မြန်မာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး- ငြိမ်းချမ်းရေးအတွက်ဒုတိအကြိမ်အခွင့်အလမ်းတစ်​ခု​လား?

...

မြန်မာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး- ငြိမ်းချမ်းရေးအတွက်ဒုတိအကြိမ်အခွင့်အလမ်းတစ်​ခု​လား?

THE NATION, 09 Sep 2014

URL: http://www.nationmultimedia.com/opinion/Myanmars-nationwide-ceasefire-A-second-chance-at-p-30242825.html
သေနတ်သံများဆိတ်​ငြိမ်သွားရန်အတွက်မြန်မာနိုင်ငံသည်ပထမဦးဆုံးစွာသဘောတူညီမှုများရရှိလုနီးနီးအခြေအနေဖြစ်နေပြီဖြစ်သည်၊စိန်ခေါ်မှုပြဿနာအတော်များများကျန်ရှိနေသော်လည်း
တိုက်တွန်းအားထုတ်မှုများကနေမျှော်လင့်ချက်ရောင်ခြည်များပေါ်ထွက်လာနေသည်။

ရန်ကုန်မြို့၊သြဂုတ်လလယ်တွင်ပြုလုပ်သောအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ကိုကိုယ်စားပြုသည့်တနိုင်ငံလုံးဆိုင်ရာအပစ်
အခတ်ရပ်စဲရေးအသင်းတို့အတွင်းစာချုပ်အပြီးသတ်ရေးဆွဲရန်အတွက်ငါးကြိမ်မြောက်ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်စဉ်တွင်ပထမဦးဆုံးတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်သေချာ
ခိုင်မာလာရန်အတွက်မြန်မာတို့၏ကြိုးပမ်းအားထုတ်များသည်အသီးအပွင့်များစတင်ဖြစ်ပေါ်လာပြီဖြစ်သည်။

နောက်တစ်ကြိမ်အစည်းအဝေးကိုစက်တင်ဘာလလယ်တွင်ပြုလုပ်ရန်လျာထားပြီးအောက်တိုဘာလအကုန်ပိုင်းတွင်ပူးတွဲရေးဆွဲထားသောသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ရန်နှစ်ဖက်
စလုံးမှမျှော်လင့်ခဲ့ကြသည်။တနိုင်​ငံလုံးဆိုင်ရာအပစ်အခတ်ရ​ပ်စဲရေးသဘောတူညီမှုစာချုပ်(NCA)သည်ပြည်တွင်းပဋိပက္ခများကိုအဆုံးသတ်နိုင်ရန်ရည်ရွယ်ခဲ့သည်၊တချို့ပဋိပက္ခများသည်မြန်
မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသောခတ်သစ်အခြေအနေထက်ပင်ကြာရှည်နေပြီဖြစ်ပြီးရေရှည်ဖြစ်ပျက်နေသောတိုင်းရင်းသားကိစ္စများနှင့်ပက်သက်၍နိုင်ငံရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်ရန်
လမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။

သမ္မတဦးသိန်းစိန်အုပ်ချုပ်မှုတွင်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို၎င်း၏သက်တမ်းတွင်ကတိပေးထားသည့်အတိုင်းအခိုင်အမာဖြစ်အောင်ပြုလုပ်ထားသည်။သူ၏
အစိုးရသည်မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စု(EAGs)အများစုနှင့်နှစ်ဦးဖက်ပါဝင်သည့်သဘောတူညီမှုအမျိုးမျိုးကိုအခိုင်အမာပြုလုပ်ပြီးနှင့်ပြီဖြစ်သည်။အစိုးရသည်လက်နက်ကိုင်အဖွဲ့
တချို့နှင့်ဆက်လက်တိုက်ပွဲဖြစ်ပြီးအပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများရှိနေသော်လည်းနှစ်ဖက်စလုံးမှပါဝင်သူများသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်(NCA)
ရရှိလာတော့မည်ဟုအကောင်းထင်မြင်နေကြသည်။

