စာသင်ကျောင်းပြုပြင်ပြောင်းလဲရေးစနစ်မှမြန်မာလက်နက်ကိုင်ပညာတတ်ပုဂ္ဂိုလ်များဘာကိုအလိုရှိသလဲ။

Irrawaddy News, 04 Sep 2014
URL: http://www.irrawaddy.org/feature/burmas-rebel-educators-want-school-reform.html
ထီးကော်တော၊ကရင်ပြည်နယ်--ခရိုင်မှာသင်တက်နေကျကျောင်းကိုမေ့ပစ်လိုက်ပါ။အတကယ်၍သင်တို့ဟာကရင်ပြည်နယ်မှာကျောင်းသားတစ်ယောက်ဖြစ်နေမယ်ဆိုရင်သင့်ပညာသင်ကြား
မှုအတွက်ကိစ္စအများစုဟာအဖြူရောင်နယ်မြေထဲမှာဖြစ်စေ၊မီးခိုးရောင်နယ်မြေထဲမှာဖြစ်စေ၊ဒါမှမဟုတ်အမဲရောင်နယ်မြေထဲမှာဖြစ်စေသင်နေထိုင်သည့်နယ်မြေထဲမှာပင်ရှိကြသည်။
မြေပုံပေါ်ရှိရောင်စုံများ--နှစ်ပေါင်းခြောက်ဆယ်ကျော်ဖြစ်ပွားနေသောပြည်တွင်းစစ်အတွင်းတွင်ကရင်လက်နက်ကိုင်များသည်၎င်းတို့၏ဤနည်းလမ်းများဖြင့်၎င်းတို့၏သီးသန့်နယ်မြေများ
ကိုသတ်မှတ်ခဲ့သည်။အစိမ်းရောင်ယူနီဖောင်းများဝတ်ဆင်ထားသည့်အစိုးရစစ်သားများကိုတွေ့ရှိနိုင်သည့်ရန်သူ့စစ်ကြောင်းနယ်မြေကိုအဖြူရောင်နယ်မြေဟုသတ်မှတ်သည်။ထိုနေရာနှင့်အ
တော်ဝေးဝေးရှိစိမ်းလန်းစိုပြည်သောတောနက်ထဲတွင်နှစ်ဖက်စလုံးမှရောနှောထိန်းချုပ်ထားသည့်အပြိုင်အဆိုင်လှုပ်ရှားနေသောမီးခိုးရောင်နယ်မြေဖြစ်ပြီးကရင်လက်နက်ကိုင်အဖွဲ့မှ၎င်း
တို့ချည်းပဲရှိရာနေရာကိုအမဲရောင်နယ်မြေအဖြစ်သတ်မှတ်သည်။
ထိုနယ်မြေများကြားတွင်ပညာရေးသည်လည်းအုပ်စုကွဲနေသည်။အဖြူရောင်နယ်မြေတွင်အစိုးရကျောင်းမှဆရာ၊ဆရာများသည်မြန်မာစကားကိုပြောပြီးအစိုးရမှအသိအမှတ်ပြုထားသည့်သင်
ရိုးညွှန်းတန်းကိုသင်ကြားသည်။အမဲရောင်နယ်မြေတွင်ကရင်သမိုင်းကြောင်းကိုအလေးထားသည့်အနေဖြင့်ကရင်ဘာသာစကားဖြင့်သင်ကြားရန်ဆရာများကိုညွှန်ကြားခြင်းဖြင့်ကရင်အမျိုး
သားအစည်းအရုံး(KNU)သည်၎င်းတို့၏စာသင်ကျောင်းများကျယ်ကျယ်ပြန့်ပြန့်ထားရှိခြင်းစနစ်ကိုဆောင်ရွက်သည်။အထူးသဖြင့်စစ်ဖြစ်ပြီးနှစ်များအကြာ၌မီးခိုးရောင်နယ်မြေထဲတွင်
ကျောင်းပေါင်းစုံနှောထားရှိလာပြီးနှစ်ဖက်စလုံး၏သင်ရိုးညွှန်းတန်းကိုအားပေးခဲ့သည်။
သို့သော်လည်းခြားနားချက်များသည်ယခုအခါမှုန်မှုန်ဝါးဝါးဖြစ်လာပြီဖြစ်သည်။၂၀၁၂ခုနှစ်တွင်နှစ်ဖက်စလုံးမှအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ရေးထိုးခဲ့ကြသည့်အချိန်မှစ၍အစိုးရနှင့်အ
စိုးရအသိအမှတ်ပြုNGO များသည်ထိုရောနှောရှိနေသောနယ်မြေများနှင့်လက်နက်ကိုင်နယ်မြေများတွင်ကျောင်းများပိုမိုဆောက်လုပ်လာသည်။လက်ငင်းကာလတွင်ကရင်ပညာရေးဌာန
(KED)ဟုခေါ်ဆိုသောKNUပညာရေးဌာနခေါင်းဆောင်များမှတခါတရံတွင်အစိုးရသည်ကေအဲန်ယူမှမတည်ကာတည်ဆောက်ထားသောကျောင်းများတွင်၎င်းတို့အပိုင်အစိုးရကျောင်း
