ရက်သတ္တပတ်အခမဲ့မွေးစာရင်းမှတ်ပုံတင်ကိုယူနီဆက်ဖ်အကူအညီဖြင့်မြန်မာအစိုးရစတင် အကောင်အထည်ဖော်

...

ရက်သတ္တပတ်အခမဲ့မွေးစာရင်းမှတ်ပုံတင်ကိုယူနီဆက်ဖ်အကူအညီဖြင့်မြန်မာအစိုးရစတင် အကောင်အထည်ဖော်

Mizzima News, 04 May 2015

URL: http://www.mizzima.com/development-news/unicef-and-myanmar-government-launch-birth-registration-week
ဧရာဝတီတိုင်းဒေသကြီး၊ကရင်နှင့်ကယားပြည်နယ်တို့တွင်မွေးစာရင်းပြုစုခြင်းရက်သတ္တပတ်စတင်အကောင်အထည်ဖော်ရာတွင်
UNICEFကမြန်မာအစိုးရကိုထောက်ပံ့ကူညီနေသည်။

(UNICEF)မှသတင်းထုတ်ပြန်ချက်အရဖော်ပြပါဒေသသုံးခုတွင်နေထိုင်သည့်မွေးစာရင်းမဝင်သေးသည့်အသက်(၅)နှစ်အောက်
ကလေးမှန်သမျှကိုမြန်မာနိုင်ငံ၏မည်သည့်နေရာတွင်မွေးဖွားခဲ့ပြီးမည်သည့်တိုင်းရင်းသား၊မည်သည့်ဘာသာရေးလူမှုရေးနောက်ခံ
ရှိသည်ဖြစ်စေမွေးဖွားမှုအထောက်အထားမွေးစာရင်းများအခမဲ့ထုတ်ပေးမည်ဖြစ်သည်။ခန့်မှန်းခြေအားဖြင့်ကလေးသူငယ်ပေါင်း
(၁၀၀,၀၀၀)ခန့်မှာ၎င်းတို့၏မွေးဖွားမှုကိုပထမဆုံးအကြိမ်မှတ်ပုံတင်ခံရဖွယ်ရှိနေသည်။

နိုင်ငံတော်မွေးစာရင်းမှတ်ပုံတင်အစီအစဉ်မှာUNICEF၏နည်းပညာပိုင်းကူညီထောက်ပံ့မှုနှင့်အတူလူဝင်မှုကြီးကြပ်ရေးနှင့်လူဦး
ရေဝန်ကြီးဌာန၊အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနများပူး
ပေါင်းလုပ်ဆောင်သည့်အလုပ်တစ်ခုပင်ဖြစ်သည်။

သတင်းထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာမကြာသေးမီနှစ်များအတွင်းမွေးစာရင်းမှတ်ပုံတင်မှုနှုန်းများတွင်သိသိသာသာတိုးတက်
လာခဲ့သည်။၂၀၁၄ခုနှစ်တွင်န်မာင်ငံ၌မွေးစာရင်းက်အထားရရှိသည့်ကလေးသူငယ်အရေအတွက်သိသိသာသာတိုးမြှင့်လာခဲ့ရာ
တွင်ပြည်နယ်(၃)ခု၌ယခင်ခေတ်အချိန်များထက်စာလျှင်အမြင့်ဆုံးသို့ရောက်ရှိလာခဲ့ရာလွှမ်းခြုံအကျုံးဝင်မွေးစာရင်းပြုစုနိုင်မှုနှုန်း
မှာမွန်ပြည်နယ်တွင်(၂၀)ရာခိုင်နှုန်း၊မကွေးတွင်(၄၁)ရာခိုင်နှုန်းနှင့်လွှမ်းခြုံအကျုံးဝင်မှုအနိမ့်ဆုံးဖြစ်သည့်ချင်းပြည်နယ်တွင်(၃၀၀)
ရာခိုင်နှုန်းအထိတိုးမြှင့်လာခဲ့သည်။

သို့ရာတွင်(၅)နှစ်အောက်ကလေးသူငယ်(၁.၆သန်းခန့်)တနည်းအားဖြင့်(၁၀)ယောက်တွင်(၃)ယောက်နှုန်းမှာမှတ်ပုံမတင်ရသေးပဲ
ရှိနေသည်။
“ကလေးသူငယ်ထုတစ်ရပ်လုံးရဲ့အခွင့်အရေးတွေကိုဖြည့်ဆည်းပေးဖို့ဆိုရင်မွေးစာရင်းမှတ်ပုံတင်ပြုစုတာကအရေးကြီးတဲ့ပထမ
ခြေလှမ်းတစ်ရပ်ပါ။”

“ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုအတွက်မှန်လည်းမှန်ကန်၊အရေးလည်းကြီးတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ကလေးသူငယ်တွေ
ကိုလုပ်သားအဖြစ်အဓမ္မခိုင်းစေခြင်း၊လက်နက်ကိုင်တပ်ဖွဲ့တွေထဲကိုကလေးစစ်သားအဖြစ်အတင်းအကြပ်သွတ်သွင်းခြင်းနှင့်လူ
ကုန်ကူးခြင်းမှာကာကွယ်ပြီးတရားရေးစနစ်ရဲ့မှန်မှန်ကန်ကန်ဆုံးဖြစ်ခံစားခွင့်ရရန်အတွက်လည်းလေးသူငယ်တစ်ယောက်ရဲ့အ
သက်အရွယ်ကိုမှန်မှန်ကန်ကန်သိဖို့လိုအပ်ပါတယ်”ဟု(UNICEF) ၏လက်ထောက်မြန်မာပြည်ကိုယ်စားလှယ်ရှာလီနီဘာဟူဂူနာ
ကပြောကြားသည်။

ဤလှုပ်ရှားမှုကိုမေလ(၄)ရက်နေ့တွင်စတင်မည်ဖြစ်ပြီးမြို့နယ်ပေါင်း(၄၀)လွှမ်းခြုံအကျုံးဝင်ကာမေလ(၈)ရက်နေ့အထိလုပ်ဆောင်
သွားမည်ဖြစ်သည်။