မြဝတီမြို့၌ပစ်ခတ်မှုဖြစ်၍ DKBA တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

...

မြဝတီမြို့၌ပစ်ခတ်မှုဖြစ်၍ DKBA တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

Irrawaddy News, 19 Sep 2014

URL: http://www.irrawaddy.org/burma/karen-rebel-soldier-shot-dead-myawaddy.html
ထိုင်း-မြန်မာနယ်စပ်၊မြဝတီမြို့မှာအစိုးရစစ်တပ်ဦးဆောင်တဲ့လုံခြုံရေးတပ်ဖွဲ့တွေ၏ပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)အဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ် ရာအပြင်းအထန်ရရှိသွားသည်ဟုသိရသည်။

စက်တင်ဘာလ(၁၈)ရက်နေ့ည၌DKBAအဖွဲ့ဝင်နှစ်ဦးမောင်းနှင်လာသည့်အနက်ရောင်SURFအမျိုးအစားကားကိုအစိုးရလုံခြုံရေးအဖွဲ့တွေကစစ်ဆေးမေးမြန်းဖို့တားမြစ်ရာမှာ၎င်းတို့ကအစစ်ဆေး
မခံပဲမောင်းထွက်သွားသည့်အတွက်စစ်တပ်ကပစ်ခတ်တားဆီးခဲ့ရာမှသေဆုံးဒဏ်ရာရခဲ့တာဖြစ်သည်ဟုပူးပေါင်းလုံခြုံရေးအဖွဲ့တွင်ပါသည့်တာဝန်ကျတစ်ဦးကဧရာဝတီသို့ပြောသည်။

“စစ်ဆေးဖို့တားတာကိုမောင်းထွက်သွားလို့လမ်းကိုကားတွေနဲ့ကန့်လန့်ပိတ်ရပ်လိုက်တယ်။အဲဒါကိုအစစ်အဆေးမခံပဲပိတ်ရက်ထားတဲ့ကားတွေကိုတိုက်ပြီးမောင်းထွက်သွားတယ်။ကျွန်တော်တို့ကား တွေလည်းဆယ်ပေလောက်လွင့်ထွက်သွားတယ်။ပစ်မိန့်ရတော့လိုက်ပစ်တာအဓိကဘီးကိုပစ်တာ၊ဝိုင်းပစ်ရင်းလူကိုထိသွားတာပါ”ဟုသူကဧရာဝတီသို့ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာ၌တစ်ဦးကနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊အတူပါလာသူလည်းလည်ပင်းရှပ်ထိဒဏ်ရာနဲ့မြဝတီမြို့နယ်ဆေးရုံမှာဆေးကုသမှုခံယူနေကြောင်းသိရှိရသည်။

ပူးပေါင်းအဖွဲ့တွေ၏မှတ်တမ်းအရသေဆုံးသူနဲ့ဒဏ်ရာရသူဟာကလိုထူးဘောကရင်အစည်းအရုံး(KKO)လက်အောက်ခံအဖွဲ့ဝင်တွေဖြစ်ကြောင်းသိရသည်။

“အခုဒေသခံတွေဟာကြောက်လန့်နေကြပါပြီ။ဒီထက်ပိုပြီးပြဿနာပိုကြီးလာမှာကိုသူတို့စိုးရိမ်နေပါတယ်”ဟုစောရိုးကဆိုသည်။

သောကြာနေ့ညသန်းခေါင်မတိုင်ခင်ဖြစ်ပွားခဲ့သောအဖြစ်အပျက်တွင်လင်းစိုးနိုင်မောင်းနှင်လာသောတိုရိုတာအမဲရောင်Hilux Surfကားသည်လုံခြုံရေးယဉ်ကိုတိုက်မိခြင်းဖြစ်သည်ဟုအစိုးရလုံခြုံရေး အဖွဲ့မှအမည်မဖော်လိုသူကဧရာဝတီသို့ပြောသည်။ကားကိုရပ်ပေးရန်ပြောခြင်းကိုကားမောင်းသူမှဂရုမစိုက်ခဲ့ကြောင်းနှင့်စစ်ဆေးရန်တားသည်ကိုမောင်းထွက်သွားလို့ကားတွေနဲ့လမ်းမှာပိတ်ရပ်လိုက်
ကြောင်း၊အဲဒါကိုအစစ်ဆေးမခံပဲလုံခြုံရေးကားကိုတိုက်ကာမောင်းထွက်သွားခြင်းဖြစ်ကြောင်း၎င်းမှပြောခဲ့သည်။