ဆရာများကိုသာစေလွှတ်ကာ၎င်တို့အားကျောင်းအုပ်အဖြစ်ခန့်ထားကြောင့်ညည်းတွားပြောကြားလာသည်။
နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတလျှောက်တွင်နေပြည်တော်ရှိခေါင်းဆောင်များသည်နိုင်ငံတဝှမ်းပညာရေးစနစ်ကိုအလုံးစုံစစ်ဆေးပြုပြင်မွမ်းမံပေးရန်ကြိုး
ပမ်းနေကြသည်။ထိုသို့အစိုးရမှလုပ်ဆောင်ရာတွင်တိုင်းရင်းသားပညာတတ်ပညာရှင်များသည်၎င်းတို့၏နယ်မြေများအတွင်းအစိုးရကျောင်းများအရင်ဦးဆုံးရောက်ရှိလာခြင်းနှင့်အတူအစိုး
ရအတည်ပြုထားသောကျေးရွာခေါင်းဆောင်များနှင့်ရဲအရာရှိများစသည်တို့ကဲ့သို့မရှိမဖြစ်လိုအပ်သောစီမံခန့်ခွဲမှုများသည်နောက်ဆက်တွဲအနေဖြင့်ရောက်ရှိလာခြင်းသည့်၎င်းတို့၏နယ်
မြေများအတွင်းသို့လုံးဝထိုးဖောက်ဝင်ရောက်လာမှာကိုပူပင်မိကြောင်းပြောကြားလာသည်။
“ဒါဟာသူတို့ဒီအထဲကိုဝင်လာဖို့အတွက်အသုံးချလက်မှတ်တစ်ခုပါ။တခြားသူတွေကိုစေလွှတ်ဖို့အတွက်ပညာရေးကိုသူတို့စလုပ်ခဲ့တာ”ဟုKEDမှအတွင်းရေးမှူးစောလော်အဲ့မူးကပြောလိုက်သည်။
“စစ်တပ်ထဲမှာဆိုရင်စည်းသတ်မှတ်ထားတာတွေရှိပါတယ်။သူတို့အဲ့စည်းကိုဖြတ်သန်းချင်တယ်ဆိုရင်ကျွန်တော်တို့ကိုအချိန်ကြိုတင်အသိပေးရပါတယ်။ဒါပေမယ့်ပညာရေးအတွက်ကျ
တော့စည်းသတ်မှတ်ပိုင်းခြားထားတာမရှိပါဘူး။”
‘သူတို့ကကျွန်တော်တို့ကိုသောင်းကျန်းသူတွေလိုခေါ်ပါတယ်။’
အစိုးရစာသင်ကျောင်းများ၌နိုင်ငံရှိတိုင်းရင်းသားများ၏ပဋိပက္ခသမိုင်းကိုလစ်လျှူရှုနေသော်လည်းကရင်စာသင်ကျောင်းများကမူအလေးထားခဲ့သည်။၁၉၄၉ခုနှစ်တွင်စတင်ခဲ့သောကရင်
ပြည်နယ်ရှိပဋိပက္ခများနှင့်ပက်သက်၍အာရုံစိုက်ကြသည်။သမိုင်းကြောင်းတွင်ဘာသကာရည်မှစမ်းထားခြင်းမရှိပေ။ကရင်တော်လှန်ရေးအကြောင်းဖတ်စာအုပ်အဖုံးပေါ်တွင်သွေးစက်အ
များအပြားကျနေသည့်စစ်သားတို့၏နောက်ခံပုံရိပ်မည်းပုံဖြင့်သရုပ်ဖော်ထားသည်။
အမှန်တကယ်တွင်ငြိမ်းချမ်းရေးဆွေးနွေးမှုများစတင်ပြုလုပ်သည့်အချိန်မှစ၍စစ်မက်ဖြစ်ပွားမှုများလျော့ကျခဲ့သော်လည်းကျောင်းသားများကိုစစ်သင်တန်းပေးရန်လိုအပ်သည်ဟုသူ၏စိတ်ကူး
မှုသည်ဖြစ်နိုင်စရာရှိမည်မဟုတ်သူလက်ခံထားသော်လည်းတခါတရံတွင်ပြန်ပြောင်းတွေးတွေမိကြောင်းKEDအတွင်းရေးမှူးမှပြောကြားခဲ့သည်။KEDစာသင်ကျောင်းစနစ်သည်ပညာရေးအ
ပေါ်တွင်အာရုံစိုက်လုပ်ဆောင်ခြင်းဖြစ်ပြီးစစ်သင်တန်းပေးရန်အဆိုပြုခြင်းသည်လက်ရှိတွင်KEDအားနှစ်စဉ်နှစ်တိုင်းဒေါ်လာသန်းပေါင်းများစွာထောက်ပံ့ပေးနေသောနိုင်ငံတကာအလှူ
ရှင်များစိတ်ချမ်းမသာဖြစ်စေမည့်အလားအလာရှိသည်။
ယနေ့တွင်ကရင်ပြည်နယ်၌လက်နက်ကိုင်တိုက်ပွဲများရှားပါးသွားသည်တိုင်အောင်ကရင်ပညာတတ်ပုဂ္ဂိုလ်များသည်အလွယ်တကူခွင့်လွှတ်ပြီးမေ့ပစ်မည်မဟုတ်ပေ။“ကျွန်တော်တို့ဖတ်စာ
