မြဝတီတွင်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်ပွား၍ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

...

မြဝတီတွင်အစိုးရနှင့် DKBA တိုက်ပွဲဖြစ်ပွား၍ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

Irrawaddy News, 27 Sep 2014

URL: http://www.irrawaddy.org/burma/breaking-news/heavy-fighting-erupts-near-myawaddy-residents-flee-homes.html
ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်တွင်အစိုးရနှင့်ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)တို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေပြီးအနီးအနားကဒေသခံတချို့ထွက် ပြေးတိမ်းရှောင်နေကြရကြောင်းဧရာဝတီကစုံစမ်းသိရှိရသည်။

ဒီနေ့မနက်(၁၁)နာရီလောက်ကစပြီးမြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်မှစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးလက်နက်ငယ်များအပြင်အာပီဂျီများကိုပါအသုံးပြုပစ်ခတ်နေတဲ့အတွက်မြို့ခံတွေအတွက်ပါစိုး
ရိမ်စရာရှိနေတယ်လို့မျက်မြင်သက်သေတွေကပြောသည်။

“စထုလိုက်တယ်၊အဲဒါကနေနှစ်ဘက်တိုက်ပွဲစဖြစ်တာလို့ကျွန်တော်တို့သတင်းရတာပဲ။အခုလည်းအာရှလမ်းမကြီးပေါ်မှာတဝုန်းဝုန်းနဲ့ဆော်နေကြတယ်”ဟုသူကဧရာဝတီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့်အတွက်မြဝတီမြို့နှင့်သင်္ကန်းညီနောင်ရွာအကြားအာရှလမ်းမကြီးကိုအစိုးရစစ်တပ်ကပိတ်ထားလိုက်ပြီးကုန်စည်ကူးသန်းမှုနဲ့ခရီးသွားလာမှုကိုရပ်ဆိုင်းထားလိုက်ကြောင်းသိ
ရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာမှာလူနေအိမ်တွေနဲ့စျေးဆိုင်တွေလည်းပိတ်ထားလိုက်ပြီးထိုနေရာရှိနေထိုင်သူတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းကာယကံရှင်တွေကဧရာဝတီသို့
ပြောသည်။

“အခုလိုဖြစ်နေတာကကျွန်တော့်ဆိုင်ရှေ့မှာဖြစ်နေတာ၊လက်နက်ကြီးတွေနဲ့တော်တော်ကြောက်စရာကောင်းတယ်။အခုကျွန်တော်တို့လည်းဆိုင်ပိတ်ပြီးမြို့ထဲသွားနေတယ်။အာရှလမ်းမကြီးပိတ်လိုက်
လို့ကျွန်တော်တို့ရပ်ကွက်လမ်းကြားထဲကနေဖြတ်သွားနေရတယ်”ဟုမြဝတီမြို့ခံစားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကဧရာဝတီသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပက်သက်၍မြဝတီမြို့မရဲစခန်းက“တိုက်ပွဲဖြစ်နေတာတော့ဟုတ်ပါတယ်။ကျွန်တော်တို့အသေးစိတ်ဖြေကြားခွင့်မရှိပါဘူး။ကျွန်တော်တို့လည်းစုံစမ်းနေဆဲပါ”ဟုတာဝန်ကျဒုရဲအုပ် တစ်ဦးကဧရာဝတီသို့ဖြေကြားလိုက်သည်။

အစိုးရစစ်တပ်နှင့်DKBAတို့အကြားယမန်နေ့ကလည်းမွန်ပြည်နယ်၊ကျိုက်မရောမြို့နှင့်တမိုင်ကျော်အကွာအဝေးတွင်ရှိသည့်ကလှိုင်ကနိုင်ကျေးရွာအုပ်စု၊ကရင်တောအပေါ်ရွာအနီးတွင်တိုက်ပွဲဖြစ်
ပွားခဲ့သေးသည်။အဆိုပါတိုက်ပွဲတွင်အစိုးရစစ်တပ်မှတပ်ဖွဲ့ဝင်အချို့နှင့်ရဲ၊စရဖတို့မှအရာရှိတချို့ကိုDKBAကဖမ်းဆီးထားကြောင်းသိရသည်။

စက်တင်ဘာ(၁၈)ရက်နေ့ညကမြဝတီမြို့ပေါ်တွင်DKBAတပ်ဖွဲ့ဝင်(၂)ဦးမောင်းနှင်လာသည့်အနက်ရောင်SURFအမျိုးအစားကားကိုအစိုးရလုံခြုံရေးတပ်ဖွဲ့တွေကစစ်ဆေးဖို့တားမြစ်ရာတွင်မောင်း ထွက်သွားသည့်အတွက်စစ်တပ်ကပစ်ခတ်ဖမ်းဆီးရာမှာDKBAတစ်ဦးသေဆုံးသွားခဲ့သည်။

ဒီဖြစ်ရပ်နဲ့ပက်သက်ပြီးအစိုးရစစ်တပ်ဘက်ကထိရောက်သည့်ဖြေရှင်းမှုမျိုးမရှိသည့်အတွက်DKBAအောက်ခြေတပ်ဖွဲ့တွေကမကျေမလည်ဖြစ်နေကြပြီးအစိုးရနဲ့DKBAတို့အကြားတင်းမာမှုတွေဖြစ်
ခဲ့ရတယ်ဟုမြဝတီမြို့ကရင်နယ်ခြားစောင့်တပ်BGFအဖွဲ့ဝင်အရာရှိတစ်ဦးကပြောသည်။

“အခုလိုဖြစ်နေတာတွေကအဲဒီDKBAတစ်ယောက်သေတဲ့ကိစ္စကနေသဘောထားတင်းမာပြီးစလာကြတာပဲ။အခုဟာကအရှိန်တက်သွားပြီဆိုတော့လွယ်လွယ်နဲ့ငြိမ်းဖို့မလွယ်ကူဘူးထင်တယ်”ဟု BGFအဖွဲ့ဝင်အရာရှိတစ်ဦးကပြောသည်။