ဘန်ကောက်မှမြန်မာသို့ပစ်မှတ်ထားသောနယ်စပ်အထူးကုန်သွယ်မှုအစီအစဉ်

Thai Visa Forum, 01 Sep 2014
URL: http://www.thaivisa.com/forum/topic/756535-bangkok-targets-burma-in-special-border-trade-plan/
ယခုအခါထိုင်းနိုင်ငံကိုအုပ်ချုပ်နေသည့်ထိုင်းစစ်တပ်သည်ထိုင်းနိုင်ငံမှကုန်းကြောင်းဖြင့်သယ်ယူပို့ဆောင်ရသည့်ပို့ကုန်မှိုများနှင့်ရင်းနှီးမြှုပ်နှံသူများမှနယ်စပ်စက်ရုံအလုပ်ရုံများကိုတည်ထောင်ရန်
တိုက်တွန်းမှုများကြောင့်မြန်မာနှင့်အတူအထူးနယ်စပ်ကုန်သွယ်ရေးနယ်မြေများကိုတည်ဆောက်ရန်ရှေ့လျောက်စီစဉ်နေကြသည်။
ဇုန်များတွင်နိုင်ငံခြားသားလုပ်သားများလာရောက်လုပ်ကိုင်နိုင်မှုကိုကန့်သတ်ရန်ကြိုးပမ်းခြင်းအားဖြင့်ရွှေ့ပြောင်းမြန်မာများကိုပိုမိုထိန်းချုပ်နိုင်မည်ဖြစ်သည်ဟုအစီအရင်ခံစာတွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံနယ်စပ်တလျောက်တွင်အစက်မျဉ်းတစ်ခုဖြစ်လာမည့်အထူးအသုံးဝင်စီးပွားရေးစက်မှုဇုန်ဖြစ်လာရန်ဘန်ကောက်တွင်ဆယ်စုနှစ်များစွာဆွေးနွေးခဲ့ကြသည်၊သို့သော်အမျိုးသားငြိမ်းချမ်း ရေးနှင့်တရားဥပဒေစိုးမိုးရေးကောင်စီNCPOမှယခုအခါလုပ်ဆောင်ရန်ထောက်ခံအားပေးလိုက်ပြီဖြစ်သည်။
ဘန်ကောက်မြို့တော်တွင်လအနည်းငယ်ကြာဆူပူသောင်းကျန်းမှုများကြောင့်NCPOခေါင်းဆောင်ဖြစ်သူဗိုလ်ချုပ်ကြီးပရာယွတ်ကျန်းအိုချာသည်စပ်တပ်အာဏာသိမ်းခဲ့သည်။
“ကော်မတီကထိုင်းနယ်စပ်တလျောက်မှာရှိတဲ့အထူးစီးပွားရေးဇုန်၁၂ဇုန်တည်ထောင်တာကိုကြီးကြပ်ပါလိမ့်မယ်။အစိုးရငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်အေဂျင်စီဖြစ်တဲ့အမျိုးသားစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့က၁၂ခရိုင်မှာရှိတဲ့ဇုန်တွေဖွံ့ဖြိုးတိုးတက်စေမယ့်အရာတွေကိုလေ့လာသင်ယူဖို့အတွက်အကြံဉာဏ်ပေးရေးအဖွဲ့ကိုငှားရမ်းခဲ့ပါတယ်”ဟုဝါရှင်တန်တွင်ရှိသောထိုင်းသံ
ရုံးမှထုတ်ပြန်ကြေငြာချက်တွင်ဖော်ပြခဲ့သည်။
မြန်မာ၊လာအို၊ကန်ဗ္ဘောဒီးယားနှင့်မလေးရှားနယ်စပ်ရှိစက်မှုဇုန်(၅)ခုကိုအရင်ဦးစားပေးလုပ်ဆောင်မည်ဟုပြည်တွင်းရေဒီယိုများနှင့်MCOTရုပ်မြင်သံကြားကြေငြာမှုများကပြောကြားခဲ့သည်။