“လုံခြုံရေးဝန်ထမ်းတွေကသူတို့ကိုကားထဲကနေထွက်ပေးဖို့ပြောတဲ့အခါသူတို့ကသူတို့ရဲ့သေနတ်တွေကိုဆွဲထုတ်ဖို့ကြိုးစားပါတယ်၊ဒါကြောင့်စစ်သားတွေကသူတို့ကိုတားဆီးဖို့အတွက်ပစ်လိုက်တာ”ဟု သူကထပ်ပေါင်းပြောခဲ့သည်။

DKBAစစ်သားနှစ်ဦးနှင့်ရင်ဆိုင်တွေ့ခဲ့သည့်လုံခြုံရေးအဖွဲ့မှာမြဝတီမြို့ရှိ၊ဗိုလ်ကြီးတစ်ဦးဦးဆောင်သည့်မြန်မာစစ်တပ်ခြေလျှင်တပ်ရင်း(၂၇၅)မှဖြစ်ပြီးရဲ၊နယ်ခြားစောင့်တပ်နှင့်ဒေသတွင်းအာဏာပိုင် များအတူတကွပါဝင်သည်။ကင်းထောက်စစ်ဆင်ရေးကိုဦးဆောင်သည့်မြန်မာစစ်တပ် ကိုနာခံခြင်းအားဖြင့်မြဝတီမြို့ရှိရဲများသည်ဧရာဝတီမှမေးခွန်းများကိုဖြေကြားရန်ငြင်းဆန်ခဲ့ကြသည်။

တချိန်တည်းမှာပဲမြဝတီမြို့ပေါ်မှချိန်ကိုက်မိုင်း(၂)လုံးနှစ်ရက်ဆက်တိုက်တွေ့ရှိခဲ့၍စစ်တပ်ဦးစီးသည့်လုံခြုံရေးအဖွဲ့များသည်လုံခြုံရေးအင်အားတိုးမြှင့်ပြီးမြို့ပေါ်တွင်(၂၄)နာရီလုံခြုံရေးတင်းကျပ်စောင့်
ကြည့်နေသည်။

ထိုအဖြစ်အပျက်တွေဖြစ်ပွားပြီးနောက်ဒေသခံအစိုးရစစ်တပ်သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမြဝတီမြို့ပေါ်၌ယူနီဖောင်းဝတ်၊လက်နက်ကိုင်ဆောင်သွားလာခွင့်ကိုတားမြစ်မှုပြုလုပ်ခဲ့သည်။

ခြေလျှင်တပ်ရင်း(၂၇၅)မှတပ်ရင်းမှူး၏စာထဲတွင်စစ်တပ်အဆောင်အယောင်များနှင့်လက်နက်ကိုင်များသည်ပြည်သူများ၏လုံခြုံရေးကိုအနှောက်အယှက်ပြုကြောင်းဖော်ပြထားသည်။

“သူတို့ကျေနပ်လောက်တဲ့ဖြေရှင်းခြင်းမျိုးနဲ့ညှိနှိုင်းမယ်ဆိုရင်ကောင်းပါတယ်၊အဲလိုမှမလုပ်ဘူးဆိုရင်တော့ပြဿနာကြီးကြီးဖြစ်လာပါမယ်”ဟုKNU မှစောရိုးကပြောသည်။

ပိုမိုကျယ်ပြန့်သည့်ပဋိပက္ခသည်ယခင်ကလည်းဖြစ်နေကျဖြစ်သည်။၂၀၁၀ခုနှစ်နိုဝင်ဘာလတွင်DKBA မှမြဝတီကိုယာယီထိန်းသိမ်းခဲ့သောကြောင့်ထောင်ပေါင်းများစွာသောသူများသည်မဲဆောက်သို့ ဝင်ရောက်လာခဲ့သည်။