အုပ်ထဲမှာပြောခဲ့တဲ့အမှန်တရားတွေဟာအစိုးရစနစ်ကပြောခဲ့တဲ့အရာတွေနဲ့အရမ်းကိုကွာခြားမှုရှိပါတယ်”ဟုလော်အဲ့မူးကဆိုသည်။“ဥပမာအားဖြင့်ဆိုရင်သူတို့ကကျွန်တော်တို့ကိုသောင်း
ကျန်းသူတွေလို့ခေါ်တယ်၊ကျွန်တော်တို့ကလည်းသူတို့ကိုအဲ့လိုမျိုးတူတူပဲခေါ်တယ်။”
အခြားတိုင်းရင်းသားအဖွဲ့များလိုကေအဲန်ယူတွင်ကျန်းမာရေးဌာနနှင့်ပညာရေးတို့ရှိပြီး၎င်းဌာနများသည်ပြီးခဲ့သည့်ရာစုနှစ်တစ်ဝက်ခန့်ကပင်ဖွံ့ဖြိုးတိုးတက်နေခဲ့သည်။အစပိုင်း၌KEDသည်
ခရိယာန်သာသနာပြုများရေးဆွဲသည့်သင်ခန်းစာအစီအစဉ်များကိုအသုံးပြုခဲ့သော်လည်းစစ်အတွင်း၌ကရင်ဒုက္ခသည်များအများအပြားထွက်ပြေးလာသည့်ထိုင်း-မြန်မာနယ်စပ်ရှိနိုင်ငံတ
ကာအဖွဲ့အစည်းများ၏အကူအညီဖြင့်၁၉၉၀ခုနှစ်တွင်၎င်းတို့ကိုယ်ပိုင်သင်ရိုးညွှန်းတန်းစတင်ပေါ်ပေါက်လာသည်။သင်ရိုးညွှန်းတန်းအသစ်သည်ကရင့်သမိုင်း၊ကရင်ဘာသာစကားနှင့်ကရင်
ယဉ်ကျေးမှုတို့ပါရှိသည်သာမကကမ္ဘာတလွှားတွင်ပါဝင်သောဘာသာများဖြစ်သည့်သင်္ချာ၊သိပ္ပံနှင့်ပထဝီဘာသာများစသည်တို့ပါရှိလာသည်။
ယနေ့အခါကရင်စာသင်ကျောင်းစနစ်သည်အစိုးရစနစ်ထက်ပိုမိုတိုးတက်ကောင်းမွန်သည်ဆိုတာသိနေကြပြီဖြစ်သည်။အလွတ်ကျက်မှတ်သည့်သင်ကြားရေးထက်ပညာရေးဌာနမှဆရာများ
အားကလေးဗဟိုပြုသင်ကြားရေးစနစ်ကိုဖြည့်သွင်းသင်ကြားရန်ညွှန်ကြားမှုမစတင်မီရှေးကတည်းကပင်ကရင်ဆရာ၊ဆရာမများသည်ခက်ခဲသောအကြောင်းအရာများကိုရုပ်ပုံကားချပ်များ
ဖြင့်ဥပမာပေးအသုံးပြုကာ၎င်းတို့၏ကျောင်းသားများအားစာသင်ခန်းဆွေးနွေးမှုများတွင်ပါဝင်ကြရန်တိုက်တွန်းအားပေးခဲ့ကြသည်။ဥပမာအားဖြင့်ဒသမတန်းပထဝီစာသင်ချိန်တွင်ရေပြင်
စက်ဝန်းနှင့်ရေကာတာများအကြောင်းကိုသင်ယူအစဉ်အတွင်းကျောင်းသားများသည်၎င်းတို့ရွာရှိမြစ်များကိုလေ့လာကြသည်၊မိုးလေဝသအခြေအနေနှင့်ရာသီဥတုကြောင်းကို(rap)သီချင်း
များဖွဲ့ဆိုသီကုံးခြင်းဖြင့်လေ့လာသင်ယူနိုင်ခြင်း၊သစ်တောဖွဲ့တည်မှုဂေဟစနစ်ကိုပိုမိုနားလည်သဘောပေါက်စေရန်အတွက်ပလပ်စတစ်ဗန်းထဲတွင်အစေ့အညှောက်ပေါက်များဖြင့်ပြုလုပ်လေ့
လာသင်ယူနိုင်ခြင်းတို့နှင့်၎င်းတို့၏ရိုးရာယဉ်ကျေးမှုကိုသင်ယူနိုင်ရန်အတွက်အဝတ်အစားနှင့်လက်မှုပညာများ၊ကရင်ရိုးရာတန်ဆာပလာများစုဆောင်းခြင်းစသည်တို့ဖြင့်သင်ယူလေ့လာနိုင်
ကြသည်။
ယမန်နှစ်၌KEDသည်ကရင်ပြည်နယ်တခုတည်းတွင်သာမကကရင်အမျိုးသားအစည်းအရုံးမှကရင်ပြည်နယ်၏အစိတ်အပိုင်းစစ်စစ်ဖြစ်လာရန်စဉ်းစားထားသောပဲခူးတိုင်း၊တနင်္သာရီတိုင်းနှင့်
