အပစ်အခတ်ရပ်စဲရေးအခြေခံသဘောတူနိုင်အောင်ကြိုးပမ်းရမည်ဟုဒေါအောင်ဆန်းစုကြည်တိုက်တွန်း

...

အပစ်အခတ်ရပ်စဲရေးအခြေခံသဘောတူနိုင်အောင်ကြိုးပမ်းရမည်ဟုဒေါအောင်ဆန်းစုကြည်တိုက်တွန်း

Mizzima News, 13 Nov 2014

URL: http://www.mizzima.com/mizzima-news/myanmar/item/14737-necessary-to-find-common-ground-to-reach-ceasefire-agreement-says-suu-kyi
အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများပြုလုပ်နေသည့်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်မတူညီသောသဘောထားများအားအခြေခံ ၍သဘောထားတူညီမှုများရရှိအောင်ကြိုးပမ်းရမည်ဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကပြော
ကြားခဲ့သည်။ဤအကြောင်းအရာကိုလွတ််လပ်သောမွန်သတင်းအင်ဂျင်စီမှဖေါ်ပြခဲ့သည်။

“အရင်ကတစ်ယောက်နဲ့တစ်ယောက်ပစ်ခတ်ခဲ့ကြတဲ့အုပ်စုတွေတောင်မှပြေလည်အောင်အပစ်အခတ်ရပ်စဲရေးကြိုးပမ်းနေတဲ့အချိန်မှာ
သဘောမတူတဲ့အစုအဖွဲ့တွေတစ်ယောက်နဲ့တစ်ယောက်ပုဂ္ဂိုလ်ရေးရာဘဲဖြစ်ဖြစ်၊မူဝါဒရေးရာပဲဖြစ်ဖြစ်တူညီတဲ့သဘောထားမရှိတဲ့အဖွဲ့ အစည်းတွဟာတူညီတဲ့သဘောထားမဟုတ်ရင်တောင်မှမတူညီတဲ့သဘောထားတွေပေါ်မှာသဘောတူညီနိုင်ဖို့ကြိုစားရမှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။နိုဝင်ဘာလ(၅)ရက်နေ့တွင်ရန်ကုန်မြိုရှိအမျိုးသားဒီမိုကရေစီအဖွဲချုပ်ရုံးခန်းတွင်ပြုလုပ်သောသတင်း မီဒီယာသမားများနှင့်တွေဆုံပွဲ၌ယင်းသို့ပြောကြားခြင်းဖြစ်သည်။

အမျိူးသားဒီမိုကရေစီအဖွဲချုပ်အနေဖြင့်အမျိုးသားရင်ကြားစေ့ရေးကိုအခြေခံမူအဖြစ်ထားရှိခဲ့ပြီးလက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ် စဉ်များတွင်ပါဝင်မှုအားနည်းခဲ့ရကြောင်းထိုသို့အားနည်းရခြင်းသည်၎င်းတို့၏ရွေးချယ်မကြောင့်မဟုတ်ခဲ့ကြောင်းရှင်းလင်းပြောကြား ခဲ့သည်ထို့အပြင်လက်နက်ကိုင်အုပ်စုတစ်ခုနှင့်တစ်ခုကြားယုံကြည်မှုတည်ဆောက်ရမည်ဖြစ်ပြီးထိုသိုယုံကြည်မှုတည်ဆောက်နိုင်ခြင်း သည်အမျိုးသားရင်ကြားစေ့ရေးဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

“အမျိူးသားရင်ကြားစေ့ရေးကိုစဉ်းစားတယ်ဆိုရင်အင်မတန်မှကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရမှာပါ၊ကျဉ်းကျဉ်းလေးစဉ်းစားလို့မရပါဘူး၊ ကျွန်မတို့နိုင်ငံတစ်ခုကိုတည်ငြိမ်စေချင်တယ်၊တိုးတက်စေချင်တယ်ဆိုလို့ရှိရင်တော့အဓိကဦးစားပေးရမယ့်ကိစ္စဟာကျွန်မတို့ရဲ့အချင်း ချင်းပြေလည်ရေးပါပဲ”ဟုဒေါ်အောင်ဆန်းစုကြည်ကဆက်ပြောသည်။

တဖက်တွင်လည်းသမ္မတဦးသိန်းစိန်အနေဖြင့်လက်နက်ကိုင်အင်အားစုများအားလုံးပါဝင်သောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်စာချုပ်ချုပ်ကာလက်မှတ်ရေးထိုးနိုင်ရန်ကြိုးပမ်းဆောင်ရွက်နေကြောင်းနိုဝင်ဘာလ(၅)ရက်နေ့မှာပင်ရေဒီယို မှတစ်ဆင့်မိန့်ခွန်းပြောကြားခဲ့သည်။

“အခုလက်ရှိလုပ်ဆောင်နေတဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များဟာမိမိတို့နိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအတွက်မရှိမဖြစ်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်”ဟုသမ္မတကပြောကြားခဲ့သည်။

ထိုစာချုပ်ချုပ်ဆိုနိုင်ပါကနှစ်ဖက်တပ်များအနေဖြင့်လိုက်နာရမည့်ကျင့်ဝတ်များသတ်မှတ်နိုင်မည်ဖြစ်ပြီးတိုက်ခိုက်မှုများနှင့်ထိပ်တိုက် ရင်ဆိုင်ရမှုများအားလျှော့ချနိုင်မည်ဖြစ်ကာနိုင်ငံရေးဆွေနွေးပွဲများစတင်လာနိုင်ရန်ခိုင်မာသည့်အခြေခံဖြစ်လာနိုင်သည်ဟုသုံးသပ် ပြောကြားထားသည်။“အဓိကအကျိုးကျေးဇူးကတော့ပဋိပက္ခဖြစ်ပွားနေတဲ့နေရာဒေသတွေကပြည်သူများရဲ့အသက်အိုးအိမ်စည်းစိမ် နဲ့လူမှုဘဝတွေကိုထိခိုက်ပျက်စီးစေတဲ့ကိစ္စရပ်များစွာကိုလျှော့ချနိုင်မှာဖြစ်ပါတယ်”သမ္မတဦးသိန်းစိန်ကပြောသည်။

ဦးသိန်းစိန်ကနိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ဖို့သဘောတူချက်များကိုအဆိုပါနိုင်ငံရေးဆွေနွေးပွဲကဆောင်ရွက်နိုင်မည်ဟုယူဆ ထားသော်လည်းအတိုက်အခံပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကမူထိုနိုင်ငံရေးဆွေနွေးပွဲကိစ္စအားဖြစ်မလာသေး၍မည်သည့် အကြောင်းအရာမှမပြောနိုင်သေးဟုဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ(၃၁)ရက်တွင်နေပြည်တော်သမ္မတအိမ်တော်၌သမ္မတ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်
စုလွှတ်တော်နာယက၊ကာ​ကွယ်ရေးဦးစီးချုပ်နှင့်နိုင်ငံရေးပါတီများ၏ကိုယ်စားပြုခေါင်းဆောင်များပါဝင်သော(၁၄)ဦးထိပ်သီးတွေ့ဆုံဆွေး နွေးပွဲကို(၂)နာရီကြာပြုလုပ်ခဲ့ကြပြီးမီဒီယာများမှတဆင့်၎င်းတို့၏သဘောထားများထုတ်ဖေါ်ပြောဆိုလာသည်ကိုတွေ့ရှိရသည်။