မြန်မာနိုင်ငံတောင်သူလယ်သမားများနှင့်မြေယာလုပ်သားများသမဂ္ဂသဘောထားထုတ်ပြန်

...

မြန်မာနိုင်ငံတောင်သူလယ်သမားများနှင့်မြေယာလုပ်သားများသမဂ္ဂသဘောထားထုတ်ပြန်

Eleven Media, 12 Aug 2014

URL: http://www.elevenmyanmar.com/index.php?option=com_content&view=article&id=7185:union-of-farmers-and-agriculture-workers-made-a-statement&catid=44:nati
မြန်မာနိုင်ငံတောင်သူလယ်သမားများနှင့်မြေယာလုပ်သားများသမဂ္ဂကလယ်မြေသိမ်းဆည်းမှုပြဿနာများနှင့်ပက်သက်၍သဘောထားကြေငြာချက်ကိုသြဂုတ်လ(၁၁)ရက်နေ့တွင်မြန်မာ
ဂျာနယ်လစ်ကွန်ယက်ရုံးခန်းတွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိမြေယာပြဿနာများသည်တည်ဆဲဥပဒေများကိုမျက်ကွယ်ပြုကာလက်တစ်လုံးခြားပြုလုပ်ခဲ့ခြင်းများကြောင့်ဖြစ်ပေါ်ခဲ့သည်ဟုမြန်မာနိုင်ငံတောင်သူလယ်သမားများနှင့်မြေယာလုပ်
သားများသမဂ္ဂအဖွဲ့မှသုံးသပ်ကြောင်းသဘောထားကြေငြာခဲ့သည်။

ထို့ကြောင့်အနာဂတ်တွင်လယ်သမားများနှင့်နိုင်ငံရေရှည်ဖွံ့ဖြိုးရန်လက်ရှိလယ်ယာမြေဆိုင်ရာဥပဒေများကိုပြန်လည်စီစစ်သုံးသပ်ပြီးတောင်သူလယ်သမားများအတွက်အကျိုးစီးပွားအာမခံ
ချက်အပြည့်အဝရှိသောဥပဒေများ၊နည်းပညာဥပဒေများအဖြစ်ပြဌာန်းပေးရန်တောင်းဆိုကြောင်းထုတ်ပြန်ခဲ့သည်။

“လယ်ယာမြေပြဿနာတွေဖြစ်တာကအရင်လယ်မြေသိမ်းတုန်းကဥပဒေနဲ့အညီမသိမ်းလို့ပါ။၂၀၁၂ခုနှစ်လယ်ယာမြေနည်းဥပဒေကနောက်မှပေါ်လာတော့ဒီဥပဒေနဲ့မညီတာခွင့်လွှတ်လို့ရ​
သေးတယ်။အရင်အဆက်ဆက်လက်စွဲသုံးခဲ့တဲ့၁၈၉၄ခုနှစ်မြေသိမ်းအက်ဥပဒေနဲ့အညီတောင်ယာလယ်မြေတွေကို၍မသိမ်းခဲ့လို့အခုလယ်မြေတွေကိုပြန်ပေးတဲ့အခါမှာကြားလူတွေနဲ့တောင်
သူတွေအချင်းများလာတာတွေဖြစ်လာတာပါ။၂၀၁၂ခုနှစ်လယ်မြေနည်းဥပဒေကလည်းဧကနည်းနည်းပဲလုပ်နိုင်မယ့်လယ်သမားတွေဘက်သိပ်မပါပဲဧကအများကြီးလုပ်နိုင်တဲ့စီးပွားရေး
လုပ်ငန်းရှင်တွေဘက်ကိုပိုပြီးအရေးပေးနေပါတယ်။နောက်ပိုင်းတောင်သူလယ်သမားတွေအတွက်လယ်စိုက်ဖို့မြေဆိုတာတောင်မရှိသလောက်ရှားသွားမယ်”ဟုမြန်မာနိုင်ငံတောင်သူလယ်
သမားများနှင့်မြေယာလုပ်သားများသမဂ္ဂမှအတွင်းရေးမှူးဦးဝင်းမြတ်ရှိန်ကပြောခဲ့သည်။

မြေယာအငြင်းပွားပြဿနာများသည်အချိန်ကြာလာသည်နှင့်အမျှတောင်သူလယ်သမားများနှင့်နိုင်ငံအကျိုးစီးပွားကိုထိခိုက်စေကြောင်း၊သြဇာ၊နေရာ၊အသပြာကိုအသုံးပြုလျက်လယ်မြေ
များအားအဓ္ဓမ၊မတရား၊နိုင်ထက်စီးနင်းသိမ်းယူမှုလုပ်ရပ်များကိုပြင်းထန်စွာရှုံ့ချကြောင်း၊ဖမ်းဆီးခံရသည့်လယ်သမားများနှင့်လယ်သမားအရေးဆောင်ရွက်သူများကိုအမြန်ဆုံးပြန်လွှတ် ပေးရန်အလေးအနက်တောင်းဆိုကြောင်းများကိုလည်းထုတ်ပြန်ခဲ့သည်။

“တနိုင်ငံလုံးမှာဖြစ်နေတဲ့တောင်သူလယ်သမားပြဿနာရှင်းလင်းပွဲတွေ၊ဆန္ဒထုတ်ဖော်မှုတွေလုပ်ပေမယ့်လည်းပြေလည်မှုမရှိသေးပါဘူး၊ဖွဲ့စည်းလိုက်တဲ့လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွေ ကအောက်ခြေမှာအလုပ်မလုပ်ဘူး။ဘာလုပ်ရမလဲဆိုတာမသိတဲ့အခါဖြေရှင်းဖို့မနိုင်မနင်းဖြစ်နေပါတယ်။ပြီးရင်တောင်သူလယ်သမားတွေခြိမ်းခြောက်ခံရတာနဲ့ကူညီပေးနေတဲ့လူပုဂ္ဂိုလ်အဖွဲ့
အစည်းတွေကိုခြိမ်းခြောက်ဖမ်းဆီးခံရတာကိုလည်းကန့်ကွက်ရှုံ့ချပါတယ်”ဟုဦးဝင်းမြတ်ရှိန်​ကပြောသည်။

သိမ်းဆည်းခံလယ်ယာမြေစုစုပေါင်း(၄၇၀,၀၀၀)ကျော်အနက်ဧက(၃၅၀,၀၀၀)ကျော်အားအသုံးပြုရန်လိုအပ်သဖြင့်စွန့်လွှတ်မည်မဟုတ်ကြောင်းသဝဏ်လွှာကိုသမ္မတဦးသိန်းစိန်ကလွှတ်
တော်သို့ပို့ထားကြောင်းသိရသည်။