မွန်ပြည်နယ်တို့ရှိကရင့်နယ်မြေလွှမ်းမိုးရာနေရာများတွင်လည်းကျောင်းသားတစ်သိန်းလေးသောင်းထက်ပိုမိုများပြားသောကျောင်းသားများဖြင့်ကျောင်းပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ့်
ငါးကျောင်းကိုပံ့ပိုးပေးခဲ့သည်။“ဒါတွေကအစိုးရအစီအစဉ်ဖြစ်ပြီးတကယ့်အမှန်အကန်ပါပဲ”ဟုKEDနှင့်အနီးကပ်လုပ်ဆောင်နေသည့်ကရင်ပြည်နယ်ပညာရေးအကူအညီအထောက်အပံ့ပေး
ရေးအဖွဲ့မှညွှန်ကြားရေးမှူးဖြစ်သူကိုလိုထူးကပြောသည်။
အပစ်အခတ်ရပ်စဲရေးမတိုင်မီကထိုကျောင်းများရှိဆရာ၊ဆရာမများသည်အစိုးရစစ်ကြောင်းစီးနင်းတိုက်ခိုက်သည့်အတောအတွင်းကျောင်းသားများနှင့်ကျောင်းသားမိဘများမှအကာအကွယ်
ရရှိရန်တောထဲသို့ရှောင်ပြေးစဉ်တွင်စာသင်ချိန်များကိုဖျက်သိမ်းပေးရန်မကြာခဏဖိအားပေးခြင်းခံခဲ့ကြသည်။
“သူတို့မှာတွေတာနဲ့တပြိုက်နက်ပစ်ဖို့ပေါ်လစီရှိခဲ့ပါတယ်၊လှုပ်ရှားမှုမှန်သမျှကိုပေါ့”ဟုKEDအတွင်းရေးမှူးမှပြောလိုက်သည်၊ကရင်စစ်သားနဲ့အရပ်သားတွေအကြားသူတို့မခွဲခြားပဲပစ်တာပါ”
ဟုထပ်ပေါင်းပြောခဲ့သည်။“ကလေးငယ်ငယ်လေးတွေတောင်ပါပါတယ်--‘နင်တို့ကြီးလာမယ်၊ပြီးရင်တော်လှန်ရေးထဲပါဝင်လာမယ်၊ဒါကြောင့်နင့်တို့ကိုငါတို့ခုပဲစပစ်လို့ဘာလို့မရရမှာလဲ
လို့သူတို့ကပြောပါတယ်။”
ကျောင်းအဆောက်အဦးများလည်းမကြာခဏပျက်စီးခဲ့ကြောင်း၎င်းမှပြောခဲ့သည်။“သူတို့ကမီးရှို့လိုက်၊ကျွန်တော်တို့ကပြန်ဆောက်လိုက်နဲ့ပေါ့။သူတို့ကဖျက်စီးဖို့ပြန်လာခဲ့တယ်၊ကျွန်တော်
တို့ကလည်းပြန်ဆောက်တယ်၊ငါတို့သူတို့ကိုအလုပ်ပေးရှုပ်လိုက်တာပေါ့။”
မေး - ရန်သူ့နယ်မြေထဲသိုသိုသိပ်သိပ်ထိုးဖောက်ဝင်ရောက်ခြင်းလား။
ကရင်ပြည်နယ်နှင့်ပိုင်းခြားထားသောသောင်ရင်းမြစ်အနီးအနားရှိတောင်ကြားတစ်ခုထဲတွင်လူဦးရေ(၆၅၀)ခန့်နေထိုင်ကြသောစိုက်ပျိုးမွေးမြူရေးရွာတစ်ရွာဖြစ်သည့်ထီးကော်ထောရွာကိုတွေ့
ရမည်ဖြစ်သည်။ထိုနယ်မြေကိုKNU မှခွဲထွက်ခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သောယခင်ကကရင်ဒီမိုကရက်တစ်တိုးတက်သောဗုဒ္ဓဘာသာတပ်မတော်(DKBA)အဖွဲ့ဝင်များဖြစ်သည့်
ပြည်သူ့စစ်များမှအုပ်ချုပ်သည်။ဒေသတွင်းနေထိုင်သူများမှKNUတပ်သားများအနီးအနားတွင်နေ့တိုင်းဖြစ်သန်းသွားလာနေစဉ်အတွင်းအစိုးရတပ်သားများကိုလည်းဒေသတွင်းရှိဗုဒ္ဓဘာသာ
ဘုန်းကြီးကျောင်းများတွင်တခါတရံသူတို့တွေ့ရကြောင်းပြောသည်။
၂၀၁၀တွင်အစိုးရသည်ထိုဒေသရှိDKBAမှမတည်ဆောက်လုပ်ထားသောစာသင်ကျောင်းတွင်ပိုမိုကြီးမားသောကျောင်းအဆောက်အဦးသစ်တစ်ခုကိုအစားထိုးဆောက်လုပ်ပေးခဲ့သည်။ယခု
အခါကျောင်းသားအယောက်နှစ်ရာတက်ရောက်သင်ကြားနေပြီဖြစ်သည်၊အများစုမှာကရင်ဖြစ်ပြီးဗမာ၊ပအို့နှင့်မွန်တိုင်းရင်းသားများလည်းတက်ရောက်ကြသည်။စာသင်ကျောင်းသည်သန့်ရှင်း
