(၅)ကြိမ်မြောက်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှသဘောတူညီချက်(၂၆)ချက်ပြုလုပ်

...

(၅)ကြိမ်မြောက်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှသဘောတူညီချက်(၂၆)ချက်ပြုလုပ်

The New Light of Myanmar, 18 Aug 2014

URL: http://data.unhcr.org/thailand/news.php?Page=1&Country=0&Region=0&Settlement=0
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအသင်းနှင့်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်းတို့သည်သြဂုတ်လ(၁၅)ရက်နေ့မှ(၁၇)ရက်နေ့အထိပြုလုပ်ခဲ့သော(၅)ကြိမ်မြောက်အ
စည်းအဝေးအတွင်းဆွေးနွေးခဲ့သည့်စာချုပ်မူကြမ်းထဲရှိစာပုဒ်(၃၁)ပုဒ်မှ(၂၆)ခုကိုသဘောတူညီမှုပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲအတွင်းဦးလှမောင်ရွှေမှကျန်ရှိနေသောအပုဒ်၅ပုဒ်တွင်အခန်း(၂)အောက်၌ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ၊အခန်း(၃)အောက်၌အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စ
များ၊အခန်း(၄)အောက်၌နှစ်ဖက်စောင့်ကြည့်ရေးအဖွဲ့များဖွဲ့စည်းရေးနှင့်ဆက်သွယ်ရေးသွားလာရေးဆိုင်ရာအချက်အလက်များ၊အခန်း(၅)အောက်၌အပစ်အခတ်ရပ်စဲရေးကိုခိုင်မာအောင်
လုပ်ဆောင်မည့်နည်းလမ်းများ၊အခန်း(၆)အောက်၌ညှိနှိုင်းဆွေးနွေးစဉ်အတောအတွင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့်အခန်း(၇)အောက်၌အထွေထွေအကြောင်းအရာများစသည်တို့
ပါဝင်သည်။

အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်းဟာအနာဂတ်နိုင်ငံရေးဆွေးနွေးမှုများအတွက်အလွန်ကိုပဲအထိအခိုက်မရှိပါဘူး။ဒါကြောင့်သမ္မတနဲ့ကာကွယ်ရေးစစ်ဦးစီးချုပ်တို့ဟာဒီစာချုပ်
မှာလက်မှတ်ရေးထိုးဖို့ပဲလိုပါတော့တယ်။ကျွန်တော်တို့ဘက်ကလက်မှတ်ရေးထိုးမယ့်သူကတော့ဥက္ကဌဖြစ်ချင်ဖြစ်မယ်၊ဒါမှမဟုတ်တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေရဲ့ထွေထွေ
အတွင်းရေးမှူးတွေဖြစ်ချင်ဖြစ်ပါလိမ့်မယ်ဟုNCCTမှအကြံပေးဖြစ်သူDr. Salai Lian Sakhong မှပြောခဲ့သည်။

သုံးရက်တာအစည်းအဝေးသည်မေလတွင်ဆွေးနွေးရန်ကျန်ရှိနေသည့်အချက်များကိုဆွေးနွေးခဲ့ခြင်းဖြစ်ပြီးသဘောထားကွဲလွဲနေသည့်အကြောင်းအရာအတော်များများကိုသဘောတူညီမှုပြု
လုပ်နိုင်ခဲ့သည်။

နောက်တစ်ကြိမ်အစည်းအဝေးကို၂၀၁၄၊စက်တင်ဘာလတွင်ထပ်မံကျင်းပမည်ဖြစ်သည်။“နှစ်ပေါင်းခြောက်ဆယ်ကြာဖြစ်ပွဲနေတဲ့စစ်ပွဲကနေပြီးပြည်သူလူထုကိုကျွန်တော်သတင်းကောင်းဆောင်
နှင်းပေးချင်ပါတယ်၊ဒါကတော့ကျွန်တော်တို့မကြာခင်မှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ရေးထိုးနိုင်တော့မှာဖြစ်ပြီးနိုင်ငံရေးဆွေးနွေးပွဲတွေကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ပါ တယ်”ဟုNCCTမှခေါင်းဆောင်နိုင်ဟံသာကပြောခဲ့သည်။