အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးပွဲဇူလိုင်လ(၂၂)ရက်နေ့တွင်ပြန်လည်စတင်မည်

...

အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆွေးနွေးပွဲဇူလိုင်လ(၂၂)ရက်နေ့တွင်ပြန်လည်စတင်မည်

Mizzima News, 17 Jul 2015

URL: http://reliefweb.int/report/myanmar/ceasefire-negotiations-resume-22-july
ပြည်ထောင်စုအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုကိုယ်စားပြုသည့်ညှိနှိုင်းဆွေးနွေးသူများသည်တနိုင်ငံလုံးဆိုင်ရာအပစ်အ
ခတ်ရပ်စဲရေးစာချုပ်(NCA)ကိုတရားဝင်ထိထိရောက်ရောက်လက်မှတ်ရေးထိုးနိုင်ရန်အတွက်ရည်ရွယ်ကာဇူလိုင်လ(၂၂)ရက်နေ့၌ရန်ကုန်
တွင်တွေ့ဆုံမည်ဖြစ်ကြောင်းကိုဇူလိုင်လ(၁၇)ရက်နေ့၊ကြာသာပတေးနေ့ထုတ်မြန်မာ့အလင်းသတင်းစာပါမြန်မာ့ငြိမ်းချမ်းရေးစင်တာရှိဝါ
ရင့်အကြံပေးဖြစ်သူ၏ပြောကြားချက်အရဖြစ်သည်။

ထိုင်းနိုင်ငံ၊ချင်းမိုင်၌နော်စီဖိုးရာစိန်ဦးဆောင်သည့်တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့နှင့်ယခင်ရက်ကဆွေးနွေးပွဲကျင်းပခဲ့သူဦးလှမောင်ရွှေ
ကရန်ကုန်၌တွေ့ဆုံရန်စီစဉ်ထားသောဆွေးနွေးပွဲတွင်အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့များ၏အဆင့်မြင့်ညှိနှိုင်းဆွေးနွေးသူများပါဝင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရရှိလာသောသတင်းအရင်းအမြစ်များအရလာမည့်ရက်သတ္တပတ်၌ပြုလုပ်မည့်အစည်းအဝေးကိုနှစ်ရက်တာကျင်းပပြုလုပ်မည်ဖြစ်ပြီးNCA
မူကြမ်းအပြီးသတ်ရေးအပေါ်ဦးတည်ထားဆွေးနွေးသွားမည်ဖြစ်ကာညှိနှိုင်းဆွေးနွေးမှုများ၌လက်ရှိတရားဝင်စေ့စပ်ညှိနှိုင်းမှုမပြုလုပ်ခဲ့သူ
များအပါအဝင်လက်မှတ်ရေးထိုးခြင်းလုပ်ငန်းစဉ်များတွင်တိုင်းရင်းသားများဘက်မှတောင်းဆိုထားသည့်လက်နက်ကိုင်အဖွဲ့များအားလုံးပါ
ဝင်ရမည်ဟူသောတောင်းဆိုချက်ကိုဆွေးနွေးဖြေရှင်းပေးမည်ဖြစ်သည်။ထိုဆွေးနွေးပွဲတွင်မည်သူကNCAလက်မှတ်ရေးထိုးသင့်သူ၊မည်သူ
ကနိုင်ငံတာကာအသိသက်သေလုပ်သင့်သည်ဆိုသည်ကိုလည်းဆွေးနွေးသွားမည်ဖြစ်သည်။