လုံခြုံမှုရှိသော်လည်းမြန်မာနိုင်ငံ၏အကြီးဆုံးမြို့တော်ဖြစ်သည့်ရန်ကုန်မြို့ရှိစာသင်ကျောင်းများနှင့်နှိုင်းယှဉ်လျှင်အခြေခံကျသောလိုအပ်ချက်များနှင့်ဝန်ထမ်းအင်အားနည်းပါးနေဆဲဖြစ်
သည်။“ကျွန်တော်သင်ကြားရေးလက်ထောက်များနဲ့နေရာလွတ်တွေပိုမိုလိုအပ်နေပါတယ်။ကျောင်းအုပ်၊နောက်ထပ်ကျောင်းဆရာများနဲ့အထောက်အပံ့များကိုကျွန်တော်တို့နောက်ထပ်
လိုအပ်ပါတယ်”ဟုအစိုးရခန့်ထားသောစာသင်ကျောင်းရှိကျောင်းဆရာ၊ဆရာမသုံးယောက်ထဲမှတစ်ဦးဖြစ်သည့်အသက်(၂၂)အရွယ်ရှိစောထူးမြတ်မှပြောသည်။
အတန်းချိန်အများစုတွင်သူသည်ကျောက်သင်ပုန်းရှေ့တွင်ရပ်ကာသင်ခန်းစာများကိုနှုတ်တိုက်ချပေးသည်၊သို့သော်လည်းသူသည်ကျောင်းသားများအားမကြာမကြာပိုမိုပူးပေါင်းပါဝင်လာဖို့
ကြိုးစားတောင်းဆိုနေသည်။“ကျွန်တော်အဲ့ဒါကိုတစ်ရက်မှာ(၃၅)မိနစ်ပြုလုပ်ပါတယ်၊ကျောင်းသားတွေကိုမေးခွန်းတွေမေးတယ်၊သူတို့အဖြေတွေကိုကျောက်သင်ပုန်းပေါ်မှချရေးပါတယ်”
၊ကျောင်းသားဗဟိုပြုချဉ်းကပ်နည်းဖြစ်ကြောင်းသူမှပြောသည်။“အဲ့ဒါဟာခက်ခဲပေမယ့်လည်းကျောင်းသားတွေကိုပျော်အောင်လုပ်ပေးပါတယ်။”
သူ၏ကျောင်းသားအများစုသည်အိမ်တွင်ကရင်ဘာသာစကားကိုပြောသည့်တိုင်အောင်သူသည်အစိုးရအတည်ပြုထားသည့်သင်ရိုးညွှန်းတန်းများနှင့်မြန်မာဘာသာဖြင့်သင်ပြခြင်းများကို
လည်းသူမှလိုက်လံဖတ်ရှုမှတ်သားသည်။ယခုနှစ်တွင်ပထမဦးဆုံးအကြိမ်အဖြစ်သူသည်ကျောင်းသားများမှ၎င်းတို့၏မိခင်ဘာသာစကားကိုရေးနိုင်၊ဖတ်နိုင်ရန်အတွက်သင်ယူရာတွင်သူ၏
ကျောင်းသားများကိုအကူအညီပေးရန်ကရင်ဘာသာစကားနှင့်ပက်သက်သည့်အတန်းချိန်တခုကိုပေးကာသင်ကြားနိုင်ခဲ့သည်ဟုပြောသည်။
အသက်(၁၃)ရှိသောစောမြင့်အောင်သည်ကျောင်းတွင်အင်္ဂလိပ်ဘာသာစကားအတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်သော်လည်းသူ၏သူငယ်ချင်းများသည်သူ့အားတခါတရံနောက်ပြောင်ကြ
သည်။“ကျွန်တော်ကရင်ဘာသာရေးတတ်၊ဖတ်တတ်ဖို့သင်ချင်ပါတယ်၊ဘာကြောင့်လဲဆိုတော့ကျွန်တော်ဟာကရင်လူမျိုးတစ်ယောက်မို့လို့ပါ။”
ရွာတွင်ဆယ်စုနှစ်တစ်စုစာထက်ပိုမိုသင်ကြားပေးခဲ့သောအသက်(၅၁)နှစ်အရွယ်ရှိလူထုပညာသင်ကြားပေးသည့်ဆရာမချိုချိုလွင်အပါအဝင်ကျောင်းရှိဆရာ၊ဆရာမ(၆)ယောက်သည်အစိုးရ
မှခန့်ထားသောဆရာများမဟုတ်ကြပဲယခင်DKBAစစ်သားများ၏အစိုးရပြည်သူ့စစ်မှလခပေးခဲ့ခြင်းဖြစ်သည်။“အစိုးရကျောင်းဆရာများဟာတစ်လကိုတစ်သိန်းတစ်သောင်းခြောက်ထောင်
(ယူအက်စ်ဒေါ်လာ၁၁၆.ရပါတယ်၊ကျွန်မကတော့တစ်လကိုနှစ်သောင်းငါးထောင်(ယူအက်စ်ဒေါ်လာ၈၀)ရပါတယ်။ဒါဟာမလောက်ပါဘူး”ဟုသူမမှရှက်ရွံ့စွာပြောသည်။လစာပိုမိုမြင့်မြင့်