ပထမဦးဆုံးဖွံ့ဖြိုးတိုးတက်မှုပြုလုပ်ရန်ပြုလုပ်မည့်ဇုန်သည်မြန်မာနိုင်ငံရှိမြို့တမြို့ဖြစ်သည့်မြဝတီမြို့နှင့်မျက်နှာချင်းဆိုင်ဖြစ်သည့်မဲဆောက်မြို့တွင်ဖြစ်သည်၊အဘယ့်ကြောင့်ဆိုသော်ထိုမဲဆောက်တွင် အဓိကကျသောရွှေ့ပြောင်းမြန်မာအလုပ်သမားများရှိနှင့်နေပြီဖြစ်သောကြောင့်ဖြစ်သည်ဟုMCOTကဆိုသည်။
နှစ်နိုင်ငံအတွင်းတွင်ကုန်သွယ်မှုမညီမျှခြင်းသည်ကာလကြာရှည်နေပြီဖြစ်သည်၊အဘယ့်ကြောင့်ဆိုသော်မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ဓာတ်ငွေ့တင်သွင်းမှုပမာဏပိုမိုများပြားသောကြောင့်ဖြစ်သည်။
သို့သော်လည်းထိုင်းစီးပွားရေးကုန်းလမ်းပို့ကုန်များသည်အရှိန်အဟုန်မြင့်တက်လာပြီဖြစ်သောကြောင့်ထိုသို့ကွာဟမှုသည်တဖြည်းဖြည်းကျဉ်းမြောင်းလာပြီဖြစ်သည်၊ယခုအခါဒီဇယ်ကဲ့သို့လောင်
စာဆီများ၊မော်တော်ယဉ်များ၊အထည်အလိပ်များ၊အီလက်ထရောနစ်များနှင့်အစားအစာနှင့်ဖျော်ရည်ယမကာများစသည်တို့ကိုအစီအရီတင်သွင်းနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင်စစ်တပ်အစိုးရအုပ်ချုပ်မှုပြီးဆုံးပြီးသည့်အချိန်ကစ၍မြန်မာနိုင်ငံသို့ထိုင်းပို့ကုန်များသည်နှစ်စဉ်(၁၇)နှစ်ရာခိုင်နှုန်းတိုးလာသည်ဟုယခုတပတ်တွင်ဘန်ကောက်ဘဏ်၏လူထုလေ့လာ
မှုများပြုလုပ်ခြင်းအရဖြစ်သည်။
ထိုင်းနိုင်ငံ၏အကြီးမားဆုံးပြည်ပမှတင်သွင်းကုန်ဖြစ်သည့်သဘာဝဓာတ်ငွေ့ကြောင့်၂၀၀၀ခုနှစ်မှစ၍နှစ်နိုင်ငံအတွင်းကုန်သွယ်မညီမျှမှုပျမ်းမျှယူအက်စ်ဒေါ်လာ(၂)ဘီလီယမ်ရှိခဲ့သည်။သို့သော်ကွာ ဟမှုသည်ယခုနှစ်တွင်ဒေါ်လာ(၂၆)မီလီယမ်လောက်ကျဉ်းမြောင်းသွားလိမ့်မည်ဟုဘဏ်ကခန့်မှန်းထားသည်။
၂၀၁၆ခုနှစ်တွင်ကွာဟမှုသည်ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီးမြန်မာနိုင်ငံသို့ထိုင်းနိုင်ငံ၏ပို့ကုန်များသည်ဓာတ်ငွေ့တင်သွင်းမှုထက်ပိုမိုသာလွန်သွားလိမ့်မည်ဟုဘဏ်ဗဟိုအမှုဆောင်ဒုတိယဒုက္ကဌ
Kobsak Pootrakoolမှဘန်ကောက်ရှိတိုးတက်မှုမှတ်တမ်းတင်ဆက်မှုအခမ်းအနားတွင်ပြောကြားခဲ့သည်။
အကြီးမားဆုံးတည်ရှိနေသည့်ပို့ကုန်နေရာသည်မဲဆောက်မြဝတီနယ်စပ်ဖြတ်ကျော်မှတ်ဖြစ်ပြီးထိုင်းဘက်တွင်တည်ရှိပြီးယခုအခါအထူးဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းမီးစိမ်းပြဖို့မျှော်လင့်ကြောင်း
NCPOမှပြောခဲ့သည်။