မြန်မာနိုင်ငံ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှောင့်နှေးနိုင်-ညှိနှိုင်းဆွေးနွေးသူအကြီးအကဲမှပြောကြား

...

မြန်မာနိုင်ငံ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးနှောင့်နှေးနိုင်-ညှိနှိုင်းဆွေးနွေးသူအကြီးအကဲမှပြောကြား

Mizzima News, 24 Sep 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/13076-myanmar-s-nationwide-ceasefire-may-face-delays-says-chief-negotiator/13076-myanmar-s-nationwide
ပြည်ထောင်စုအစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအသင်းတို့ကြားလက်ရှိ
စေ့စပ်ဆွေးနွေးမှုအောက်၌ရှိသည့်မြန်မာနိုင်ငံ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်အပြီးသတ်သည်နှောင့်နှေးနိုင်စရာရှိသည်ဟုမှNCCTခေါင်းဆောင်တစ်ဦးဖြစ်သူနိုင်ဟံသာကမိ
ဇ္စျိမသို့စက်တင်ဘာလ(၂၃)ရက်နေ့တွင်ပြောခဲ့သည်။

ငြိမ်းချမ်း​ရေးဆွေးနွေးပွဲပြန်စသည့်နှစ်ရက်တာပြီးသည့်နောက်တွင်နိုင်ဟံသာမှအခြေအနေတင်းမာမှုများကိုဖန်တီးနေသည့်တပ်မတော်ကိုယ်စားလှယ်များ၏တင်းမာသောသဘောထားကိုပြစ်တင်
ပြောကြားခဲ့သည်။

အစည်းအဝေးကိုညနေ(၅)နာရီအထိပြုလုပ်ရန်ရှိသော်လည်းအလျော့အတင်းပြုလုပ်ရာတွင်အခက်အခဲများရှိလာသည့်အတွက်ညနေ(၃)နာရီတွင်အစည်းအဝေးကိုအတိုချုပ်ဖြတ်ချလိုက်သည်ဟုနိုင်
ဟံသာကဆိုသည်။

ပြန်လည်ဖြေရှင်းရန်ကျန်နေသေးသည့်အကြောင်းကိစ္စများတွင်အပစ်အခတ်ရပ်စဲရေးနောက်ဆက်တွဲအနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တပ်ဖြန့်ချထားမှုများပါဝင်ခဲ့သည်၊အတိုက် အခံတိုင်းရင်းသားတပ်များအကြားတွင်စစ်တပ်အကွာအဝေးထားရှိရမှုနှင့်စစ်ကြောင်းများလှည့်လည်ကြည့်ရှုစစ်ဆေးရေးကော်မတီတည်ထောင်မှုစသည်တို့ပါဝင်သည်ဟုညှိနှိုင်းဆွေးနွေးရေး
ခေါင်းဆောင်မှမိဇ္စျိမသို့ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးပါကတပ်မတော်မှလူနည်းစုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားတပ်သားသစ်များစုဆောင်းခြင်းမပြုရန်ရှောင်ကျဉ်ရမည်ဟုတောင်းဆိုခဲ့ကြောင်း
၎င်းမှထပ်ပေါင်းပြောကြားခဲ့သည်။NCCTနှင့်စပ်လျဉ်းသည့်တောင်းဆိုချက်သည်တဖက်သတ်ဖြစ်ပြီးတရားမျှတမှုမရှိကြောင်းပြောခဲ့သည်။

ဖက်ဒရယ်တပ်မတော်တည်ထောင်ရန်စီစဉ်ပေးဖို့တောင်းဆိုခြင်းအစားဖက်ဒရယ်တပ်မတော်တည်ထောင်မှုအသုံးအနှုန်းအပေါ်ပြန်လည်ရုပ်သိမ်းပေးရန်ပြည်ထောင်စုအစိုးရဘက်မှညှိနှိုင်းဆွေး
နွေးသူများအား၎င်းတို့၏အထက်လူကြီးများမှညွှန်ကြားခဲ့ပြီးနောက်ဆွေးနွေးမှုများသည်တန့်သွားခဲ့သည်ဟုနိုင်ဟံသာမှမိဇ္စျိမသို့ပြောခဲ့သည်။