မြန်မာလက်နက်ကိုင်အဖွဲ့(၅)ဖွဲ့မှအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးရန်ဆန္ဒရှိ

...

မြန်မာလက်နက်ကိုင်အဖွဲ့(၅)ဖွဲ့မှအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးရန်ဆန္ဒရှိ

Dalie.com, 18 Aug 2015

URL: http://dalje.com/en-world/five-myanmar-rebel-groups-willing-to-sign-ceasefire/552986
မြန်မာနိုင်ငံရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၅)ဖွဲ့နှင့်ကျောင်းသားတပ်ဖွဲ့တို့မှ၎င်းတို့သည်လေးနှစ်ကြာညှိနှိုင်းဆွေးနွေးမှုများပြု
လုပ်ပြီးနောက်တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးရန်အတွက်ပြင်ဆင်ခဲ့ကြောင်းအင်္ဂါနေ့တွင်ပြော
ခဲ့သည်။
ပြီးခဲ့သည့်အပတ်တွင်သမ္မတမှတိုင်းရင်းသားအဖွဲ့(၁၅)ဖွဲ့ထံနိုင်ငံရေးအချီချဆွေးနွေးမှုများရှေ့ဆက်လုပ်ဆောင်ရန်အတွက်ပထမ
ခြေလှမ်းဖြစ်သည့်အပစ်ရပ်စာချုပ်တွင်လက်မှတ်ရေးထိုးရန်တိုက်တွန်းထားသည့်စာကိုပေးပို့ခဲ့ပြီးနောက်၎င်းတို့သည်စာကိုပြန်ကြား
ရာခဲ့သည့်ဦးဆုံးအဖွဲ့များဖြစ်ကြသည်။

အစိုးရနှင့်လက်နက်ကိုင်ကိုယ်စားလှယ်များသည်အပစ်ရပ်စာချုပ်ကိုအပြီးသတ်နိုင်ရန်အတွက်သြဂုတ်လ(၂၅)ရက်နေ့တွင်တွေ့ဆုံ
ရန်စီစဉ်ခဲ့သည်ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။

ဆွေးနွေးမှု၌သဘောတူစာချုပ်တွင်ထည့်သွင်းမည့်တိုင်းရင်းသားအရေအတွက်နှင့်ပက်သက်၍မကြေမလည်ဖြစ်ခဲ့သည်။

(၁၅)ဖွဲ့ရှိသောအစိုးရစာရင်းတွင်ရှမ်းပြည်နယ်အရှေ့ပိုင်း၌စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားနေဆဲအဖွဲ့(၆)ဖွဲ့ကိုဖယ်ထားသည်။လက်နက်
ကိုင်များကဆွေးနွေးမှုများတွင်(၁၇)ဖွဲ့ထည့်သွင်းရန်ပြောကာ၎င်းတို့ထဲမှအနည်းဆုံးနှစ်ဖွဲ့လောက်ထည့်သွင်းရမည်ဟုတောင်းဆို
ခဲ့သည်။

ကြာသာပတေးနေ့တွင်ကရင်အမျိုးသားအစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်၊ကရင်အမျိုးသားလွတ်မြောက်
ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီနှင့်ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးတပ်မတော်စသည်တို့မှလက်မှတ်ရေးထိုးထားသည့်
ပူးတွဲကြေငြာစာတစ်စောင်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှအပစ်အခတ်ရပ်စဲရေးစာချုပ်တွင်လက်မှတ်ရေးထိုးရန်အတွက်၎င်း
တို့၏ကိုယ်ပိုင်ကြေငြာချက်ကိုထုတ်ပြန်ခဲ့သည်။