မြန်မာငြိမ်းချမ်းရေးသဘောတူညီမှုများမှလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ထွက်ခွာချင်

...

မြန်မာငြိမ်းချမ်းရေးသဘောတူညီမှုများမှလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ထွက်ခွာချင်

Radio Free Asia, 05 May 2015

URL: http://www.rfa.org/english/news/myanmar/three-armed-ethnic-groups-want-to-pull-out-of-peace-deal-05052015154937.html
အစိုးရစစ်ကြောင်းများမှစစ်ရေးစစ်ရာများအမှတ်မထင်ဆက်လက်တိုက်ခိုက်နေခဲ့ခြင်းကြောင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့
မှမြန်မာနိုင်ငံ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီမှုမှထွက်ခွာချင်ကြောင်းအအင်္ဂါနေ့တွင်ထုတ်ဖော်သတိ
ပေးခဲ့သည်။နိုင်ငံတွင်ဆယ်စုနှစ်များကြာဖြစ်ပွားနေသောပြည်တွင်းစစ်ကိုပြီးဆုံးနိုင်သောအပြီးသတ်ပြုလုပ်ထားသည့်အထိအခိုက်မခံ
ပျက်လွယ်သောငြိမ်းချမ်းရေးသဘောတူညီမှုသည်ရှုပ်ထွေးမှုများရှိနေသည်။

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ကိုးကန့်တပ်ဖွဲ့၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(TNLA)
နှင့်ရက္ခိုင်တပ်မတော်(AA)တို့သည်မတ်လနှောင်းပိုင်းတွင်အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်ငြိမ်း
ချမ်းရေးသဘောတူညီမှုမူကြမ်းကိုလက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့(၁၆)ဖွဲ့ပေါင်းစည်းထားသည့်
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှုင်းအသင်း(NCCT)မှနှုတ်ထွက်ခွင့်ပြုရန်တင်ပြခဲ့သည်။ညှိနှိုင်းဆွေးနွေးနေသည့်ပါတီနှစ်
ဖွဲ့စလုံးမှစာချုပ်မှုကြမ်းတွင်သဘောမတူသည့်တချို့နေရာများကျန်ရှိနေသော်လည်းအကြောင်းအရာအများစုကိုသဘောတူညီခဲ့သည်။

အစိုးရစစ်ကြောင်းများနှင့်ရှမ်းပြည်နယ်ကိုးကန့်ဒေသရှိ(MNDAA)မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်ရှိAAနှင့်ရှမ်းပြည်နယ်မြောက်
ပိုင်းရှိ(TNLA)တို့အကြားဖြစ်ပွားသည့်တိုက်ပွဲများကြောင့်မကြာသေးမီရက်သတ္တပတ်များ၌ရှေ့သို့ချီတက်လုပ်ဆောင်နေသောတစ်​နိုင်ငံလုံး
ဆိုင်ရာအပစ်အခတ်ရပ်စဲရေးအပြီးသတ်သဘောတူညီမှုစာချုပ်နှင့်ပက်သက်သည့်တိုးတက်မှုများသည်အဟန့်အတားဖြစ်ခဲ့ရသည်။

အဖွဲ့(၃)ဖွဲ့အားလုံးသည်(NCCT)အဖွဲ့အသင်းဝင်များဖြစ်ကြသော်လည်းအစိုးရမှ(MNDAA)နှင့်(AA)ကိုအသိအမှတ်မပြုသကဲ့သို့(TNLA)
သည်အစိုးရနှင့်နှစ်ဦးနှစ်ဖက်ပါဝင်သည့်အပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်မထိုးခဲ့ပေ။မေလ(၁)ရက်နေ့တွင်ကျင်းပမည့်ညီလာခံ မစတင်မီအစိုးရမှညီလာခံတက်ရောက်မည့်တိုင်းရင်းသားအဖွဲ့များအပေါ်အဖွဲ့သုံးဖွဲ့အားဖယ်ထုတ်ပစ်ရန်ဖိအားပေးခဲ့သည်။

(AA)၏ဒုတိယစစ်ဦးစီးချုပ်ဒုဗိုလ်မှူးကြီးညိုထွန်းအောင်မှညီလာခံရှိအဖွဲ့များသည်အထူးအစည်းအဝေးအတွင်းအကြောင်းအရာကိစ္စနှင့်
ပတ်​သက်၍ဆုံးဖြတ်ချက်ချလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း(NCA)လက်မှတ်ရေးထိုးသောအခါအခမ်းအနားသို့မတက်ရောက်ခဲ့ကြောင်းနှင့်
အစိုးရမှအပြီးသတ်(NCA)လက်မှတ်ရေးထိုးသူများအကြားတွင်၎င်းတို့ကိုမထည့်သွင်းချင်ခဲ့ကြောင်းညိုထွန်းအောင်မှလည်းပြောကြားခဲ့
သည်။

“အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဟာစစ်တပ်နေရာချထားတဲ့ကိစ္စတွေလိုမျိုးအရေးကြီးတဲ့ကြောင်းအရာကိစ္စအတော်များ
များကိုဆွေးနွေးဖို့လိုပါသေးတယ်”ဟု၎င်းမှပြောခဲ့သည်၊“ဒီဆွေးနွေးမှုတွေကနေပြီးစစ်တပ်နဲ့အစိုးရကဘယ်လောက်ထိသဘောတူမယ်၊
ဘယ်လောက်ထိလက်ခံမယ်ဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။(AA)ကတကယ်ကိုငြိမ်းချမ်းရေးလိုချင်ပါတယ်။”

သမ္မတဦးသိန်းစိန်မှ၎င်း၏အစိုးရသည်(NCA)ကိုအပြီးသတ်အတည်ပြုရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းအချက်ပြခဲ့သော်လည်းတိုင်း
ရင်းသားညီလာခံ၏ရလဒ်ကိုစောင့်မျှော်နေသည်”ဟုအွန်လိုင်းဂျာနယ်ဧရာဝတီမှအစီအရင်ခံတင်ပြခဲ့သည်။