နှစ်ဖက်စလုံးမှနောင်နှစ်အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍နိုင်ငံရေးမြင်ကွင်းများပိုမိုမရှုပ်ထွေးလာမီအရေးပါသောနောက်ဆုံးရက်သတ်မှတ်၍သဘောတူစာချုပ်ရရှိရန်ကြိုးပမ်းကြသည်။အ
စိုးရသည်၎င်း၏သက်တမ်းအတွင်းတနိုင်ငံလုံးငြိမ်းချမ်းရေးရရှိခြင်းအားဖြင့်သိသာထင်ရှားသောတရားဝင်အဖြစ်ရရှိရန်မျှော်လင့်ကြသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAGs)မှလည်း
အစိုးရနှင့်ရင်းနှီးနေပြီဖြစ်သောကြောင့်အစိုးရနှင့်ဆက်ဆံရာတွင်သဘောတူညီမှုရရှိရန်ကြိုးစားညှိနှိုင်းနေကြပြီးလာမည့်ရွေးကောက်ပွဲနှင့်ပက်သက်၍မသေချာမရေရာခြင်းများရှိနေကာအစိုးရအ
ကြပ်​အတည်း​ပြဿနာများအပေါ်အမြတ်ထုတ်နိုင်သည်။နိုင်ငံရေး​ဆွေး​နွေးမှုများပြုလုပ်ရာတွင်အောင်ဆန်းစုကြည်အား၎င်းတို့မှအရေးပါသောအခန်းကဏ္ဍတွင်ပါဝင်စေချင်ပြီးတနိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးရာတွင်လည်းသူမမှပါဝင်ပေးရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှဆန္ဒရှိကြသည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပြီးသည့်နောက်ပိုင်းအကြောင်းကိစ္စတပုံတခေါင်းဖြေရှင်းရန်လိုအပ်နေသော်လည်းမြန်မာနိုင်ငံတွင်အနီးကပ်ဆုံးအနေဖြင့်လက်ရှိထိရောက်သည့်အကျိုးရ
လဒ်လုပ်ငန်းစဉ်များသည်နှစ်ပေါင်းခြောက်ဆယ်ကြာဖြစ်ပွားနေသောပြည်တွင်းစစ်ကိုအဆုံးသတ်ရန်နီးကပ်လာနေပြီဖြစ်သည်။ယခုနောက်ဆုံးပြုလုပ်သွားသောဆွေးနွေးပွဲတွင်အစိုးရမှတိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များထပ်တလဲလဲတောင်းဆိုနေသည့်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မှုကိုလက်ခံပေးလိုက်ခြင်းအားဖြင့်အစိုးရမှမကြုံစဖူးသဘောထားပြောင်းမှုကိုပြုလုပ်ခဲ့သည်။

ထို့ပြင်ယခင်ကကြားမှဆက်သွယ်ပေးသူများအပေါ်တွင်သာအားကိုးအားထားပြုနေကြရသော်လည်းယခုအခါတိုက်ရိုက်ဆက်သွယ်ညှိနှိုင်းမှုများပြုလုပ်နိုင်ကြပြီဖြစ်သောပါဝင်ကြသည့်အဖွဲ့များအ
တွင်းတွင်နှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်မှုနှင့်ခင်မင်နားလည်မှုတည်ဆောက်နိုင်ပြီဖြစ်သည်။သေချာသည့်အခြေအနေများကတော့စစ်တပ်(တပ်မတော်)အားမယုံကြည်မှုသံသယစိတ်အလေး
အနက်အမြစ်တွယ်ကျန်ရှိနေသေးသော်လည်းစစ်တပ်ချထားခြင်းများလျော့ချပေးခဲ့ခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်မှုလျော့ကျခဲ့ခြင်းများကဲ့သို့အပစ်အခတ်ရပ်စဲရေးနေရာဒေ​သ​များတိုးတက်
ကောင်းမွန်လာသည်။