ဝါရင့်တိုင်းရင်းသားကိုယ်စားလှယ်များရန်ကုန်ဆွေးနွေးပွဲအတွက်ပြင်ဆင်

Democratic Voice of Burma, 17 Jun 2015
URL: https://www.dvb.no/news/ethnic-senior-delegates-prepare-for-rangoon-talks-burma-myanmar/52675
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ညှိနှိုင်းဆွေးနွေးရေးအသင်းမှကိုယ်စားလှယ်များသည်ရန်ကုန်တွင်လာမည့်အပတ်၌အစိုးရဘက်
မှအဆင့်တူပုဂ္ဂိုလ်များနှင့်အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်အတွက်စည်းဝေးကြမည်ဖြစ်သည်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာအဆင့်မြင့်တိုင်းရင်းသားညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့-ဤအဖွဲ့ကိုတနိုင်ငံလုံးဆိုင်ရာအပစ်အ
ခတ်ရပ်စဲရေးညှိနှိုင်းအသင်း(NCCT)တိုင်းရင်းသားအဖွဲ့မှယခုလတွင်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်၊၎င်းအဖွဲ့ဝင်(၁၅)ဦးထဲမှတချို့ကိုအစိုးရ
၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်တွေ့ဆုံရန်စေလွှတ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး(NCA)စာချုပ်မူကြမ်းပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍နောင်တွင်ပြုလုပ်မည့်ဆွေးနွေးမှုများအတွက်
၎င်းတို့မှသတ်မှတ်ချက်ဘောင်များကိုတင်ပြရန်ရည်ရွယ်သည်။
NCCTနှင့်UPWCတို့အတွင်းနောက်ဆုံးညှိနှိုင်းနွေးနွေးမှုများပြုလုပ်ပြီးနောက်မတ်လ(၃၁)ရက်နေ့တွင်ကနဦးမူကြမ်းဖြစ်ပေါ်လာခဲ့သည်။
ကရင်ပြည်နယ်လော်ခီးလာတွင်မကြာသေးမီကပြုလုပ်ခဲ့သောအစည်းအဝေးတွင်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှမူကြမ်း
ရှိအချက်(၁၅)ချက်ပြင်ဆင်ဖြည့်စွက်ရန်ဆုံးဖြတ်ခဲ့ကြသည်။
နှစ်ဖက်စလုံးအတွင်းဆွေးနွေးမှုများကိုအကျိုးဆောင်ပေးသည့်အဖွဲ့အစည်းဖြစ်သည့်မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)မှဦးလှမောင်ရွှေ
ကကျွန်တော်တို့ရဲ့နည်းပညာဆိုင်ရာအဖွဲ့ကလော်ခီးလာညီလာခံကရလဒ်တွေအကြောင်းကိုUPWCကိုအသေးစိတ်ရှင်းလင်းတင်ပြပြီးပါ
ပြီ။ကော်မတီအဖွဲ့ဝင်တွေကပြန်လည်ဖြေကြားဖို့အတွက်စဉ်းစားတွေးတောနေကြတယ်လို့ကျွန်တော်တို့နားလည်သဘောပေါက်ပါတယ်။”
ဟုDVBသို့ပြောကြားခဲ့သည်။
အစိုးရမှပြင်ဆင်ချက်များအပေါ်ညှိနှိုင်းဆွေးနွေးရန်ဆန္ဒရှိမရှိနှင့်စပ်လျဉ်း၍“ပြည်ထောင်စုအစိုးရကဦးစွာလက်နက်ကိုင်အဖွဲ့တွေနဲ့ညှိနှိုင်း
ဆွေးနွေးမှုတွေပြုလုပ်ဖို့အဆိုပြုခဲ့ပါတယ်၊ဘာကြောင့်လဲဆိုတော့သူတို့ကကျွန်တော်တို့တိုင်းပြည်ကိုငြိမ်းချမ်းစေချင်လို့ပါပဲ”ဟုပြောခဲ့သည်။
“သူတို့ဆွေးနွေးပွဲတွေမှာသဘောတူညီမှုတွေအများအပြားပြုလုပ်ခဲ့ပါတယ်၊ဒါကြောင့်ငြိမ်းချမ်းရေးအတွက်ထားရှိတဲ့သူတို့ဆန္ဒကိုပယ်ဖျက်
ဖို့အလားအလာမရှိပါဘူး၊ဒါပေမယ့်ဘယ်လိုလုပ်ထုံးလုပ်နည်းတွေကိုသူတို့စီစဉ်မယ်ဆိုတာသိဖို့အရမ်းစောနေပါသေးတယ်”ဟုသူကပြော
ခဲ့သည်။