နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးစာချုပ်ရေးဆွဲရေးညှိနှိုင်းရာတွင်တည်ဆဲဥပဒေ၊၂၀၀၈ အခြေခံဥပဒေအောက်မှဆွေးနွေးရန်ဆိုသည့်အချက်များအစိုးရဘက်ကပယ်ဖျက်ပေး

...

နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးစာချုပ်ရေးဆွဲရေးညှိနှိုင်းရာတွင်တည်ဆဲဥပဒေ၊၂၀၀၈ အခြေခံဥပဒေအောက်မှဆွေးနွေးရန်ဆိုသည့်အချက်များအစိုးရဘက်ကပယ်ဖျက်ပေး

Eleven Media, 14 Aug 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7206:govt-eases-some-restrictions-on-ceasefire-deal&catid=32:politics&Itemid
နိုင်ငံရေးဆွေးနွေးပွဲများနှင့်မူဘောင်ဆွေးနွေးပွဲများအတွက်ပြင်ဆင်ရန်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကောင်မတီ(UPWC)၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)နှင့်မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၏ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုယ္ခုလအတွင်းဖြစ်ပေါ်လာနိုင်ရန်စီစဉ်နေကြောင်းသတင်းရရှိပါသည်။

သြဂုတ်လ(၁၅)ရက်မှ(၁၇)ရက်နေ့အတိရန်ကုန်မြို့၌ပြုလုပ်မည့်(UPWC)နှင့်(NCCT)တို့၏တစ်နိုင်ငံလုံးဆိုင်ရန်အပစ်ခတ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲများတွင်လည်း(UPWC)နှင့်(NCCT)၊နိုင်ငံရေးပါတီကိုယ်စားလှယ်များအလွတ် သဘောတွေ့ဆုံ၍မူဘောင်ဆွေးနွေးပွဲ(Framework for Political Dialogue)ကိုစတင်ဆွေးနွေးနိုင်မည်ဟုမျှော်လင့်ကြောင်း(Myanmar Peace Center)ဦးလှရွှေမောင်ကဆိုသည်။

ဦးလှရွှေမောင်က( NCCT)ရယ်၊( UPWC)ရယ်၊နိုင်ငှရေးပါတီရယ်အားလုံးဆွေးနွေးတဲ့သဘောပေါ့။(Framework)ကိုဘယ်လိုစဉ်းစားသင့်တယ်။(Framework)မှာဘာတွေပါသင့်တယ်ဆိုတဲ့အလွတ်သဘောဆွေးနွေးဖို့စဉ်းစားထား
တာဖြစ်တယ်။ဆွေးနွေးတဲ့ပုံစံကအစိုးရကချည်းပဲသူတို့လိုချင်တာပြောလို့မြဘူး။ညှိနှိုင်းပြီးလုပ်ရတာဖြစ်တဲ့အတွက်ညှိနှိုင်းဖို့ကြိုတင်ပြီးတော့စဉ်းစားသင့်တဲ့အချက်တွေကို စဉ်းစားနိုင်ဖို့အဓိကပါဘဲ။အားလုံးကအပြန်အလှန် စဉ်းစားရမှာ။ယ္ခု(NCCT)ကိုလည်းအဆိုပြုထားတော့သူတို့လည်းအခုဟာ(၇၀)ရာခိုင်နှုန်းကတော့ဖြစ်နိုင်တယ်။ဒါပေမဲ့ညှိနှိုင်းရဦးမှာဟုပြောသည်။

လိုင်စာထိပ်သီးအစည်းအဝေးမှ(NCCT)အဖွဲ့အားနိုင်ငံရေးဆွေးနွေးမှုမူဘောင်များချမှတ်ရန်တာဝန်ပေးထားသည့်အတွက်(UPWC)နှင့်(NCCT)၊နိုင်ငံရေးပါတီများဆွေးနွေးမည့်အစီအစဉ်ကိုလက်ခံသည်ဟု(NCCT)အဖွဲ့မှ ဒေါက်တာဆလိုင်းကပြောပါသည်။

(UPWC)နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)တို့သည်တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာနှင့်ပတ်သက်၍သြဂုတ်လ(၃)ရက်နေ့ကကချင်ပြည်နယ်မြစ် ကြီးနားမြို့တွင်အလွတ်သဘောဆွေးနွေးမှုပြုလုပ်ခဲ့ရာတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်(NCA)ဆွေ၏နွေးနေသည်နှင့်တပြိုင်နက်မူဘေအင်ဆွေးနွေးပွဲ( Framework for Political Dialogue)အတွက် ပြင်ဆင်ရေးဆွေးနွေးပွဲများကိုဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုငြိမ်ချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့်နိုင်ငံရေးပါတီများသည်သြဂုတ်လ(၁၁)ရက်နေ့တွင်ရန်ကုန်ရှိ(Myanmar Peace Center)၌တွေ့ဆုံ၍ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

အစိုးရနှင့်လက်နက်အဖွဲ့များအကြားတစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုကိုနှစ်လအတွင်းပြုလုပ်နိုင်ဖွယ်ရှိကြောင်းနှစ်ဘက်ကိုယ်စားလှယ်များကပြောကြားထားပြီးတစ်နိုင်လုံးအပစ်ခတ်ရပ်စဲရေးဆောင် ရွက်ပြီးပါကရက်ပေါင်း(၆၀)အတွင်း( Framework Meeting)ဆောင်ရွက်ရန်နှင့်လက်မှတ်ရေးထိုးပြီးရက်ပေါင်း(၉၀)အတွင်းပါဝင်သင့်ပါဝင်ထိုက်သူများအားလုံးပါဝင်နိုင်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကိုဆောင်ရွက်ရန် (UPWC)နှင့်(NCCT)တို့အကြားသဘောတူညီထားကြောင်းသိရပါသည်။