ရဖို့အတွက်ဖြစ်စေ၊အနာဂတ်တွင်ပြန်လည်ပြုပြင်ပြောင်းလဲမှုများဖြစ်ဖို့အတွက်ဖြစ်စေတခုခုမျှော်လင့်မိကြောင်းသူမမှဖြေကြားခဲ့သည်။“အပြောင်းအလဲတွေပြုလုပ်ဖို့အတွက်အကြံဉာဏ်ပေး
ဖို့ကျွန်မမှာဘာသြဇာအာဏာမှမရှိပါဘူး”ဟုသူမမှထပ်ပေါင်းပြောကြားခဲ့သည်။
တခြားအစိုးရစာသင်ကျောင်းများရှိလူထုမှသင်ကြားရေးအတွက်ငှားရမ်းထားသောဆရာ၊အရာမများအတွက်KED မှလည်းလစာပေးသည်။ပုံမှန်အားဖြင့်တစ်နှစ်တွင်ထောက်ပံ့ကြေးငွေဘတ်
(၄၅၀၀)ရသည်၊ထိုထောက်ပံ့ကြေးသည်အစိုးရဆရာ၊ဆရာမများ၏တလစာသာဖြစ်သည်။နှစ်စဉ်အသုံးစရိတ်ဒေါ်လာ(၃)သန်းနှင့်ကျောင်းသားမိသားစုများမှလည်းအစိုးရကျောင်းဆရာ၊
ဆရာမများ၏သွားရေးလာရေးစရိတ်နှင့်အိုးအိမ်နေရာချထားပေးသည့်ကုန်ကျစရိတ်များကိုတစိတ်တဒေသအသုံးစရိတ်ကူညီပံ့ပိုးပေးသည်ဟုKEDမှပြောသည်။
ပုံမှန်လစာသည်ကွာခြားမှုရှိသည်ဟုအတွင်းရေးမှူးမှပြောသည်။အစိုးရဆရာများသည်အတွေ့အကြုံနည်းပါးသည့်တိုင်အောင်၎င်းတို့ကိုကျောင်းအုပ်အထိရာထူးတိုးမြှင့်ပေးမည့်တဖက်စောင်း
နင်းဘက်လိုက်မှုရှိသည်၊ဒေသတွင်းနေထိုင်သူများမှတချို့အစိုးရကျောင်းဆရာများအားဖိအားပေးခဲ့ခြင်းအားဖြင့်၎င်းတို့သည်ကျေးရွာတွင်အားပြိုင်မှုများဖြစ်စေနိုင်ရန်ဦးတည်ပေးနိုင်သည်။
ညှိနှိုင်းဆွေးနွေးသည့်ကာလချိန်တာ
မြန်မာလွှတ်တော်သည်ယခုအခါအမျိုးသားပညာရေးဥပဒေကိုစဉ်းစားသုံးသပ်နေသည်၊အကယ်၍ထိုဥပဒေကိုအတည်ပြုလိုက်ပါကနိုင်ငံအဝှမ်းရှိအစိုးရစာသင်ကျောင်းများအတွက်အကျိုး
ရလဒ်ရဖို့အလှမ်းဝေးနေမည့်အလားအလာရှိသည်။သို့သော်လည်းအစိုးရသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆီသို့ပိုမိုနီးကပ်စွာရွေ့လျားနေပြီဖြစ်သည့်အားလျော်စွာထိုကျောင်းများ
သည်ကချင်၊ရှမ်း၊မွန်၊ချင်းနှင့်ရခိုင်ပြည်နယ်များရှိKEDစာသင်ကျောင်းများ(သို့မဟုတ်)တခြားတိုင်းရင်းသားပညာရေးစနစ်များနှင့်လိုက်၍ဘယ်လိုတဖြည်းဖြည်းပေါင်းစပ်မည်ဆိုသည်ကို
ဆက်လက်လုပ်ဆောင်ရန်ကျန်ရှိသည်။
ပညာရေးဝန်ကြီးဌာနသည်၎င်းတို့၏အချက်အလက်အသေးစိတ်ဖြည့်သွင်းခြင်းကိုအဓီကအားဖြင့်မသိကျိုးကျွံပြုခဲ့ကြောင်းတိုင်းရင်းသားပညာတတ်ပုဂ္ဂိုလ်များမှပြောသည်။
“တိုင်းရင်းသားနယ်မြေများမှာရှိတဲ့ပညာရေးကိုသီးသန့်ဆွေးနွေးမှုပြုလုပ်ခြင်းအရပညာရေးပြုပြင်ပြောင်းလဲမှုဟာဘာအပြောင်းအလဲမှရှိလာမှာမဟုတ်ပါဘူးလို့ကျွန်တော်တို့အသေအချာပြော
နိုင်ပါတယ်”ဟုရှမ်းပြည်နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှညွှန်ကြားရေးမှူးဖြစ်သူစိုင်းနော်ခမ်းမှပြောသည်။“အောက်ခြေမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာသူတို့မသိပါဘူး၊
ပြီးတော့ပြုပြင်ရေးလုပ်ငန်းစဉ်တွေထဲမှာတိုင်းရင်းသားအသိုင်းအဝိုင်းကပြည်တွင်းပညာရှင်တွေမပါဝင်ကြပါဘူး။”
