မြန်မာ့အပစ်ရပ်ဆွေးနွေးပွဲသစ်များထိုင်းနိုင်ငံတွင်ကျင်းပရန်အလားအလာရှိ

...

မြန်မာ့အပစ်ရပ်ဆွေးနွေးပွဲသစ်များထိုင်းနိုင်ငံတွင်ကျင်းပရန်အလားအလာရှိ

Asia and Pacific Edition, 24 Jun 2015

URL: http://news.xinhuanet.com/english/2015-06/24/c_134351289.htm
မြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင်တရားဝင်
လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍နောက်ထပ်ဆွေးနွေးမှုများပြုလုပ်ရန်အတွက်နောက်လအစောပိုင်းတွင်ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့
၌အလွတ်သဘောတွေ့ဆုံဆွေးနွေးရန်အလားအလာရှိသည်ဟုတရားဝင်သတင်းအရင်းအမြစ်များမှပြောကြားခဲ့သည်။

သမ္မတရုံးမှဝန်ကြီးဦးအောင်မင်းဦးဆောင်သောအစိုးရကိုယ်စားလှယ်အဖွဲ့သည်ယခုလအစောပိုင်းတွင်လော်ခီးလာ၌နောက်ဆုံးအ
ကြိမ်ပြုလုပ်ခဲ့သည့်တိုင်းရင်းသားညီလာခံ၌အသစ်ဖွဲ့စည်းလိုက်သည့်အဆင့်မြင့်အထူးညှိနှိုင်းရေးအဖွဲ့၏အဖွဲ့ဝင်(၁၅)ဦးနှင့်အတူ
ဆွေးနွေးမည်ဖြစ်သည်။

လော်ခီးလာညီလာခံမှအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခြင်း၌တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးထည့်သွင်းပေးရန်
တောင်းဆိုခြင်းများအပါအဝင်နောက်ထပ်ပြင်ဆင်ဖြည့်စွက်ချက်များရသည်အထိNCAကိုလက်မှတ်မထိုးရန်ဆုံးဖြတ်ခဲ့ကြသည်။

အစိုးနှင့်ငြိမ်းချမ်းရေးညှိနှိုင်းမှုများစတင်ပြုလုပ်ခဲ့သောတနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအသင်း(NCCT)မှကြိုတင်ပြင်ဆင်
ခဲ့သည့်နိုင်ငံရေးအချီချဆွေးနွေးမှုများအတွက်အဆိုပြုခဲ့သည့်မူကြမ်းနှင့်ပက်သက်၍ညီလာခံ၌အကြံဉာဏ်များရယူနိုင်ခဲ့သည်။စာ
ချုပ်တွင်တရားဝင်လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍အစိုးရနှင့်နောက်ထပ်ဆက်ဆံမှုများပြုလုပ်ရန်အတွက်အသစ်ခန့်အပ်ဖွဲ့
စည်းလိုက်သည့်အဖွဲ့နှင့်အတူပူးပေါင်းဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြသည်။

အဖွဲ့ဝင်(၁၅)ဦးပါအဆင့်မြင့်အထူးညှိနှိုင်းရေးအသင်းကိုကရင်အမျိုးသားအစည်းအရုံး(KNU)မှဒုတိယဥက္ကဌဖြစ်သူနော်စီဖိုးရာစိန်
ခေါင်းဆောင်ပြီးကချင်လွတ်မြောက်ရေးအစည်းအရုံး(KIO)နှင့်ချင်းအမျိုးသားရှေ့ဦးအဖွဲ့(CNF)တို့မှအဖွဲ့ဝင်များပါဝင်ကြသည်။

တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်NCAအပေါ်တစ်နှစ်ထက်မနည်းဆွေးနွေးမှုများပြုလုပ်ပြီးနောက်အစိုးရ၏ပြည်
ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ(UPWC)နှင့်တိုင်းရင်းသားအဖွဲ့များ၏တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး
ညှိနှိုင်းအသင်း(NCCT)တို့အတွင်းNCAမူကြမ်းကိုမတ်လကုန်ပိုင်းတွင်အကြိုပဏာမလက်မှတ်ရေးထိုးခဲ့သည်။

၎င်းအပိုင်းနှင့်ပက်သက်၍အစိုးရသည်တစ်ချိန်ကလော်ခီးလာတိုင်းရင်းသားညီလာခံတွင်အတည်ပြုခဲ့သည့်NCAမူကြမ်းအပါ်တ
ရားဝင်အပြီးသတ်လက်မှတ်ရေးထိုးရန်အဆင်သင့်ဖြစ်နေကြောင်းပြသခဲ့ကြသည်။

သို့သော်လည်းတိုင်းရင်းသားအပိုင်း၌မူNCAမူကြမ်းကိုလက်ခံခြင်းမရှိပဲညီလာခံပြီးဆုံးခဲ့သည်။