာလအတွင်းရောင်းချသွားမည်ဖြစ်ပြီးဆင်းကတ်တကတ်လျှင်ကျပ်(၁၅၀၀)နှုန်းသတ်မှတ်ထား၍ငွေဖြည့်ကတ်များပါတပါးတည်းရောင်းသွားမည်ဖြစ်သည်ဟုတယ်လီနော၏ပြန်ကြား ရေးတာဝန်ခံကိုစိုးသူထွန်းကပြောသည်။

“လတ်တလောတွင်(၁၀)သန်းချပေးမည်။ကယတော်တို့အစိုးရထံမှနံပါတ်(၁၀)သန်းပေါ့နောက်ပိုင်းတွင်(၁၀)သန်းထက်ပိုကုန်မြန်မည်ဆိုရင်တပ်ဝယ်သွားမည်ဟု၎င်းကဆိုပါသည်။

ဖုန်းကတ်ရောင်းခူသည့်အချိန်၌တယ်လီပုန်းရောင်းချသည့်ပုန်းအရောင်းဆိုင်များကဈေးနှုန်းတင်ရောင်းချမှုမျိုးလုပ်ဆောင်ပါကတယ်လီနောရောင်းချခွင့်ပိတ်သိမ်းအရေးယူမည်ဖြစ်သည်ဟုကိုစိုးသူထွန်းကဆက်ပြောပါသည်။

တယ်လီနောနှင့်အတူဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိထားသည့်အော်ရီဒူးကုမ္ပဏီ၏ပုန်းကတ်များကိုယ္ခုလ(၂)ရက်ဈေးကွက်အတွင်းစတင်ရောင်းချခဲ့ရာဖုန်အရောင်းဆိုင်များဈေးနှုန်းမြှင်တင်ရောင်းချခြင်း၊ဖုန်ကတ်များ ပြတ်လတ်ခြင်းတို့ကိုကြုံတွေ့နေရသည်ဟုဝယ်ယူသုံးစွဲသူများကပြောသည်။

အော်ရီဒူးဖုန်းကတ်ဝယ်ယူအသုံးပြုသူသန်လျင်မြို့နယ်မှကိုနိုင်ဝင်းက“အော်ရီဒူးရတုံးကဈေးများမြှင့်တင်ရောင်းချတာကြုံရတယ်။ကတ်ကုန်သွားတာလည်းတွေ့ရတယ်။အဲဒါတွေကိုတယ်လီနောရောင်းပြီးဆိုရင်မရှိစေချင်ဘူး။ တယ်လီနောကလည်းအော်ရီဒူးလူမျိုးလိုမဖြစ်အောင်လုပ်ရမယ်လို့မျှော်လင့်တယ်”ဟုပြောတယ်။

စက်တင်ဘာတွင်ရောင်းချမည်ဆိုသော်လည်းအသုံးပြုနိုင်မည့်မြို့နယ်များတွင်လက်ရှိအချိန်အထိကြေညာခြင်းမရှိသေးသလိုဖုန်းခေါ်ဆိုခနှုန်းလည်းထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။

တယ်လီနောကုမ္ပဏီပေးမည့်ဖုန်းဝန်ဆောင်မှုကွန်ယက်မှာ(2G,3G)ကွန်ယက်အသုံးပြုနိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံ၌(4G)ဟန်းဆက်များအသုံးပြုသူပေါများလာသည့်အချိန်တွင်၎င်းတို့ဘက်မှ(4G)ဝန်ဆောင်မှုပေးရန်အသင့်ပြင် ဆင်ထားရှိကြောင်းမီဒီယာများသို့ထုတ်ဖေါ်ပြောဆိုထားသည်။