“အနာဂတ်ပညာရေးမူဝါဒဟာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းကမြန်မာနိုင်ငံမှာလူမျိုးရေးနဲ့နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားစေတဲ့အကြောင်းအရင်းဖြစ်တဲ့မြန်မာလူမျိုးကြီးဝါဒကို
ဆက်လက်လုပ်ဆောင်နေမှာပဲလို့ကျွန်တော်တို့မြင်တွေ့ထားပါတယ်”။
၂၀၁၂ခုနှစ်တွင်ပညာရေးဝန်ကြီးဌာနသည်ပညာရေးမူဝါဒအသစ်များကိုအတည်ပြုနိုင်သည့်စာသင်ကျောင်းစနစ်အားသာချက်၊အားနည်းချက်များကိုခွဲခြားရွေးထုတ်နိုင်ရန်အတွက်တခဲ
နက်လေ့လာမှုများကိုစတင်ပြုလုပ်ခဲ့သည်။သုတေသနပြုလုပ်သူများသည်နိုင်ငံတဝှမ်းစာသင်ကျောင်းများကိုလေ့လာခဲ့သော်လည်းအတွင်းရေးမှူး၏ပြောကြားချက်အရ၎င်းတို့သည်ကရင်
ပြည်နယ်ရှိပညာရေးအမျိုးအစားများကိုမစဉ်းစားမတွေးတောခဲ့ကြကြောင်းပြောသည်။
“ကျွန်တော်တို့ဆယ်စုနှစ်များစွာလုပ်နေတဲ့အလုပ်တွေကိုသူတို့နှံ့နှံ့စပ်စပ်နားလည်မသိရှိပါဘူး”ဟုသူမှပြောသည်။“တိုင်းရင်းသားနယ်မြေတွေထဲမှာရှိတဲ့တိုင်းရင်းသားပညာရေးအလုပ်ဟာသူ
တို့အစိုးရအလုပ်ပဲလို့သဘောထားနေတာလား။”
ကရင်ပြည်နယ်ရှိစာသင်ကျောင်း(၃၁)ကျောင်းတွင်လုပ်ကိုင်ဆောင်ရွက်နေသည့်လူထုကျောင်းပရိုဂရမ်မှညွှန်ကြားရေးမှူးဖြစ်သူအဲ့သွားဘောကအစိုးရအဖွဲ့မဟုတ်သည့်ပညာတတ်ပုဂ္ဂိုလ်များမှ
လည်းအရေးပါသောအလုပ်လုပ်ဆောင်နေသည်ကိုပညာရေးဝန်ကြီးဌာနမှနားလည်သဘောပေါက်ရန်လိုအပ်ကြောင်းပြောသည်။“ရွာသူရွာသားတွေတည်ထောင်ထားတဲ့ကျောင်းတွေကို
အသိအမှတ်ပြုသင့်ပါတယ်။ပြီးတော့ကျောင်းဆရာတွေကိုအတူတူဆက်ဆံသင့်ပါတယ်၊ဘာကြောင့်လဲဆိုတော့သူတို့အလုပ်ကြိုးကြိုးစားစားလုပ်ကြလို့ပါပဲ”ဟုသူမကပြောသည်။
သို့သော်သူမမှလည်းKED မှအစိုးရနှင့်ပိုမိုပူးပေါင်းဆောင်ရွက်ရန်လိုလားသည်။စတင်လုပ်ဆောင်သည့်အချက်အနေဖြင့်ကရင်စာသင်ကျောင်းများတွင်မြန်မာဘာသာစကားကိုသင်ကြားသင့်
ကြောင်းသူမကပြောသည်။“မြန်မာမှာတိုင်းရင်းသားအုပ်စုအများအပြားရှိပါတယ်၊ဒါကြောင့်ကျွန်တော်တို့မြန်မာစာကိုသင်ကြားသင့်ပါတယ်။ဒီလိုမှမဟုတ်ရင်ကျွန်မတို့တခြားသူတွေနဲ့
ဘယ်လိုဆက်ဆံပြောဆိုနိုင်တော့မှာလဲ”ဟုသူမကပြောသည်။
ပြည်နယ်များအလိုက်၎င်းတို့၏စာသင်ကျောင်းများအားလုပ်ပိုင်ခွင့်အဆင့်အချို့ပေးရန်ခွင့်ပြုမည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှအဆိုပြုထားသည့်ဖက်ဒရယ်နိုင်ငံရေးစနစ်ကိုဆက်
လက်ထိန်းသိမ်းခြင်းအားဖြင့်ဒေသအစိုးရသို့လွှဲပြောင်းပေးသည့်စာသင်ကျောင်းစနစ်ကိုKEDကလိုလားသည်။
အစိုးရပညာရေးစနစ်နှင့်ပေါင်းစပ်သွားဖို့ကူညီရန်တွက်သေချာသောအကြောင်းအရာများပေါ်တွင်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန်လမ်းဖွင့်ထားသည်။ကျောင်းသားများအားမြန်မာဘာသာစကား
