မြန်မာတိုင်းရင်းသားလက်နက်ကိုင်များအပစ်အခတ်ရပ်စဲရေးတွင်အားလုံးပါဝင်မှစစ်မက်ဖြစ်ပွားမှု ပြီးဆုံးမည်

...

မြန်မာတိုင်းရင်းသားလက်နက်ကိုင်များအပစ်အခတ်ရပ်စဲရေးတွင်အားလုံးပါဝင်မှစစ်မက်ဖြစ်ပွားမှု ပြီးဆုံးမည်

Radio Free Asia, 07 May 2015

URL: http://www.rfa.org/english/news/myanmar/summit-05072015171353.html
မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှနောက်ဆုံးအပြီးသတ်တစ်​နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)၌တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့များအားလုံးကိုထည့်သွင်းရန်အစိုးရထံတောင်းဆိုခဲ့ပြီးငြိမ်းချမ်းရေးသဘောတူညီမှုဆက်လက်လုပ်ဆောင်ချင်
ပါကတိုင်းရင်းသားအဖွဲ့(၃)ဖွဲ့နှင့်စစ်မက်ဖြစ်ပွားနေခြင်းကိုရပ်တန့်ပေးရန်တောင်းဆိုခဲ့သည်ဟုသတင်းအရင်းအမြစ်များမှကြာသာပ
တေးနေ့တွင်ဖော်ပြခဲ့သည်။

NCAမူကြမ်းကိုဆွေးနွေးရန်အတွက်ရှမ်းပြည်နယ်မြောက်ပိုင်း၊ပန်ဆန်းဒေသရှိ“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဌာနချုပ်တွင်
ကျင်းပသောခြောက်ရက်ကြာညီလာခံအဆုံးတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၂)ဖွဲ့မှကိုယ်စားလှယ်များသည်အပြီးသတ်စာချုပ်
တွင်လက်မှတ်မရေးထိုးမီအစိုးရညှိနှိုင်းဆွေးနွေးသူများထံ၎င်းတို့တောင်းဆိုသည့်အချက်(၁၂)ချက်ပါအဓိကအချက်များကိုထုတ်ပြန်
ကြေငြာခဲ့သည်။

ကြေငြာချက်တွင်မြန်မာစစ်တပ်အားရှမ်း​ပြည်နယ်၊ကိုးကန့်ဒေသရှိမြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရှမ်း
ပြည်နယ်မြောက်ပိုင်းရှိတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်ရခိုင်ပြည်နယ်ရှိရက္ခိုင်တပ်မတော်(AA)စသည်တို့
နှင့်ဖြစ်ပွားနေသည့်တိုက်ပွဲများကိုအဆုံးသတ်ရန်တိုက်တွန်းခဲ့ပြီးNCAအပြီးသတ်စာချုပ်ချုပ်ဆိုရာတွင်အဖွဲ့(၃)ဖွဲ့အားထည့်သွင်းရန်အ
စိုးရအားတောင်းဆိုခဲ့သည်။

NCAလုပ်ငန်းဆောင်ရွက်မှုများအပေါ်ကမ္ဘာ့ကုလသမဂ္ဂနှင့်တရုတ်နိုင်ငံတို့မှကြားဝင်ဆောင်ရွက်ပေးရန်လည်းမေတ္တာရပ်ခံခဲ့သည်၊တိုင်း
ရင်းသားနယ်မြေဒေ​​​သများတွင်အစိုးရစစ်တပ်မှလူ့အခွင့်အရေးချိုးဖောက်မှုများကိုအဆုံးသတ်ပေးရန်တောင်းဆိုခဲ့ခြင်း၊မြန်မာနိုင်ငံ၏စစ်
တပ်ကျောထောက်နောက်ခံရေးဆွဲထားသည်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ပြည်ဆင်ပေးရန်အတွက်ဖိအားပေးခဲ့ခြင်း
နှင့်“ဝ”ပြည်နယ်အားဖက်ဒရယ်ပြည်ထောင်စု၏တစ်စိတ်တစ်ဒေသအနေဖြင့်ပြုလုပ်ပေးရန်တောင်းဆိုခဲ့သည်။

ညီလာခံကျင်းပရာနေရာဖြစ်သည့်“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၏အတွင်းရေးမှူးဖြစ်သူခွန်ဦးရယ်မှကိုးကန့်တပ်အမည်ရှိ
တရုတ်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်သည့်MDNAA၊ TNLAနှင့်AAတို့မပါဝင်ပဲအပြီးသတ်NCAမဖြစ်နိုငကြောင်းRFA မြန်မာအဖွဲ့ကိုပြော
ခဲ့သည်။

“အမှန်တကယ်စစ်မှန်တဲ့တစ်​နိုင်ငံလုံးဆိုင်ရာသဘောတူစာချုပ်ကိုပြုလုပ်ဖို့အတွက်အပြီးသတ်NCAကိုလက်မှတ်ထိုးတဲ့အခါတိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့တိုင်းပါဝင်ရမယ်လို့ကျွန်တော်တို့အားလုံးသဘောတူညီထားခဲ့ပါတယ်”ဟု၎င်းကဆိုသည်။

၎င်းတို့၏တောင်းဆိုချက်များနှင့်ကိုက်ညီမှုမရှိပါက“တိုင်းရင်းသားလက်နက်ကိုင်များ၏ပြဿနာများသည်ဘယ်တော့မှဖြေရှင်း၍ရ
လိမ့်မည်မဟုတ်”ဟု၎င်းမှသတိပေးခဲ့သော်ငြားလည်းတကယ်၍​အစိုးရကငြင်းဆန်ပါကတိုင်းရင်းသားအဖွဲ့တွေကငြိမ်းချမ်းတဲ့နည်းနဲ့
ဆက်လက်ညှိနှိုင်းဆောင်ရွက်မှာပါဟုခွန်ဦးရယ်ကပြောခဲ့သည်။

“တကယ်လို့ကျွန်တော်တို့နိုင်ငံမှာငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင်ဒီအကြောင်းကိုကျွန်တော်တို့အားလုံးလေးလေးနက်နက်စဉ်းစားဖို့
လိုပါတယ်”ဟု၎င်းမှပြောခဲ့သည်။

“တိုင်းရင်းသားအဖွဲ့တွေကိုလျစ်လျူရှုနေရင်တော့သူတို့ကအစိုးရကိုဆက်လက်တိုက်နေမှာပဲ။ဒါကြောင့်အပြီးသတ်NCAကိုလက်မှတ်
ရေးထိုးတဲ့အခါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကိုထည့်သွင်းဖို့ကျွန်တော်တို့အားလုံးကအစိုးရကိုတိုက်တွန်းနေပါတယ်။”