ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်သမ္မတသိန်းစိန်ပါဝင်ရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလိုလား

...

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်သမ္မတသိန်းစိန်ပါဝင်ရန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလိုလား

Irrawaddy News, 11 Sep 2014

URL: http://www.irrawaddy.org/burma/burmas-ethnic-armed-groups-want-thein-sein-peace-talks.html
ချင်းမိုင်---တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးရှေ့ဆက်လုပ်ဆောင်ဆွေးနွေးနေသောကြောင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များမှသမ္မတဦးသိန်းစိန်အားငြိမ်းချမ်းရေးဆွေးနွေး မှုများတွင်ပါဝင်ပေးရန်လိုလားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့မှကိုယ်စားလှယ်များပါဝင်သောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)အဖွဲ့ဝင်များသည်ကာလကြာရှည်စွာစောင့်ဆိုင်းနေရသော
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်၏လက်ရှိမူကြမ်းအကြောင်းဆွေးနွေးရန်အတွက်ထိုင်းနိုင်ငံမြောက်ပိုင်း၊ချင်းမိုင်မြို့တွင်ယခုတပတ်၌ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးနောက်ဆက်တွဲအနေဖြင့်NCCTခေါင်းဆောင်များသည်၎င်းတို့၏နောက်ဆုံးမူကြမ်းကိုတင်ပြမည်ဖြစ်သောရန်ကုန်မြို့၌မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဖြစ်သည့်ပြည်ထောင်စုငြိမ်း
ချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်စက်တင်ဘာလ(၂၂)ရက်နေ့တွင်တွေ့ဆုံမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီးသည့်နောက်ပိုင်းတိုင်းရင်းသားခေါင်းဆောင်များတောင်းဆိုသည့်တောင်းဆိုမှုအသစ်မှာပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက်ပူးတွဲ
ကော်မတီဖွဲ့စည်းပေးရန်ဖြစ်သည်ဟုချင်းအမျိုးသားရှေ့ဦးပါတီမှခေါင်းဆောင်ဖြစ်သူNCCTဦးဆောင်သူအဖွဲ့ဝင်ဆလိုင်းလျန်ဆတ်မုန်ကဧရာဝတီသို့ပြောခဲ့သည်။

အပစ်အခတ်ရပ်စဲရေးနောက်ဆက်တွဲအနေဖြင့်နိုင်ငံရေးဆွေးနွေးမှုများကိုကြီးကြပ်မည်ဖြစ်သောကော်မတီသည်ဦးသိန်းစိန်အပါအဝင်အစိုးရအဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်များကိုထည့်သွင်းပါဝင်စေ
မည်ဖြစ်သည်။

သို့သော်လည်းအစိုးရညှိနှိုင်းသူများသည်ထိုရည်ရွယ်ချက်အပေါ်စိတ်ဝင်စားမှုမရှိခဲ့ကြကြောင်းဆလိုင်းလျန်မုန်ဆတ်ခေါင်မှဖွင့်ဟပြောဆိုခဲ့သည်။“ကျွန်တော်တို့လေ့လာမိသလောက်သူတို့ကသမ္မ
တကိုကျွန်တော်တို့နဲ့တတန်းစားထဲအတူတူတကယ့်ကိုမထားချင်ပါဘူး။ဒါကြောင့်အဲဒါနဲ့ပက်သက်ပြီးကျွန်တော်တို့တော်တော့်ကိုလေးလေးနက်နက်ဆွေးနွေးရပါမယ်”ဟုသူကပြောသည်။

“ဆယ်စုနှစ်ခြောက်စုစာဖြစ်ပွားနေတဲ့ကြာရှည်တဲ့ပဋိပက္ခတွေကိုသူတို့ပြီးဆုံးစေချင်တယ်ဆိုရင်အဓိကဦးဆောင်သူများကအဖွဲ့ကိုဦးဆောင်ဖို့လိုအပ်ပါတယ်။ဦးဆောင်မှုမပါပဲကျွန်တော်တို့ဘာမှမ
လုပ်နိုင်ပါဘူး။ကျွန်တော်တို့ဒါကိုလေးလေးနက်နက်စဉ်းစားဖို့လိုပါတယ်။”

ကချင်လွတ်မြောက်ရေးတပ်မတော်မှဒုတိယအကြီးအကဲဗိုလ်ချုပ်ကြီးဂွမ်မော်မှကော်မတီကိုကြီးကြပ်မည်ဖြစ်ပြီးလက်နက်ကိုင်ဘက်မှတခြားနှစ်ဦးကအဓိကအစိတ်အပိုင်းအဖြစ်ပါဝင်မည်ဖြစ်
သည်။

တိုင်းရင်းသားမဟာမိတ်များမှလည်းစစ်တပ်နှင့်သက်ဆိုင်သည့်ကိစ္စများနှင့်ပက်သက်၍အကောင်အထည်ဖော်ရေးကော်မတီဖွဲ့ပေးရန်တောင်းဆိုမည်ဖြစ်ပြီးတခြားကော်မတီမှအပစ်အခတ်ရပ်စဲ
ရေးအတွက်ကျင့်ဝတ်စည်းမျဉ်းများကိုရေးဆွဲမည်ဖြစ်သည်။

“ဒါဟာအစိုးရအပေါ်အလွန်ပဲမူတည်နေပါတယ်။ကျွန်တော်တို့တောင်းဆိုတာတွေကိုသူတို့သဘောတူမယ်ဆိုရင်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုကျွန်တော်တို့လက်မှတ်မရေးထိုး နိုင်စရာဘာအကြောင်းမှမရှိပါဘူး”ဟုဆလိုင်းမုန်ဆတ်ခေါင်ကပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုအမှုဆောင်ကော်မတီဝင်စောတာဒို့မူးမှကျင့်ဝတ်စည်းမျဉ်းအကောင်အထည်ဖော်ရေးကော်မတီကိုတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီးကရင်ဒီမိုကရက်တစ်
အကျိုးပြုတပ်မတော်(DKBA)မှဗိုလ်မှူးစောလိုလို့မှပူးတွဲစောင့်ကြည့်စစ်ဆေးရေးကော်မတီကိုတာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

ဦးသိန်းစိန်အစိုးရမှတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကိုလက်မှတ်ရေးထိုးရန်ထပ်တလဲလဲတွန်းအားပေးနေသော်လည်းရက်သတ်မှတ်ထားသည့်ရက်အတော်များများကျော်လွန်နေခဲ့ပြီဖြစ်
သည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ယခုနောက်ဆုံးတွဲဖက်ထားသည့်အဆိုပြုချက်သည်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင်ပူးတွဲခေါင်းဆောင်များကိုသေ
ချာစေရန်အတွက်ဖြစ်သည်ဟုစောတာဒို့မူးကဧရာဝတီသို့ပြောသည်။

“အပစ်အခတ်ရပ်စဲရေးနှင့်ဆက်နွယ်တဲ့ဆွေးနွေးမှုတွေ၊နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရဲ့တခြားအကောင်အထည်ဖော်ဆောင်ရွက်မှုတွေဟာတနိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးတဲ့နှောင်းပိုင်းအလွန်မှာဖြစ်လာပါလိမ့်မယ်”ဟုတာဒို့မူးကပြောသည်။