ကိုမကြာမီစတင်သင်ကြားမည်ဖြစ်သည်။အစိုးရစနစ်ဖြင့်ပေါင်းစပ်ခြင်းအားဖြင့်KEDစာသင်ကျောင်းများတွင်တက်ရောက်ခဲ့ခြင်းကြောင့်မြန်တက္ကသိုလ်များတွင်လက်ရှိတက်ရောက်ရန်ကန့်
ကွက်တားဆီးခြင်းခံရသည့်ကရင်ကျောင်းသားများအတွက်ကောင်းကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။
သို့သော်လည်းသင်ရိုးညွှန်တန်းတွင်တိုင်းရင်းသားသမိုင်းကိုထည့်သွင်းခြင်းအပါအဝင်သေချာသည့်အကြောင်းအရာများကိုဆွေးနွေးရန်အတွက်လမ်းဖွင့်မပေးကြောင်းKEDအတွင်းရေးမှူးက
ပြောသည်။
ဖြစ်နိုင်ခြေရှိသည့်ရွေးပိုင်ခွင့်နှစ်ခုကိုသူမှတွေ့ထားသည်။ပထမတစ်ချက်မှာမြန်မာနိုင်ငံရှိတိုင်းရင်းသားအဖွဲ့များအားလုံးမှပေါင်းစည်းထားသည့်သင်ရိုးညွှန်းတန်းတစ်ခုကိုအတူတကွပုံစံချ
ရေးဆွဲနိုင်ရမည်၊၎င်းတွင်တိုင်းရင်းသားတစ်ခုချင်းစီီ၏သမိုင်းများနှင့်ယဉ်ကျေးမှုများအကြောင်းထည့်သွင်းပေါင်းစပ်ထားသည့်သင်ခန်းစာများပါဝင်မည်ဖြစ်ပြီးနိုင်ငံတဝှမ်းရှိစာသင်ကျောင်း
များတွင်အသုံးပြုနိုင်မည်ဖြစ်သည်။“ဒါပေမယ့်အဲ့ဒါဟာမရေမရာဖြစ်မယ်လို့ကျွန်တော်တို့ကြိုမြင်နေပါတယ်”ဟုသူကပြောသည်။ဒုတိယအချက်ကတော့ပိုမိုရိုးရှင်းလွယ်ကူပါတယ်။လူတိုင်း
ကသဘောပါက်နားလည်သည့်သင်ရိုးညွှန်းတန်းကိုအစိုးရကခြောက်ဆယ်ရာခိုင်နှုန်းပုံစံထုတ်ရေးဆွဲပြီးကျန်တဲ့၄၀ရာခိုင်နှုန်းကိုအစိုးရအစားအတိုင်းရင်းသားအဖွဲ့များက၎င်းတို့၏ကိုယ်ပိုင်
မှုများနှင့်ပက်သက်၍ဆုံးဖြတ်ချက်ချနိုင်ရန်အတွက်ချန်ထားရပါမယ်။”
အခြေအနေနှစ်ခုစလုံးတွင်ပညာရေးမူဝါဒသည်တဖက်တည်းပြုလုပ်အားဖြင့်တိုးတက်မည်မဟုတ်ဟု၎င်းမှပြောသည်။
“သူတို့ကကျွန်တော်တို့ကိုလွှဲပြောင်းပေးဖို့ရှိတယ်လို့ကျွန်တော်ခံစားရတယ်၊ပြီးတော့အဲ့လိုလွှဲပြောင်းခြင်းဟာကျွန်တော့်တို့တိုင်းရင်းသားပညာရေးဆက်လက်ဆောင်ရွက်နေတဲ့ကျွန်တော့်တို့
လုပ်နိုင်စွမ်းတွေကိုကန့်သတ်ချက်ရှိစေပါလိမ့်မယ်”ဟုသူကအစိုးရကိုရည်ညွှန်း၍ပြောသည်။
“အရင်တုန်းကသူတို့သတ်ဖြတ်ခဲ့တယ်၊သူတို့မီးရှို့ခဲ့တယ်၊ညှင်းပန်းနှိပ်စက်ခဲ့တယ်၊အဲ့ဒီ့အချိန်တိုင်းအတွက်ကျွန်တော်တို့စွမ်းအားတွေကျွန်တော်တို့ပြန်ရပါလိမ့်မယ်။ဒါပေမယ့်အဲ့ဒီ့ချိန်
ရောက်ရင်ကျွန်တော်တို့အရမ်းသတိထားဖို့လိုပါတယ်။သူတို့ကျွန်တော်တို့ကိုအနုနည်းနဲ့ဖြတ်တောက်ပစ်ဖို့ကြိုးစားနိုင်ပါတယ်၊ဆယ်ရာစုနှစ်ခြောက်စုစာထက်မနည်းဖြတ်သန်းလာတဲ့ကျွန်
တော်တို့ထိန်းသိမ်းထားတဲ့မူလအခြေအနေထင်ရှားတဲ့လက္ခဏာတွေတဖြည်းဖြည်ပျောက်ကွယ်လုဖြစ်သွားမှာကိုကျွန်တော်တို့စိုးရိမ်ပူပန်မိပါတယ်။”