ပြစ်ဒဏ်ချမှုများနှင့်မြေသိမ်းမှုများကိုတွန်းလှန်ရန်အတွက်ကယားလယ်သမားများပေါင်းစည်းဆန္ဒပြ

...

ပြစ်ဒဏ်ချမှုများနှင့်မြေသိမ်းမှုများကိုတွန်းလှန်ရန်အတွက်ကယားလယ်သမားများပေါင်းစည်းဆန္ဒပြ

Myanmar Times, 07 May 2015

URL: http://www.mmtimes.com/index.php/national-news/14324-kayah-farmers-unite-to-fight-convictions-land-confiscations.html
တောင်သူလယ်သမားများသည်မေလ(၄)ရက်နေ့မွန်းလွဲပိုင်းလောက်တွင်တရားရုံးအပြင်ဘက်၌စုရုံးခဲ့ကြသည်။တောင်သူ(၆)ဦအားကျူး
ကျော်နေထိုင်မှုအတွက်အပြစ်ရှိသည်ဟုဆိုကာထောင်ဒဏ်(၂၅)ရက်(သို့မဟုတ်)ဒဏ်ငွေ(၅၀၀)ရာကျပ်ဆောင်ရန်အမိန့်ချမှတ်ခဲ့သဖြင့်
ဆန္ဒပြသူများသည်မြို့တော်ရှိလမ်းများတလျှောက်တွင်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကိုကရင်နီပြည်လူငယ်များသဂ္ဂနှင့်လောလောလတ်လတ်ဖွဲ့စည်းပြီးခါစကယားပြည်တောင်သူလယ်သမားများသမဂ္ဂတို့မှဦး
ဆောင်ခဲ့ပြီးဆန္ဒပြသူများမှ“တို့အရေး”ဟုအော်ခဲ့ကြပြီး“ငါတို့လယ်မြေကိုကာကွယ်”ဟုစာများရေးထိုးထားသည့်ကောက်ရိုးအုပ်ထုပ်များ
ဆောင်းကာဆန္ဒပြခဲ့ကြသည်။လယ်သမားများအားလုံးသည်ကယားပြည်နယ်ရှိခရိုင်(၈)ခုအားလုံးမှလာခဲ့ကြသူများဖြစ်ပြီးရဲသားများမှအ
နီးကပ်စောင့်ကြည့်ခဲ့ကြသည်။

မွန်းလွဲပိုင်းတွင်ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့သည့်ဆန္ဒပြစဉ်အတွင်းနောက်ထပ်အချက်များပါစွဲကိုပြခဲ့ကြသည်၊ထိုသို့ဆန္ဒပြခြင်းသည်ကယား
ပြည်နယ်ရှိတခြားမြေယာသိမ်းယူခြင်းများကိုပါအာရုံစိုက်လာနိုင်ရန်ကြိုးပမ်းခဲ့သည်။လယ်ယာမြေများကိုအနည်းဆုံးဘိလပ်မြေစက်ရုံ
(၂)ရုံအတွက်၊ဟိုက်ဒရိုစွမ်းရည်ရေကာတာ(၂)နှင့်မိုင်းတွင်းတချို့အတွက်သိမ်းယူခဲ့ကြခြင်းဖြစ်သည်ဟုဆန္ဒပြသူများ၍ကပြောခဲ့သည်။

“ကျွန်တော်တို့ဒီနေ့ဒီနေရာမှာရောက်ရှိလာရတဲ့အကြောင်းအရင်းကတော့လယ်သမားတွေရဲ့အခွင့်အရေးကိုလေးစားစေချင်လို့ပါပဲ။အခု
ထက်ထိလူတွေဟာစစ်သားတွေကိုကြောက်လန့်နေကြတုန်းပါပဲ”ဟုဆန္ဒပြသူတစ်ဦးကပြောခဲ့သည်။

ဆန္ဒပြခြင်းသည်အစိုးရထံမှတရားဝင်ခွင့်ပြုချက်ဖြင့်ပြခြင်းဖြစ်သည်၊UKSYဗဟိုကော်မတီအဖွဲ့ဝင်ဦးကျော်ထင်အောင်မှလွိုင်ကော်တွင်
ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းပြောခဲ့ည်။

“ဒီလိုဆန္ဒပြဖို့အတွက်အာဏာပိုင်တွေနဲ့စေ့စပ်ညှိနှိုင်းမှုတွေအများအပြားလုပ်ခဲ့ရပါတယ်”ဟုပြည်တွင်း၌တက်ကြွစွာလှုပ်ရှားသူတစ်ဦး
ဖြစ်သည့်ကိုဒီးဒီးမှမေလ(၄)ရက်နေ့အတွက်ခွင့်ပြုချက်ရခဲ့ပုံကိုပြောပြခဲ့သည်။

ဇန်နဝါရီလ၌တောင်သူလယ်သမားသမဂ္ဂတည်ထောင်ရာတွင်ပိုမိုစည်းလုံးညီညွတ်မှုများရရှိခဲ့ပြီးကယားပြည်နယ်တွင်မြေယာသိမ်းဆန့်
ကျင်ရေးလှုပ်ရှားမှုများအတွက်အစီအစဉ်များချမှတ်ခဲ့သည်။

မေလ(၄)ရက်နေ့ဆန္ဒပြပွဲတွင်တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ခဲ့ကြသည့်လယ်သမားတစ်ရာခန့်သည်ဖော်ဖော်ဝါရီလ(၄)ရက်နေ့တွင်ဗဟို
ကော်မတီရွေးကောက်ပွဲတွင်သမဂ္ဂအတွက်လက်မှတ်ရေးထိုးသဘောတူခဲ့ကြသည်။

“တောင်သူလယ်သမားအများအပြားဟာသူတို့ရဲ့လယ်တွေကိုဆုံးရှုံးခဲ့ပါတယ်၊ဘာကြောင့်လဲဆိုတော့သူတို့ဟာခြိမ်းခြောက်ခဲ့ရတယ်၊ပြီး
တော့သူတို့မှဘာရွေးချယ်မှုမရှိခဲ့ပါဘူး”ဟုသမဂ္ဂအသင်းဝင်ဦးသန်းထွန်းကပြောခဲ့သည်။

သို့သော်လည်းပြည်တွင်းတက်ကြွစွာလှုပ်ရှားသူများသည်အတူတကွပြန်လည်ထွက်ခွာခဲ့ကြသည်၊လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်
အချိန်ကာလကတချို့သိမ်းယူထားသည်များအပါအဝင်သိမ်းယူထားသည်များအတွက်တာဝန်ခံအာဏာပိုင်များနှင့်ကျင်းပရန်အစီအစဉ်
ရှိသည်။